Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!
Tuesday, February 7, 2012
Monday, February 6, 2012
Barcamp Mandalay 2012 မှပုံရိပ်များ (၁)
အခုတလော ကျွန်တော်လည်း အလုပ်တွေတော်တော်ရှုပ်နေလို့ Post အသစ်မတင်မိဘူးဗျာ. Barcamp Mandalay ကလည်း နီးနေပြီဆိုတော့ တော်တော်လေးကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးနေလို့ပါ.အစက Barcamp အတွင်းက ပုံရိပ်တွေကို Up to date တင်ပေးမလို့ပါ.ဒါပေမယ့် အလုပ်ကလည်းများ လိုင်းကလည်း အဆင်မပြေလို့ မတင်ပေးနိုင်ခဲ့တာ တောင်းပန်ပါတယ်ဗျာ.
Barcamp Mandalay 2012 ပထမနေ့မှ ပုံရိပ်တစ်ချို့ ဖြစ်ပါတယ်ဗျာ............
အားလုံးကိုခင်မင်လေးစားလျက်....
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)
Thursday, February 2, 2012
TV ဖြင့် ကြည့်ရှုနိုင်မည့် Computer သင်ခန်းစာ DVD ခွေ ထွက်ရှိ
မြန်မာဘာသာဖြင့် သင်ကြားသော ကွန်ပျူတာ သင်ခန်းစာများကို TV တွင် လေ့လာကြည့်ရှုနိုင်မည့် OK Computer Training DVD ခွေကို စတင် ဝယ်ယူလေ့လာနိုင်ပြီဖြစ်ကြောင်း သိရသည်။ ကွန်ပျူတာ ပညာရပ်များကို လေ့လာလိုသူတိုင်း အိမ်တွင် ကွန်ပျူတာ မရှိသော်လည်း TV ဖြင့် ကြည့်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ စီစဉ် ထုတ်လုပ်လိုက်ခြင်း ဖြစ်ပြီး သင်ခန်းစာများကို TV တွင် ဖွင့်ထားပြီး Computer တွင် တစ်ဆင့်ချင်း လိုက်လုပ်၍ သင်ယူလိုသူများ အတွက်လည်း အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ အဆိုပါ DVD အခွေတွင် ကွန်ပျူတာအခြေခံ Window အသုံးပြုခြင်း၊ Window တင်ခြင်း၊ Software သွင်းခြင်း၊ Video ခွေများ၊ MP3/MP4 များ ပြုလုပ်ထည့်သွင်းခြင်း၊ Internet & E-mail အသုံးပြုခြင်းများ အပါအဝင် Video သင်ခန်းစာပေါင်း ၇၀ ကျော် ပါဝင်မည်ဟု သိရသည်။
DVD ကာဗာဒီဇိုင်းကို ကွန်ပျူတာဖြင့် ကြည့်ရှုရန်အတွက် ခရမ်းရောင်၊ TV ဖြင့် ကြည့်ရှုရန်အတွက် နီညိုရောင်ဖြင့် အရောင်ခွဲခြားထားပါသည်။ OK Computer Training DVD ခွေနှင့် “မြန်မာလို လေ့လာ ကွန်ပျူတာ သင်ခန်းစာ” စာအုပ် ၂ မျိုးပေါင်းကို ၂၀၀၀ ကျော်ဖြင့် ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများရှိ စီဒီဆိုင်များ၊ စာအုပ်ဆိုင်များ၊ Super Market များတွင် ရရှိနိုင်ပြီး ထပ်မံ၍ အသေးစိတ် သိရှိလိုသည့် အချက်များရှိပါက ဖုန်း-၀၉-၇၃၀၆၃၄၂၅ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။
၂၀၁၂-ခု၊ ဖေဖော်ဝါရီလအတွက် ကံကြမ္မာဟောစာတမ်း
တနင်္ဂနွေသားသမီးများအတွက်
ဒီလအတွင်းမှာ လုပ်ငန်းသစ်စခြင်း၊ နေရာပြောင်းခြင်း၊ အခြေအနေပြောင်းတဲ့ ကိစ္စများ
အကျိုးပေး အောင်မြင်နိုင်ပါတယ်။ ပြည်တွင်းပြည်ပခရီးတွေ အောင်မြင်မယ်။
ထွက်နေတဲ့ ပစ္စည်းတွေ ငွေတွေ ပြန်ဝင်လာလိမ့်မယ်။ကွဲကွာနေသူများနဲ့
ပြန်လည်ဆုံစည်းရတတ်တယ်။ အသီး၊ အနှံ ၊ သစ်၊ သွပ်၊ သံ ၊ ရေထွက်ကုန်၊ ရွှေ၊
အလှကုန်၊ လျှပ်စစ်ပစည်း၊ ခရီးသွား လုပ်ငန်းတွေ၊ အောင်မြင်နိုင်သော အချိန်
ဖြစ်ပါတယ်။ ငွေကတော့ တအားဝင်ပြီး တအားထွက်နေမယ်။ ၀မ်းဗိုက်၊ ဦးခေါင်း၊
အဆစ်အမြစ်၊ ကျန်းမာရေး ဂရုစိုက်ဖို့ လိုပါတယ်။ အိမ်ထောင်ရှင်များ၊
ချစ်သူရည်းစားများ ဆုံးဖြတ်ရခက်တဲ့ အခက်အခဲလေးတွေ ကြုံလာရ တတ်ပါတယ်။
ဘာမဆိုအထစ်အငေါ့လေးတွေ ကြုံပေမယ့် အောင်မြင်နိုင်သောကိန်း ဖြစ်ပါတယ်။
ထီးဝါသနာပါသူများ ရှေ့ဆုံးမှာ (၄၆) ပူးနေတဲ့ ဂဏန်းကို ထိုးသင့်ပါတယ်။
ယတြာ.....
ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် အိမ်ဘုရားစင်မှာ ရှောက်သီး သုပ် (၄)ပန်းကန် လှူဒါန်းလိုက်ပါလေ။
မိမိကိုယ်တိုင်လည်း စားရင်း ဆုတောင်းပါ။
တနင်္လာသားသမီးများအတွက်
ဒီလအတွင်းမှာ ငွေကံ တအားကောင်းနေမယ်။ နာမည်ဂုဏ်သတင်းတက်စရာတွေလည်း ကြုံမယ်။
နိုင်ငံခြားခရီး၊ လူမျိုးခြားနဲ့ ပတ်သက်တဲ့ အလုပ်တွေ
အကျိုးပေးအောင်မြင်မယ်။ ၂၇- အတွဲလိုက်ပူးပြီးတော့ စတဲ့ထီလက်မှတ်တွေ
ထိုးသင့်ပါတယ်။ အထည်၊ ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်၊ ကား၊ ကွန်ပြူတာ၊
ကျောက်၊ ကင်မရာလုပ်ငန်းများ၊ တိုးချဲ့သင့်တဲ့ အချိန်ဖြစ်ပါတယ်။
မိသားစုထဲမှာ အလှူပွဲ မေင်္ဂလာပွဲတွေ ကြုံရတတ်ပါတယ်။အဲဒိနေ့မှာ
ထီဖိထိုးသင့်ပါတယ်။ စပ်တူ စာချုပ်ကိစ္စတွေမှာတော့ မရေမရာ ဖြစ်တတ် ပါတယ်။
မြေကိစ္စ၊ အမွေကိစ္စ၊ ဖုန်းကိစ္စများကိုတော့
ခေတ္တဆိုင်းငံ့ထားသင့်တဲ့အချိန်ပါပဲ။ ဘာမဆို နှစ်မျိုးနှစ်ခု
ကြုံနိုင်ပါတယ်။ အာရုံကြော၊၀မ်းဗိုက်၊ ဆီး၊ မျက်စိရောဂါများ ဂရုစိုက်ရမယ့်
ကာလဖြစ်ပါတယ်။
ယတြာ....
ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတွေပိုကောင်းလာစေဖို့အတွက် ဂုဏ်တော်ကိုးပါး ပုတီး ၂၇-ပတ်
၂-ရက်ဆက်ပြီး အဓိဋ္ဌာန်နဲ့ စိပ်လိုက်ပါလေ။
အင်္ဂါသားသမီးများအတွက်
ဒီလအတွင်းမှာ တအားပင်ပန်းမယ်။ စိတ်မောလူမောတွေ ဖြစ်ရမယ်။ အလုပ်ပိပြီး ကျန်းမာရေး
ညံ့သွားတတ်ပါတယ်။ စိတ်တိုင်းမကျစရာတွေ များနေမယ်။ တတ်နိုင်သမျှ
စိတ်ရှည်ရှည် ခေါင်းအေးအေးနဲ့ အလုပ်တွေကိုသက်တောင့်သက်သာလေး
လုပ်သွားသင့်တဲ့ အချိန်ဖြစ်ပါတယ်။ အလုပ်ထွက်ချင် ပြောင်းချင်တဲ့ ဆန္ဒ
ခေတ္တလေး စောင့်သင့်ပါတယ်။နေရာကိစ္စ အိမ်ကိစ္စများတိုးလို့တန်းလန်း ဖြစ်နေ
တတ်ပါတယ်။ မိတ်ကောင်းဆရာကောင်းတွေရဲ့ အကူအညီကောင်းတွေ ပေါ်လာမယ်။
နိုင်ငံခြားနဲ့ ပတ်သက်လို့ အဆက်အသွယ် အခွင့်အရေးကောင်း ပေါ်လာတတ်တယ်။ မြေ ၊
အမွေ ၊ ဖုန်း၊ အထည် ၊ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊လျှပ်စစ်လုပ်ငန်းတွေမှာတော့
အထူးအောင်မြင် အကျိုးပေးနိုင်တဲ့ အချိန်ဖြစ်ပါတယ်။ ခြေထောက်၊ ခါး၊ အစာအိမ်၊
ကျန်းမာရေး သတိပြုသင့်ပါတယ်။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ
အတွက်တော့အဆင်မပြေမှု့တွေ များနေပါ့မယ်။ ထီဝါသနာပါရင် ၅၇-အတွဲလိုက် စတဲ့
ထီလက်မှတ်ကို ရှာထိုးပါလေ။
ယတြာ......
ညံ့တာတွေပြေပျောက် ကောင်းတာတွေ ပိုကောင်းလာဖို့အတွက် ဗုဒ္ဓေါဂုဏ်တော် ပုတီး (၅)ပတ်၊ (၅)ရက်စိပ်ပြီး အဓိဋ္ဌာန် ၀င်လိုက်ပါလေ။
ဗုဒ္ဓဟူးသားသမီးများအတွက်
ဒီလအတွင်းမှာ ကံအညံ့လေးတွေ များနေပါတယ်။ အဖက်ဖက်က အနှောင့်အယှက် အယှက်ရှိမယ်။
ခရီးသွားခြင်းဟာ အကောင်းဆုံးယတြာပါပဲ။ နေရာသစ်၊ အိမ်သစ်၊ လုပ်ငန်းသစ်၊
အစီအစဉ်းများ အထူးပဲ ကောင်းပါတယ်။ရပ်ဝေးပြည်ပကိစ္စတွေ အတွက်လည်း
ဦးစားပေးပြီး စီစဉ်သင့်ပါတယ်။ ကွဲကွာနေသူများ ပြန်ဆုံခြင်း ၊ ရပ်ဝေးက
အကူအညီ ကောင်းရခြင်းများ ကြုံမယ်။ ငွေကတော့ တအားဝင်သလို
တအားထွက်နေလိမ့်မယ်။မထင်မှတ်တဲ့ ဘာသာရေး၊ ပညာရေး၊ အခွင့်အလမ်းကောင်းတွေ
ပေါ်လာတတ်ပါတယ်။ အသီးအနှံ၊ ရေထွက်ကုန်၊ သစ်၊ သံ ၊ သွတ်၊ အလုပ်များ
တိုးချဲ့သင့်တဲ့ အချိန်ဖြစ် ပါတယ်။ မီး၊ လျှပ်စစ်၊ သူခိုး၊
သတိထားသင့်တဲ့အချိန်ဖြစ်ပါတယ်။ ရာထူး နေရာကိစ္စတွေမှာလည်း အနှောင့်အယှက်တွေ
ကြားက အောင်မြင်သွားတတ်ပါတယ်။ စပ်တူအလုပ်များ သတိထားပါ။ အရေးကြီး
စာရွက်စာတမ်းများ သတိထားပါ။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်စားများ၊
၇ပ်ဝေးခွဲရကိန်း ရှိနေပါတယ်။ ထီဝါသနာပါရင် (၁၄)အတွဲလိုက် စတဲ့နံပတ်ရှာပြီး
ထိုးပါ။
ယတြာ....
ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် အရဟံသိဒ္ဓိ ပုတီး ၆-ပတ် ၆-ရက် အဓိဋ္ဌာန်ဝင်လိုက်ပါ။
ကြာသပတေးသားသမီးများအတွက်...
ဒီလအတွင်းမှာ အဆင်မပြေလွဲချော်မှု့တွေ များနေမယ်။ ဟိုဟာလုပ်ရတော့မ လိုလို ၊
ဒီဟာလုပ်ရတော့ မလိုလိုနဲ့ အချိန်ကုန် နေတတ်ပါတယ်။ သူများပြဿနာတွေမှာလည်း
ကြားညှပ်တတ်ပါတယ်။ ဘာမဆို စိတ်ရှည်သင့်တဲ့ အချိန်ပါပဲ။ လုပ်ငန်းသစ်စတာ
တဖြေးဖြေးတိုးချဲ့တာ၊ စပ်တူရှယ်ရာအလုပ်၊ စာချုပ်လုပ်ငန်းတွေ ကောင်းပါတယ်။
ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက္ကူ။ စာအုပ်၊ အင်္ဂါနံတွေ အလုပ်ဖြစ်မယ်။ မထင်မှတ်ဘဲ
အိမ်အလုပ်၊ နေရာ၊ရာထူး၊ ဆိုင်ခန်း၊ အခွင့်အရေးတွေ ကြုံတတ်ပါတယ်။
နိုင်ငံခြားနှင့် ပတ်သက်နေတဲ့ အခွင့်အရေးကောင်း အဆက်အသွယ် ကောင်းတွေလည်း
ရတတ်ပါတယ်။ မိတ်ရင်း ဆရာရင်းတို့ကြောင့် စိတ်ရှုပ်ရတတ်ပါတယ်။
ငွေကံကတော့အတော်လေး နိမ့်နေပါတယ်။ ငွေများများ ရှိရင်လည်း ဆေးဖိုးဝါးခ
ဖြစ်သွားတတ်ပါတယ်။ အိမ်ထောင်ရှင်များ၊ အဆင်မပြေမှု့တွေ ပြေလည်သွားလိမ့် မယ်။
ချစ်သူရည်းစားများကတော့ ဆုံးဖြတ်ရခက်တဲ့ အကျပ်အတည်းမျိုး ကြုံလာတတ်ပါတယ်။
(၃၁) အတွဲလိုက် စတဲ့ ထီလက်မှတ်ကို ရှာပြီး ထိုးသင့်ပါတယ်။
ယတြာ...
ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် စာအုပ် ၃-အုပ်၊ လက်ဆောင် ပေးရင်း လိုရာ ဆုတောင်းပါလေ။
သောကြာသားသမီးများအတွက်
ဒီလအတွင်းမှာ ထွက်နေ၊ ဆုံးရှုံးနေတဲ့ ငွေတွေ၊ ပစ္စည်းတွေ အခွင့်အရေးတွေ ပြန်ရတတ်ပါတယ်။
လုပ်ငန်းဟောင်း နေရာဟောင်း၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့လည်း ပြန်လည်
ဆုံဆည်းရတတ်ပါတယ်။ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်တတ်တာကိုလည်း
သတိပြုဖို့ လိုပါတယ်။ ငွေ တအားရွှင်မယ်။ ရတနာပစ္စည်းတွေ အလှကုန်
ပစ္စည်းတွေတအားရွှင်မယ်။ ကား၊ ကျောက် ၊ ကွန်ပြူတာ၊ ကင်မရာ၊ ရွှေ၊ အလှကုန်
လုပ်ငန်းတွေ အကျိုးပေးအောင်မြင်မယ်။ သူတစ်ပါး မနာလိုဖြစ်လောက်အောင်
စီးပွားတက်အောင်မြင်မယ့် ကိန်းမျိုးဖြစ်ပါတယ်။ တမင် ရန်စ
နှောက်ယှက်တာမျိုးတွေ ခံရတတ်ပါတယ်။ လူရင်း လူယုံဒုက္ခပေးတတ်ပါတယ်။
ဘယ်ကိစ္စမဆို အနှောင့်အယှက်လေးတွေ ကြုံပြီးမှ အောင်မြင် တတ်ပါတယ်။
ချစ်သူရည်စားများအတွက် ကံကြမ္မာ အထူးပွင့်လင်းနေပြီး
အိမ်ထောင်ရှင်များအတွက်တော့ မတင်မကျကိစ္စလေးတွေရှိနေပါလိမ့်မယ်။
ထီဝါသနာရှင်များ အနေနှင့်ကတော့ ၂၄-၄၂-အတွဲလိုက်စတဲ့ ထီနံပါတ်ကို ဖိဖိစီးစီး
ထိုးသင့်ပါတယ်။
ယတြာ......
ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် ကလေးများကို လဘက်ရည်နဲ့ ကိတ်မုန့် ဒါနလုပ်ပြီး
လိုရာဆုကိုတောင်းပါလေ။
စနေသားသမီးများအတွက်
ဒီလအတွင်းမှ အဖက်ဖက်က အခြေအနေကောင်းတွေ ကြုံလာမယ်။ စီးပွားရေးလုပ်ငန်းတွေ
အထူးတိုးချဲ့သင့်တဲ့ အချိန်ကာလ သမယပါပဲ။ မိတ်ကောင်း ဆရာကောင်းတွေ တွေ့မယ်။
စပါတူရှယ်ရာအလုပ်၊ပြည်တွင်းပြည်ပခရီး၊ ပညာရေးကိစ္စတွေ အထူးကောင်းပါတယ်။
ဆန်ဆီဆေးဆား၊ စက်မှု့၊ စာအုပ်၊ မြေ ၊ အမွေ၊ ဖုန်း ကိစ္စများမှာ အောင်မြင်မယ်။
အလှူအတန်း မင်္ဂလာကိစ္စများနဲ့လည်း ကြုံကြိုက်ရတတ်ပါတယ်။ ဘာသာရေး လုပ်သလောက်၊
ကံပွင့်လန်းနေမယ့်ရက်မျိုး ဖြစ်ပါတယ်။ ဆွေမျိုးသားချင်း တွေနဲ့တော့ ပြဿနာ
ကြီးကြီးမားမား ဖြစ်ရတတ်ပါတယ်။ လူရင်းတို့ရဲ့ မကောင်းသတင်းတချို့လည်း
ကြားရတတ်ပါတယ်။ အထည် ၊ထီး၊ ဖိနပ်၊ ရွှေ၊ အောက်လက်ငယ်သားတို့ အတွက်တော့
စိပ်ရှုပ်ခေါင်းစားရတတ်ပါတယ်။ ချစ်သူရည်စားများ၊ ဆုံးဖြတ်ရခက်တဲ့ အခြေအနေ
ကြုံလာမယ်။ အိမ်ထောင်ရှင်ဆိုရင် အညံ့များနေတတ်ပါတယ်။ ထီထိုးမယ်ဆိုရင်
(၃၅)ပူးနေတဲ့ ထီလက်မှတ်ဟာ လာဘ်လာဘတွေ ခေါ်ဆောင်လာပါလိမ့်မယ်။ ဒူး၊ နား၊
ရင်ဘတ်၊ သတိထားပါ။
ယတြာ....
ညံ့တာတွေပြေပျောက်၊ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် အိမ်ဘုရားစင်မှာ စမူစာရှစ်ခု ဆွမ်းတော်ကပ်လှူပါ။
မိမိကိုယ်တိုင်လည်း စားရင်း ဆုတောင်းပါ။
ဤဟောစာတမ်းကို ဆရာဟိန်းတင့်ဇော်မှ ဟောပြောပေးထားခြင်းဖြစ်ပါသည်။
အားလုံးကိုခင်မင်လေးစားလျက်.....

Saturday, January 28, 2012
အချစ်စစ်အချစ်မှန်ရှာဖွေနေသောသူများအတွက်
တစ်နေ့သ၌ မဟာချိုင် နေ၀စ်ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းကလေးရှိရာသို့ အသက်အားဖြင့် (၂၄)နှစ် ခန့်ရှိသော ရုပ်ရည်ချောမောလှပသော အင်ကြင်းမေဟုအမည်ရသော မိန်းကလေးတစ်ဦး ရောက်ရှိလာပြီးလျှင် ကျွန်ုပ်အား အောက်ပါအတိုင်း ပြောပြ၍ အကူအညီတောင်းလေ၏။
ဆရာရေ ကျွန်မကတော့ စကားပြောရင် ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တယ်။ အခုလည်း ကျွန်မဆရာကို ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်ဟု ပြောလေ၏။
ထိုအခါကျွန်ုပ်ကလည်း ပွင့်ပွင့်လင်းလင်းပြောတာ ကောင်းပါတယ်။ အားမနာပါနဲ့ ပြောပါဟု ပြန်ပြော လိုက်လေ၏။
ဒီလိုပါဆရာ။ ကျွန်မတို့ အလုပ်ရုံမှာ ကိုဟိန်းဇော်ဆိုတဲ့ လူတစ်ယောက်ရှိပါတယ်။သူက ရုပ်လည်း ဖြောင့်တယ်။
စကားပြောလည်း အရမ်းကောင်းတယ်။ ခပ်လှမ်းလှမ်းက မသိမသာ ကြည့်လိုက်မယ်ဆိုရင် ရုပ်ရှင်မင်းသား လူမင်းလိုလို တောင် ထင်ရတယ်။ ဆံပင်ကလည်း အရှည်နဲ့။ ခေတ်စကားနဲ့ ပြောရရင်တော့ ဒီဘဲကြီး အရမ်းမိုက်တယ်ဆရာ။
အဲ… သူ့ကိုမြင်ရင် မကြိုက်တဲ့မိန်းကလေးဆိုတာ မရှိသ လောက်ပါပဲ။ တွေ့တဲ့မိန်းကလေးတိုင်းကကြွေတော့တာပဲ ဆရာ။ အဲဒီအထဲမှာတော့ ကျွန်မက အဆိုးဆုံးပါပဲ။ အရူးအမူးပဲ။
ဒါပေမယ့်ဆရာရယ်။ အဲဒီကိုဟိန်းဇော်ကတော့ ရိုးရိုးသား သားပါပဲ။သူကတော့ ဒီနေ့အထိ ဘယ်မိန်းကလေးကိုမှ စိတ်ဝင် စားတဲ့ပုံ မပြပါဘူး။ မိန်းကလေးတွေကတော့ ထုံးစံအတိုင်း ပေါ့ဆရာရယ်။
အထာပေးကြတာပေါ့ဆရာရယ်။ လစ်ပိုဝယ်တိုက်ရတာနဲ့။ ဒီခေါင်းလျှော်ရေးလေး ကောင်းတယ်ဆိုပြီး ၀ယ်လာပေးရတာနဲ့။ နေ့တိုင်း ဖုံးဆက်ရတာနဲ့။ အစုံပါပဲ။
ဒါပေမယ့် အဲဒီကိုဟိန်းဇော်ကြီး ကြည့်ရတာ အထာပေးလို့ ပေးမှန်းလည်း မသိဘူးထင်ပါတယ်ဆရာရယ်။ ရိုးတာလား အတာလား ဘယ်လို ပြောရမှန်းတောင်မသိတော့ပါဘူး။
အဲဒီအထဲမှာတော့ ကျွန်မက အဆိုးဆုံးပဲ။ ကျွန်မကတော့ သူ့ကိုတကယ်ချစ်တာနော်။ သူများတွေလို အပေါ်ယံမဟုတ်ဘူး။
အရမ်းချစ်တာ။ အချိန်ပြည့် သူ့အကြောင်းပဲ ခေါင်းထဲမှာ ရှိနေတယ်။ သူ့အကြောင်းလေးတွေ စဉ်းစားနေရရင် အရာရာ ပြည့်စုံနေသလိုပဲ။ လုံငန်မှာ သူ့ကိုမြင်ရရင် အမောပြေတယ်။ မတွေ့ရတဲ့ရက်တွေမှာဆိုရင် တစ်ရက်ကို တကမ္ဘာလောက်ကြာ တယ်တောင်ထင်ရတယ်ဟု ပြောလေ၏။
လိုရင်းကိုပြောမယ်ဆရာ။ အခုကျွန်မစိတ်အရမ်း ပူနေတယ်။ ဒီပြင့်မိန်းကလေးတစ်ယောက်ယောက်က သူ့ရဲ့ အချစ်ကိုဦးသွား မှာအကြောက်ဆုံးပဲ။
အခု ကျွန်မလိုအပ်နေတာက သူက ကျွန်မကို မေတ္တာရှိပြီး ချစ်ရေးဆိုလာအောင် လုပ်ပေးပါဆရာရယ်ဟု ပြောလေတော့၏။
ထို့ကြောင့် ကျွန်ုပ်သည်လည်း အသင့်စီစဉ်ထားသော ဆေး ဖယောင်းများကိုကြိုချက်၍ အောက်ပါအင်းစမတော်ကြီးဖြင့် အင်း ဖယောင်းတိုင်များ စီရင်၍ပေးလိုက်လေတော့၏။
နောင်တွင် သိရသည်မှာ ကိုဟိန်းဇော်ဆိုသောသူသည် အင်ကြင်းမေဆိုသောမိန်းကလေးအား ခိုးပြေးသွားသည်ဟူသတည်း။
ထို့ကြောင့်မည်သူမဆိုအင်ကြင်းမေကဲ့သို့သော အခက်အခဲများ ကြုံတွေ့နေရပါက အောက်တွင်ဖော်ပြ ထားသော အင်းစမ တော်ကြီးကို မိတ္တူကူးယူ၍ မီးထွန်းဆုတောင်းနိုင်ပါကြောင်း။ထိုစမတော်ကြီးကို အချစ်စစ်အချစ်မှန် ရရှိစေရန်အတွက် မိတ္တူကူးယူ၍ ဆောင်ထားခြင်း၊ အင်းဖယောင်းတိုင်စီရင်၍ မီးထွန်းဆုတောင်းခြင်းများ ဆောင်ရွက်နိုင်ပါကြောင်း။
အိပ်မက်လှလှမက်ပါစေ
မူရင်း-အဘမင်းသိင်္ခ)ကျုပ် ခင်ဗျားကို ယတြာလေး တစ်ခု ရေးပြမယ်။ အဲဒီ ယတြာဟာ အိပ်မက်မက်စေတဲ့ ယတြာပဲ။ အဲဒါလေးကို အပျိုမလေးရဲ့ ခေါင်းအုန်း အောက်မှာ ထည့်ပြီး အိပ်ဖို့ ပြောပေးပါ။ ကိုယ် မက်စေချင်တဲ့ အိပ်မက်ကို အိပ်ခါနီးမှာ အာရုံညွတ်ထားပါ။
မကြာပါဘူး။ သူ-မက်စေချင်တဲ့ အိပ်မက်ဟာ မြန်မာပြည်က ငတိလေးမှာ လာပြီး မက်မှာပါ။ အဲဒါမျိုးတွေ ကျုပ် စမ်းဖူးတာ များပါပြီ။ ဒီယတြာကို စက္ကူမှာပဲ ရေးရေး ၊ ရွှေပြားမှာပဲရေးရေး ရေးပြီး အသုံးပြုနိုင်ပါတယ်။ အကောင်းဆုံး ကတော့ ရွှေရောင် စက္ကူမှာ ရေးတာ အကောင်းဆုံးပဲ။ ပြီးရင် ဒီယတြာလေးကို တစ်ပတ်ကို အနည်းဆုံး သုံးကြိမ်လောက် နွားနို့နဲ့ လက္ချမီး ဒေ၀ီကို ပူဇော်ရတယ်။ နို့နဲ့ မပူဇော်ရင် ထောပတ်နဲ့ ပူဇော်ရတယ်။ ပိုပြီး အစွမ်းထက်တာပေါ့ဗျာ။
မိမိအပေါ် စိတ်ကုန်နေသောချစ်သူ- ပြန်လာစေဖို့
မိမိအခန်းထဲမှာ ညဘက်ပြုလုပ်ပါ။
လင်ဗန်းတစ်ချပ်ထဲမှာ သဲထည့်ပါ။
အဲဒီသဲထဲကို ရေထည့်ပြီး ညီညာအောင် ညှိပါ။
၎င်း သဲပေါ်တွင် မိမိ၏ ချစ်သူအမည်ကိုရေးပါ။
ချစ်သူ၏အမည်ပေါ်တွင်နှင်းဆီပန်းတစ်ပွင့်တင်လိုက်ပါ။
၎င်းနှင်းဆီပန်းပေါ်တွင်
ရေခဲတုံးတထွာလောက်တစ်တုံးတင်ပြီး
ကျွန်မရဲ့မေတ္တာရေအေးအေးလေးတွေကြောင့်
မောင် .. အေးချမ်းပါစေလို့ ဆုတောင်ပေးပါ။
ရေခဲတုန်းအရည်ပျော်အောင်စောင့်ပါ။
ပြီးရင် နှင်းဆီပန်းကို မိမိ၏ခေါင်းအုန်းအောက်တွင်
(၃)-၇က်ဆက်တိုက်ထားအိပ်ပါ။
သဲတွေကိုတော့ စွန့်ပစ်လိုက်ပါ။
အဲဒီလိုဆောင်ရွက်လိုက်မယ်ဆိုရင်
သင့်ကိုမေ့လျော့-အချစ်ပေါ့နေတဲ့
သင်၏ချစ်သူဟာ
သင့်ဆီကို အမြန်ဆက်သွယ်လာပါလိမ့်မည်။
အားလုံးအဆင်ပြေနိုင်ကြပါစေ...............

ထီပေါက်ကံ၊ချဲပေါက်ကံကောင်းစေသောနည်းစနစ်
တစ်နေ့သ၌ မဟာချိုင် နေ၀စ်ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်း၌ တစ်ယောက်ထဲ ထိုင်၍ အကြောင်းအရာ တစ်ခုကို လေးလေးနက်နက် စဉ်းစားနေမိလေသည်။ ထိုအကြောင်း အရာမှာ ကျွန်ုပ်၏ ဗေဒင် ဟောခန်အတွင်းသို့ အကြောင်းအမျိုးမျိုးနှင့် ရောက်လာကြသော သူများသည် များသောအားဖြင့် ဘယ်အရာကို အများဆုံး အလိုရှိကြသနည်း။ ဘာတွေကို အကူအညီ လိုအပ်၍ အဝေးတစ်နေရာမှ အပင်ပန်းခံ၍ ရောက်လာကြသနည်း။ ငါကကော သူတို့ လိုအပ်သော အကူအညီများကို အပြည့်အ၀ ပေးနိုင်မည်လော စသည်ဖြင့် ရောက်တတ်ရာရာ တွေးတောနေမိလေ၏။
ကျွန်ုပ်၏ ဗေဒင်ဟောသော အတွေ့အကြုံများ အရဆိုလျှင် လူဆယ်ဦးလျှင် ကိုးဦးလောက်က ကျွန်တော် ဒီနှစ် ထီပေါက်ကိန်း ရှိသလားဆရာ။ ကျွန်မ ဒီနှစ် ချဲလေးဘာလေး မပေါက်နိုင်ဘူးလား ဆရာ အစရှိ သည်ဖြင့် မေးတတ်ကြလေ၏။ ထိုသို့ဆိုလျှင် လူအများစုသည် ထီပေါက်ခြင်း၊ ချဲပေါက်ခြင်း စသော လာဘ်လာဘကို အလိုရှိကြလေ၏ တစ်ချို့ဆိုလျှင် ကျွန်ုပ်ကို ဘိုးတော်ထင်သည်လား မသိ။ သုံးလုံးဂ ဏန်းပင် တောင်းတတ်ကြလေ၏။
သို့သော် ကျွန်ုပ်ကား ဘိုးတော်မဟုတ်။ ဗေဒင်ဆရာသာဖြစ်၏။ အကြားအမြင်ရသောဆရာ မဟုတ်။ ကိန်းဂဏန်းအတိုင်း တွက်ချက် ၍ဟောသော သာမန်ဗေဒင်ဆရာမျှသာဖြစ်လေရာ မသိသည်ကို မသိ ပါဟူ၍သာ ပြောလိုက်လေ၏။ တစ်ချို့ ဗေဒင်ဆရာများကဲ့သို့ သိသ လိုလို၊ သို့မဟုတ် ကြားသလိုလိုလည်း တစ်ခါတစ်ရံမျှ မလုပ်ဘူးပေ။ ထို့ကြောင့် တစ်ချို့သော ဗေဒင်မေးသူများက ကျွန်ုပ်အား အားမလို အားမရဖြစ်ကြကုန်၏။
မည်သို့ပင်ဖြစ်စေ ထီပေါက်ခြင်း၊ ချဲပေါက်ခြင်း စသည်များမှာ အင်မတန် ထူးကဲ မွန်မြတ်လှသော လာဘ်လာဘ ဖြစ်လေ၏။ လူတစ်ရာလျှင် တစ်ဦးပင် မပေါက်နိုင် လောက်အောင်ပင် ခဲယဉ်းလှလေ၏။ တစ်ချို့ ကုသိုလ်ကံ အင်မတန် ကောင်းလွန်း၍ ပေါက်သောသူများမှာလည်း ကြံဖန်၍ ပေါက်တတ်ကြလေ၏။ တစ်ချို့သည် အိပ်မက်ထဲတွင် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များ လာပေး၍ ပေါက်သည်ဟုပြော၏။ မိမိနှင့် ပဋ္ဌာန်ဆက် တော်စပ်ခဲ့ဘူးသော သိုက်ကလာပေးလို့ ပေါက် တာပါဟု တစ်ချို့ကပြောလေ၏။
တစ်ချို့ကြတော့ ရိုးရိုးအိပ်မက်မက်သည်ကိုပင် အတိတ်နိမိတ် ကောက်၍ ထိုးလေရာ ပေါက်သည်ဟု ပြောလေ၏။ တစ်ချို့ကြတော့ သူများပေးလို့ ထိုးလိုက်တာ ပေးတဲ့သူက မပေါက်ဘူး။ သူကတော့ ဘယ်လောက်ဖိုး ပေါက်သွားတယ် စသည်ဖြင့် ပြောပြကြလေ၏။
တစ်ခါတစ်ရံတွင် ဤကိစ္စနှင့် ပါတ်သက်၍ လွန်စွာ ထူးဆန်းသော အဖြစ်အပျက်တစ်ခုကို ကိုယ်တွေ့ ကြုံခဲ့ရဘူး၏။ ထိုအကြောင်းကို ပြောလျှင်မည်သူမျှ ယုံကြည်မည်မဟုတ်ပေ။ သို့သော် ထိုအကြောင်း အရာသည် ဧရာဝတီတိုင်း၊ ကနောင်ဟု အမည်ရသော နယ်မြို့လေးတွင် ၂၀၀၇-ခုနှစ် လောက်တုန်းက အမှန်တကယ် ဖြစ်ပွားခဲ့သော တကယ့်ဖြစ်ရပ်မှန်ပင် ဖြစ်လေ၏။
ကနောင်မြို ကလေးတွင် ဆိုက်ကားသမား ကိုစိုးမောင်နှင့် ဇနီး အကြော်သည် မမြမြဆိုသူတို့ရှိ၏။ သူတို့တွင် မောင်မြစိုးဟု အမည်ရသော သားတစ်ယောက်နှင့် သမီးနှစ်ယောက်ရှိလေ၏။ သူတို့၏ သား ကလေး မောင်မြစိုးကလေးသည် အသက်(၉)နှစ်ရှိ၍ ယခုနှစ်နွေရာသီ ကျောင်းပိတ်ရက်တွင် သင်္ကြန်တွင်း စုပေါင်း ရှင်ပြုပွဲတွင် ထည့်၍ သာမဏေ၀တ်ပေးမည်ဟု လင်မယား နှစ်ယောက်လုံး အားခဲထားလေ၏။
တစ်ညတွင် ထူးခြား တိုက်ဆိုင်စွာဖြင့် လင်မယားနှစ်ဦးစလုံး အိပ်မက်မြင်မက်လေ၏။ အိပ်မက်ထဲတွင် အင်မတန်မှအရုပ်ဆိုးသော သရဲကြီးတစ်ကောင်သည် သူတို့ လင်မယားနှစ်ဦးအား အောက်ပါအတိုင်း စကားလာပြောလေ၏။
ဟေ့…မင်းတို့ လင်မယားနှစ်ယောက်လုံး သေသေချာချာ နားထောင်။ ငါကတော့ မင်းတို့အိမ်နောက်ဖေးက ထန်းပင်ကြီးမှာနေတဲ့ သရဲကြီးပဲ။ ဒီထန်းပင်မှာ ငါနေတာဆို နှစ်အတော်ကြာပြီ။ အခုတော့ ငါက ကျွတ်တော့မယ်။ မကျွတ်ခင် မင်းတို့လင်မယား နှစ်ယောက်ရဲ့ နွေရာသီအလှူမှာ ကုသိုလ်ပါချင်လို့။ အဲဒီတော့ မနက်ဖြန်ရောက်ရင် မင်းတို့ မြို့ကိုသွားပြီး ချဲထိုးချေ။ တစ်သောင်းဖိုး ပြည့်အောင်ထိုးခဲ့။ ဂဏန်းကတော့ ဒီဂဏန်းကို ရအောင်ထိုးဟုပြော၍ ပျောက်သွားလေ၏။
မနက်မိုးလင်းသောအခါ ကိုစိုးမောင်သည် ဇနီးဖြစ်သူမြမြအား ညက အိပ်မက်အကြောင်း ပြောပြလေ၏။ ထိုအခါ မမြမြကလည်း သူလည်း ညက ကိုစိုးမောင်၏ အိပ်မက်နှင့်တူသော အိပ်မက်ကို မက်ခဲ့ကြောင်း အံ့အားသင့်စွာ ပြောပြလေ၏။ ထိုအခါ ကိုစိုးမောင်က အိပ်မက်က ထူးဆန်းတယ် ဆိုတာတော့ ဟုတ်ပါတယ်ကွာ။ ဒါပေမယ့် ငါတို့ အခြေအနေနဲ့ ငွေတစ်သောင်းဆိုတာက ဘယ်မှာသွားရှာရမလဲ။ အဲဒီတော့ မင်းထိုးချင်ရင် တစ်ရာဖိုး နှစ်ရာဖိုးလောက် ထိုးချင်ထိုးပေါ့ဟုပြော၍ ကိုစိုးမောင်သည် ဆိုက်ကားနင်းရန် ထွက်သွားလေ၏။
ထိုညတွင် သရဲကြီးသည် အိပ်မက်ထဲသို့ ရောက်လာပြန်လေ၏။ လွန်စွာလည်း ဒေါသထွက်နေပုံရ၏။ သရဲကြီးက ကိုစိုးမောင်တို့ လင်မယားအား မင်းတို့မနက်ဖြန်မှ ချဲတစ်သောင်းဖိုးပြည့်အောင် သွားမထိုးရင် မင်းတို့တစ်အိမ်လုံး သေဖို့သာပြင်..ဟုပြော၍ ပြန်သွား လေ၏။ ကိုစိုးမောင်တို့ လင်မယားလည်း အတော်ပင် ကြောက်သွား ၏။ ထို့ကြောင့် မိုးလင်းသောအခါတွင် ကိုစိုးမောင်နင်းသော ဆိုက်ကားကို ငွေတစ်သောင်းနှင့်ပေါင်နှံ၍ အိပ်မက်ထဲမှ သရဲကြီးပေးသော တစ်ကွက်ထဲသောဂဏန်းကို မြို့သို့တက်၍ ချဲထိုးခဲ့လေ၏။
ထိုအပါတ် တွင် ကိုစိုးမောင်တို့မိသားစုသည် သရဲဂဏန်းဖြင့် ချဲတစ်သောင်းဖိုး တိတိပေါက်လေတော့၏။ အလှူလည်း ကြီးကြီးကျယ်ကျယ် လုပ်ဖြစ် သွားလေ၏။ သူတို့အား အိပ်မက်ပေးသော သရဲကြီးသည်လည်း လွတ်ကျွတ်သွားသည်ဟု အိပ်မက် လာပေးသည်ဟု သိရလေ၏။ ယခု အခါတွင် ကိုစိုးမောင်တို့ မိသားစုသည် စီးပွားရေး အတော်အသင့် အဆင်ပြေနေသော ဘ၀ဖြင့် ထိုမြို့ကလေးမှာပင် ဆက်လက်နေထိုင် လျှက်ရှိပေသည်။
ထို့ကြောင့် ကျွန်ုပ်နှင့်ပါတ်သက်သော မိတ်ဆွေများအား တစ်ခုပြောချင်သည်မှာ ကျွန်ုပ်သည် အမှန်အတိုင်း ၀န်ခံရလျှင် ထီဂဏန်း ချဲဂဏန်းလုံးဝမသိပါ။ မပေးတတ်ပါ။ အာရုံထဲတွင်လည်း မရပါဟု ၀န်ခံပါသည်။ သို့သော် ထီကံ၊ချဲကံ ကောင်းမွန် တိုးတက်စေသော နည်းတော့ရှိပါသည်။ ထိုနည်းအတိုင်း ယုံယုံကြည်ကြည်ဖြင့် နေ့စဉ် ရက်ဆက် ဆောင်ရွက်ပါက များမကြာမှီ အချိန်ကာလအတွင်း ထီပေါက် ချဲပေါက် မည်ဖြစ်ပါကြောင်း မိတ်ဆွေများ၏ အကျိုးကို အမှန် တကယ် လိုလားသော ဗေဒင်ဆရာတစ်ဦး အနေနှင့် ရေးသားဖော်ပြ လိုက်ရပေသတည်း။
အပေါ်ဘက်တွင် ဖော်ပြထားသော ဂဏန်းရှစ်ခု သဗ္ဗညု ဘုရားပုံ တော်ကို သင်၏ ဘုရားကျောင်း ဆောင်တွင် သေသေချာချာ ကျကျနန ကိုးကွယ်၍ ဆွမ်း ရေချမ်း ပန်း ဆီမီး တတ်နိုင်သလောက် ကပ်လှူ ပူဇော်ကာ အောက်ဘက်တွင် ဖော်ပြထားသော ဂဏန်ဘုရား ရှစ်ခိုးဖြင့် ပုံမှန် ဘုရားဝတ်တက်ကာ ဂဏန်းနံပါတ်များနှင့်ပါတ်သက်၍ ကံကောင်း စေကြောင်း ဆုတောင်းကြပါကုန်။
ဂဏန်းဘုရားရှိခိုး
၁။ ဧကော - လောကဓာတ်တစ်ခုမှာ တစ်ဆူတည်းသာလျှင် အတူမရှိ။ အတုမရှိ ပွင့်တော်မူကြကုန်သော မြတ်စွာဘုရားတို့အား။ နမော-ရှိခိုး ပါ၏အရှင်ဘုရား။
၂။ ဒွိကော-ရုပ်နာမ်နှစ်ပါး၊မြတ်တရားကို ပိုင်ခြားထင်ထင် သိမြင်တော် မူကြကုန်သော ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာနှင့် အရိယာသာဝကတို့ အား။ နမော-ရှိခိုးပါ၏အရှင်ဘုရား။
၃။တိကော-ဘုရားမြတ်ရတနာ တရားမြတ်ရတနာ သံဃာမြတ်ရတ နာ ရတနာမြတ်သုံးပါးတို့အား။ နမော-ရှစ်ခိုးပါ၏အရှင်ဘုရား။
၎။စတုကော-သတိပဋ္ဌာန်လေးပါး၊သမ္မပဋ္ဌာန်တရားလေးပါ။၊ ဣဒ္ဓိပါဒ် လေးပါးမြတ်တရားတို့အား။ နမော-ရှစ်ခိုးပါ၏အရှင်ဘုရား။
၅။ ပဉ္စကော-ဗိုလ်ငါးပါး၊သီလတော်မြတ်ငါးပါးတို့အား။ နမော-ရှစ်ခိုးပါ
၏အရှင်ဘုရား။
၆။ဆဋ္ဌကော-ဘုန်းတော်ခြောက်ပါး၊ညာဏ်တော်ခြောက်ပါး၊ ရောင် ခြည်တော်ခြောက်ပါးပိုင်ရှင် ဘုရားရှင်အား။ နမော-ရှစ်ခိုးပါ၏အရှင် ဘုရား။
၇။ သတ္တကော- ဗေဇ္ဈင်ခုနှစ်ပါး၊ သူတော်ကောင်းတရားခုနှစ်ပါးတို့ အား။ နမော-ရှစ်ခိုးပါ၏အရှင်ဘုရား။
၈။ အဋ္ဌကော-မဂ္ဂင်ရှစ်ပါးတရားတော်ကို။ နမော-ရှစ်ခိုးပါ၏အရှင်ဘု ရား။
၉။န၀ကော- ဂုဏ်တော်ကိုးပါးနှင့်တကွ၊အင်္ဂါကိုးတန် ပြည့်စုံမှန်သော ပိတကတ်သုံးပါးအား။ နမော-ရှစ်ခိုးပါ၏အရှင်ဘုရား။
၁၀။ ဒဿကော- မဂ်လေးပါး၊ဖိုလ်လေးပါ။ ၊နိဗ္ဗာန် ပရိယတ် ဆယ်ပါး သောတရားတော်မြတ်နှင့် ပါရမီဆယ်ပါးမြတ်တရားကို။ နမော-ရှစ်ခိုး ပါ၏အရှင်ဘုရား။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ ဇယ ဂဏနံ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဤသို့ဆိုငြား မှန်ကန်သော သစ္စာစကားကြောင့်။ မေ-အကျွန်ုပ်အား။ဇယဂဏနံ။ ဂဏန်းနံပါတ်နှင့် ပါတ်သက်သော အောင်မြင်ခြင်းမင်္ဂလာသည်။ ဟောတု- ဖြစ်ပါစေသတည်။လူချစ်လူခင်များပြီး စန်းပွင့် လာဘ်ရွှင် အောင်မြင်ချင်သူများအတွက်...
ကျွန်တော်တို့ ဗေဒင်ဆရာအခန်းကို ဗေဒင်မေးရန် ရောက်လာကြသူများတွင် လူအများစု မဖြစ်မနေ မေးလေ့မေးထရှိသော မေးခွန်းတစ်ခုမှာ “လူချင်လူခင်များအောင် ဘယ်လိုလုပ်ရပါမလဲ” ဟူသော မေးခွန်း ဖြစ်သည်။ လူချစ်လူခင်များသည် ဆိုသောဝေါဟာရမှာ အတော်ပင် ထူးဆန်းသော အရာပင်ဖြစ်သည်။ ချစ်ခင်သူများ သည်ဆိုသော ဝေါဟာရနှင့် တွဲယှက်လာသော စကားမှာ လူမုန်းမျာသည်ဟူသော စကားပင်ဖြစ်သည်။ ထိုအရာနှစ်ခုသည် ကျွန်တော်တို့ လူ့ပါတ်ဝန်းကျင်တွင် နေ့စဉ်နှင့်အမျှ မဖြစ်မနေ ကြားနေရ တွေ့နေရ မြင်နေရသော စကားလုံး နှစ်လုံးပင် ဖြစ်ပါသည်...။
သင်... သည် သင့်ပတ်ဝန်းကျင်အား အနည်းငယ် သတိထားပြီး စောင့်ကြည့်မည်ဆိုပါက ထိုလူနှစ်မျိုးကို သိသိသာသာ တွေ့မြင်ရမည်ဖြစ်သည်။ တစ်ချို့လူများသည် အင်မတန် လူချစ်လူခင်များသည်။ သူတို့ လမ်းလျှောက် ဖြတ်သွားသော နေရာဒေသများတွင် လူအများက သူ့ကို ၀ိုင်းဝန်း၍ အလေးတယူ နှုတ်ဆက်ကြသည်။ လာလည်ပါဦးနော်။ မတွေ့ရတာ တော်တော်ကြာပြီ ၊ နေကောင်းရဲ့လား ၊စသည်ဖြင့် တွေ့တဲ့ သိတဲ့ လူတိုင်းက နှစ်လိုစွာနှုတ်ဆက်ကြသည်။ ဒါလေး စားပါဦး ၊ ဟိုဟာလေး ယူသွားပါဦး စသည်ဖြင့် လက်ဆောင်များကိုလည်း အတင်းပေးတတ်ကြသည်။ ထိုသူတို့နေအိမ်တွင် အလှူမင်္ဂလာ တစ်ခုခု လုပ်ဆောင်ပါက ၀ိုင်းဝန်း၍ လုပ်အားပေးမည့်သူများ အလွန်များပြားစွာ လာရောက်လုပ်ကိုင် ကူညီပေးတတ်ကြ၏။ ထိုသူတို့သည် လူ့လောကတွင် အင်မတန် မျက်နှာပွင့်၍ အင်မတန် လူချစ်လူချင်များသူ များ ဖြစ်ကြသည်။
နောက် လူတန်းစားတစ်မျိုး ရှိသည်။ အင်မတန် လူမုန်းများသော လူစားမျိုး ဖြစ်ကြ၏။ ထိုသူတို့ ဖြတ်သွားသော လမ်းတွင် လူအများက မခေါ်ချင် မပြောချင်ကြ၍ မျက်နှာလွဲသွားတတ်ကြသည်။ ထိုသူတို့ကို ခေါ်ရမှာကိုပင် ၀န်လေးကြ၏။ မဖြစ်မနေ ခေါ်ရပြောရလျှင်ပင် ထိုသူ ကွယ်ရာသို့ ရောက်ရှိပါက ထိုသူ၏ မကောင်းတင်းကို ပြောခံရလေ၏။ အလုပ်တွင်လည်း အလုပ်အလျှောက် မိမိ ပတ်ဝန်းကျင်တွင်လည်း မိမိ ပါတ်ဝန်းကျင် အလျှောက် အင်မတန် လူမုန်းများသော လူများပင် ဖြစ်ကြသည်။ ထိုသူတို့ နေအိမ်တွင် ကိစ္စကြီးငယ် ကြုံရပါက ချောက်ကပ်ကပ်ကြီး ဖြစ်နေသည်။ မည်သူမျှ လိုလိုချင်ချင် လာရောက် ၀ိုင်းဝန်း ကူညီကြခြင်း မရှိ။ မတတ်သာ၍ မကင်းရာမကင်းကြောင်း လာရောက်ရသူများ အနည်းငယ်သာ ရှိကြ၏။ ထို့ကြောင့် ထိုသူများသည် အင်မတန် လူမုန်းများသူများ ဖြစ်ကြသည်။
မှတ်ချက်။ စိတ်တန်ခိုးကျင့်စဉ် အပိုင်းတွင် သံလိုက်ဓာတ်ရှိသောသူ သံလိုက်ဓာတ် မရှိသော သူ ဟူသော ခေါင်းစဉ်ဖြင့် ပို့တစ်ခု တင်ပြပေးခဲ့ပါသည်။ ဤနေရာတွင် စိတ်တန်ခိုးအကြောင်းကို ပြောမည် မဟုတ် ၊ ယတြာအကြောင်းကို ပြောမည် ဖြစ်သောကြောင့် စိတ်တန်ခိုးနှင့် ပါတ်သက်၍ မပြောဆိုတော့ပါ။
မိတ်ဆွေ....
သင်... စဉ်းစားမိပါရဲ့လား။ သင်ကော အထက်ပါ လူချစ်လူခင်များသောသူနှင့် လူမုန်းများသောသူဟူသော လူနှစ်မျိုးတွင် မည်သည် အမျိုးအစားတွင် ပါနေပါသနည်း။ ခနလောက်လေး စဉ်းစားကြည့်ပါ။ လူတိုင်းကတော့ မိမိကိုယ်မိမိ လူချစ်လူခင် များသောသူ ဖြစ်စေချင်ကြသည် မဟုတ်ပါလား။ သင်က... ဂရုမစိုက်ပါဟု မည်သို့ပင် ဆိုစေကာမူ သင်၏ ရင်ထဲကတော့ သင့်ကို လူအများက ချစ်ခင်စေလိုသည်။ စွဲလန်းစေလိုသည်၊ ချီးမွမ်းစေလိုသည်။ ချီးမြောက်စေလိုသည် မဟုတ်ပါလား။ ထို့ကြောင့် ဗေဒင်ဆရာတစ်ဦး ဖြစ်သော ကျွန်ုပ်အနေနှင့် လူချစ်လူခင်များစေသော အောက်ပါနည်းလေးတစ်ခုကို လက်ဆောင်ပေးလိုက် ပါတယ်။ လွယ်ကူတဲ့ နည်းတစ်ခု ဖြစ်ပါတယ်။ လုပ်ကြည့်ပါ။ အောင်မြင်တယ် ကောင်းတယ်ဆိုရင် သင်ခင်မင်သော သင်၏ မိတ်ဆွေများကို တဆင့်ပြန်လည် လက်ဆောင်ပေးလိုက်ပါ။
အဆင့်(၂)ဆင့်ကို တင်ပြပေးမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး အဆင့်ကတော့ နေ့အလိုက် စန်းပွင့်တဲ့ အရပ်ဒေသကို မျက်နှာမူပြီး ၀တ်စားဆင်ယင်ခြင်း ၊ အလှပြင်ခြင်း ၊ ဆောင်ရွက်ရမယ့် နည်းဖြစ်တယ်။ နေ့(၇)နေ့မှာ နေ့အလိုက် စန်းပွင့်စေတဲ့ အရပ်ဒေသ ပုံသေရှိပါတယ်။ အဲဒီအရပ်ဒေသ လေးတွေကို မှတ်ထားပြီး နေ့စဉ် ဆောင်ရွက် ယုံပါပဲ။ တကူတက လုပ်ဆောင်စရာ မလိုပါ။ အနည်းငယ် သတိလေးထားပြီ ဆောင်ရွက်လိုက်တာနဲ့ အဆင်ပြေ ပါတယ်။ ဟုတ်ပြီ ကျွန်တော်တို့ နေ့အလိုက် စန်းပွင့်တဲ့ အရပ်ဒေသလေးတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါ တယ်။
တနင်္ဂနွေနေ့မှာ ... စန်းပွင့်တဲ့အရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။
တနင်္လာနေ့မှာ ...စန်းပွင့်တဲ့ အရပ်က အနောက်အရပ် ဖြစ်ပါတယ်။
အင်္ဂါမှာ ...စန်းပွင့်တဲ့ အရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ...စန်းပွင့်တဲ့ အရပ်က တောင်အရပ် ဖြစ်ပါတယ်။
ကြာသပတေးနေ့မှာ ...စန်းပွင့်တဲ့ အရပ်က မြောက်အရပ် ဖြစ်ပါတယ်။
သောကြာနေ့မှာ ...စန်းပွင့်တဲ့ အရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
စနေနေ့မှာ ...စန်းပွင့်တဲ့ အရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။
ဟုတ်ပြီနော်..။ ဘယ်နေ့မှာ ဘယ်အရပ်ဒေသက စန်းပွင့်တယ်ဆိုတာကို သိပြီနော်...။ ဒါဆို ဘယ်လို လုပ်ကြမလဲ။ ဆက်ပြောမယ်။ အဲဒီ စန်းပွင့်တဲ အရပ်ကို မျက်နှာမူပြီး မျက်နှာသစ်တာတို့ ၊ အလှပြင်တာတို့ ၊ အ၀တ်အစားလဲတာ တို့ လုပ်ဆောင်ပါ။ ဥပမာဗျာ.. တနင်္ဂနွေနေ့ ဆိုပါတော့ ပီယ ၊ စွဲဆောင်မှု့၊ ဆန်းပွင့်စေတဲ့ အရပ်မျက်နှာက အရှေ့မြောက်အရပ်ဆိုတော့ အဲဒီ အရပ်ကို မျက်နှာမူပြီး မျက်နှာသစ်ဗျာ။ အ၀တ်အစားလဲဗျာ၊ အလှပြင်ဗျာ။ အမျိုးသားတွေ ဆိုရင်တော့ အရှေ့မြောက်အရပ်ကို ညာဘက်ပုခုံးထားပြီး မျက်နှာသစ်ဗျာ။ အ၀တ်အစားလဲဗျာ၊ ဒီနေရာမှာ တစ်ခု ပြောချင်တာကတော့ နေ့အလိုက် စန်းပွင့်တဲ့အရပ်က ပုံသေနော်။ နေ့တိုင်း ဒီပုံစံအတိုင်း မပြောင်းလဲဘူး။ ကိုယ်က ဘာနေ့သားသမီးပဲ ဖြစ်ဖြစ် မဆိုင်ဘူးနော်။ အဲဒီလို ဆောင်ရွက်လိုက်တဲ့ အတွက် ထူးထူးခြားခြား ပွင့်လန်းခြင်း ၊ စန်းပွင့်ခြင်း ၊ ပီယဓာတ် ကောင်းခြင်းများ ရရှိနိုင်ပါသည်။ ဒါက ပထမ နည်းလေးပါ။
နောက်တစ်နည်းက အရောင်တွေနဲ့ စန်းပွင့်အောင် လူချစ်လူခင်များအောင် အောင်မြင်အောင် ဆောင်ရွက်တဲ့ နည်းလေး ပြောပြချင်ပါတယ်။ အဲဒီနည်းလေးကလည်း မခက်ပါဘူး။ ပထမနည်းက မျက်နှာမူတဲ့ နည်း ။ ဒီနည်းကတော့ အရောင်တွေကို ကြည့်ပြီး ဆောင်သွား၊ ၀တ်သွားတဲ့ နည်းလေးပါ။ လက်ကိုင်ပ၀ါတို့၊ လက်ကိုင်အိတ်တို့ ၊ ခေါင်းစည်းကြိုးတို့၊ ဖဲကြိုးတို့ စသည်ဖြင့် ဆောင်သွား ၀တ်ဆင်သွားလို့ ရပါတယ်။ အဲဒီတော့ အောက်မှာ နေ့အလိုက် စန်းပွင့်ခြင်း ၊စသည်ဖြင့် စိုးမိုးနေသော အရောင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေနေ့မှာ ... သုံးစွဲရန်အရောင်က အ၀ါရောင် ဖြစ်ပါတယ်။
တနင်္လာနေ့မှာ ...သုံးစွဲရန်အရောင်က အဖြူရောင် ဖြစ်ပါတယ်။
အင်္ဂါမှာ ...သုံးစွဲရန်အရောင်က အနီ ၊ ကြက်သွေး ၊ လိမ္မော်ရောင် ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ..သုံးစွဲရန်အရောင်က ငွေရောင် ၊ တောက်ပသောရောင် ဖြစ်ပါတယ်။
ကြာသပတေးနေ့မှာ ...သုံးစွဲရန်အရောင်က အပြာရောင်း ၊ ခရမ်းရောင် ဖြစ်ပါတယ်။
သောကြာနေ့မှာ ...သုံးစွဲရန်အရောင်က အစိမ်းရောင် ဖြစ်ပါတယ်။
စနေနေ့မှာ ...သုံးစွဲရန်အရောင်က အနက်ရောင် ၊ နက်ပြာရောင် ဖြစ်ပါတယ်။
ကဲ... အားလုံးသော မိတ်ဆွေများခင်ဗျား... လူချစ်လူခင်များစေသော လွယ်ကူသော နည်းစနစ်လေး တစ်ခုကို ပြန်လည် လက်ဆောင်ပေးလိုက်ပါတယ်။ အားလုံး လက်တွေ လိုက်က်နာ ဆောင်ရွက်ကြည့်ပြီး လူချစ်လူခင်များ သော ၊ စန်းပွင့်သော ၊ ပီယသိဒ္ဓိကောင်းသော ၊ လူမုန်းနေသော သူများ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်း လိုက်ပါတယ်။

ချစ်လူမိုက် (သို့) အချစ်သူရဲကောင်း

ပုံပေါ်တွင်ကလစ်နှိပ်၍ကြည့်ပါ
ကျွန်ုပ်၏ ဘ၀တွင် မကြာခန ဆိုသလို အင်မတန် ထူးဆန်းသော မိန်းမ တော်တော်များများနဲ့ ကြုံတွေ့ ရတတ်လေ၏။ ကျွန်ုပ်တွေ့ဘူးသော မိန်းမများတွင် လွန်စွာချစ်တတ်သော မိန်းမများလည်းပါ၏။ ထို့အတူ လွန်စွာမှလည်း အမုန်းကြီး၍ ရက်စက်တတ်သော မိန်းများလည်း ပါ၏။ လွန်စွာ သနားကျင်နာတတ်၍ စိတ်နှလုံး ဖြူစင်လှသော မိန်းမများလည်းပါ၏။ ထို့အတူ လွန်စွာမှ စိတ်ကောင်း လုံးဝမရှိသော မိန်းမများလည်း ပါလေ၏။ စကားပြောလျှင် ရေပက်မ၀င်အောင် ပြောတတ်သော မိန်းမများလည်းပါ၏။ ထို့အတူ လုံးဝ စကားမပြောသော မိန်းမများလည်း ပါလေ၏။ ဥမ္မာဒန္တီ ရှုံးအောင် လှပချောမောသော မိန်းမများပါသကဲ့သို့ လွန်စွာမှလည်း အရုပ်ဆိုး အကျဉ်းတန်သော မိန်းမများကိုလည်း တွေ့ဘူးလေသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်သည် ဗေဒင်ဆရာတစ်ဦး ဖြစ်နေသည် မဟုတ်ပါလော။
ယခု ကျွန်ုပ် ပြောပြချင်သည့် အကြောင်းအရာမှာ အချစ်ကြောင့် အရာရာကို စွန့်လွှတ်သွားသော မိန်းမတစ်ယောက် အကြောင်းပင်တည်း။ ထိုအမျိုးသမီး၏ အမည်မှာ ထက်အိကလျာဟု အမည်ရှိ၏။ ရန်ကုန်မြို့၏ လူကုံတန် အသိုင်းအ၀ိုင်းတွင် ရွှေလင်ဗန်းနှင့် အချင်းဆေး၍ မွေးဖွားလာသူ တစ်ဦးဖြစ်၍ ငယ်စဉ်အခါမှစ၍ ဆင်းရဲသည် ဆိုတာကိုမသိ။ မရှိဟူသော စကားကိုပင် မကြားဖူးလေ။ အရာရာပြည့်စုံစွာ နေထိုင်လာရလေ၏။
ထိုထက်အိကလျာဟု အမည်တွင်သော အမျိုးသမီး ကလေးသည် လူကုံတန်တို့၏ ထုံးစံအတိုင်း မြန်မာကျောင်း မနေ၊ ငွေကြေး အကုန်အကျခံ၍ ရန်ကုန်မြို့၏ အင်္ဂလိပ်ကျောင်းတွင် ကျောင်းတက်၏။ အင်္ဂလိပ်စကားကို ပင်ပြော၏။ သူ၏ဖခင်ကို အဖေဟုမခေါ်ပဲ ဒယ်ဒီဟုခေါ်၏။ မိခင်ကိုလည်း မာမီဟုပင် ခေါ်လေ၏။ ငါးပိရည်ကို နံသည်ဟုပြော၍ ပေါင်မုန့်ကို လွန်စွာနှစ်သက်လေ၏။ ဆံပင်ကို ရွှေရောင်ဆိုးထားလေ၏။ သူ့ကိုတွေ့ရသော အထက်တန်းစား အသိုင်းအ၀ိုင်းများက သူ့ကိုတွေ့လျှင် ကလေးက တကယ့် ဘိုမကလေးပဲဟုပင် ပြောသွားကြလေ၏။ ထိုကလေးသည် ဤကဲ့သို့ ပူပင်ကြောင့်ကျကင်းစွာ ကြီးပျင်းလာခဲ့ရလေ၏။
ထိုကလေးမလေး အပျိုအရွယ်သို့ရောက်လျှင် သူတို့နှင့် အသိုင်းအ၀ိုင်းခြင်း နီးစပ်သော လူကုံတန်သတိုးသား ကလေးနှင့် ချစ်သူဖြစ်လေ၏။ နှစ်ဘက်သော မိဘများကလည်း နေနှင်လ ရွှေနှင့်မြအလား လိုက်ဖက်တင့်သော သူတို့နှစ်ယောက်ကို သဘောတူထား၍ အရွယ်ရောက်လျှင် ပေးစားမည်ဟု ဂတိက၀တ်ပြုထားကြလေ၏။ သူ၏ချစ်သူ ကောင်ကလေးသည် အရွယ်ရောက်လာသော အခါတွင် ဂျပန်နိုင်ငံသို့ စီးပွားရှာထွက်သွား၍ ရှာဖွေ၍ရသမျှသော ငွေကြေးများကို ထက်အိကလျာထံသို့ ပုံမှန်လွဲပေးလေ၏။ ထို့ကြောင့် သူမသည် အစဉ် အဆက်မှလည်း ချမ်းသာလာသည်ဖြစ်၍ ယခုလည်း သူ၏ချစ်သူပို့ပေးသော ငွေကြေးများသည် သူမအတွက် သုံးမကုန် ဖြုန်းမကုန်ပင် ဖြစ်နေလေတော့၏။
တစ်နေ့တွင် ထက်အိကလျာသည် သူသွားနေကျ နိုက်ကလတ်တစ်ခုမှ ၀ိတ်တာကောင်ကလေးနှင့် အပျင်းပြေ ရည်းစားထား၏။ (၃)လခန့် အကြာတွင် ထိုကောင်ကလေးနောက်သို့ ခိုးရာလိုက်ပြေးလေ၏။ ထိုကောင်ကလေးသည် ထက်အိကလျာကို ခိုးယူ၍ ရှမ်းပြည်(ထိုင်းနိုင်ငံ) သို့ တက်လာခဲ့လေသည်။ ထိုင်းနိုင်ငံတွင် နှစ်နှစ်ခန့် ပေါင်းသင်း၍ ပစ်ထားခဲ့လေရာ သူဌေးသမီး ထက်အိကလျာသည် ရန်ကုန်မြို့သို့လည်း မပြန်ရဲသောကြောင့် ထိုင်းနိုင်ငံတွင် ကြုံရာအလုပ်ကို လုပ်ကိုင်စားသောက်နေရလေတော့၏။ စိတ်ဓာတ်ကျဆင်း၍ မိန်းကလေးတန်မဲ့ အရက်သမားဖြစ်နေလေတော့၏။
တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ အမျိုးသမီးတစ်ဦး ၀င်ရောက်လာပြီးလျှင် ကျွန်ုပ်ထံတွင် ဗေဒင် လက္ခဏာကြည့်လေသည်။ သူ၏လက္ခဏာကို စစ်ဆေးကြည့်ရှု့လေရာ စနေဂြိုဟ်ခုံ အောက်တည့်တည့် နှလုံး လမ်းကြောင်းပေါ်တွင် (ကျွန်း) တစ်ခုကို တွေ့ရလေ၏။ ထိုသင်္ကေတ၏ အကျိုးပေးမှာ အချစ်ကြောင့် ဘ၀၏ အောင်မြင်မှု့တွေ ဆုံးရှုံးသွားတာတွေ ၊ ပျက်စီးသွားတာတွေ ဖြစ်တတ်တယ်။ မိဘအသိုင်းအ၀ိုင်းရဲ့ စွန့်လွှတ်မှု့ တွေကို သေချာပေါက်ကြုံရမယ်။ သူကိုယ်တိုင်ကလည်း အချစ်အတွက်နဲ့ အရာရာ စွန့်လွှတ်သွားတာမျိုးတွေကို လုပမယ်။ နောက်ဆုံး အချစ်အတွက်နဲ့ ကိုယ့်ရဲ့ ဘာသာကိုတောင် စွန့်လွှတ်သွားတတ်ကြပါတယ်။
ထိုလက္ခဏာပုံကို အပေါ်တွင် ဖော်ပြပေးထားပါသည်။
ယခု ကျွန်ုပ်ထံတွင် ဗေဒင်လက္ခဏာကြည့်နေသော ထိုအမျိုးသမီးမှာ ရန်ကုန်မြို့မှ သူဌေးသမီးကလေး ထက်အိကလျာဖြစ်ကြောင်း ကျွန်ုပ်၏ စာဖတ်သူများအား ထူးထူးထွေထွေ ပြောနေစရာလိုမည် မထင်ပါကြောင်း.....
လက္ခဏာပညာနှင့် ပါတ်သက်သော ပညာ ဗဟုသုတများ ရရှိနိုင်ပါစေ.....

Barcamp Mandalay 2012 Sponsors List
မန္တလေး ဘားကန့်  ၂၀၁၂ အားဖြစ်မြောက်ရန် အားပေးကူညီခဲ့သော အောက်ပါ စီးပွားရေး လုပ်ငန်းရှင်များ ၊ အဖွဲ့ အစည်းများအား မှတ်တမ်းတင် ကျေးဇူးတင်အပ်ပါသည်။
Diamond Sponsor
Platinum Sponsor
Gold Sponsors

International English School
Silver Sponsors
Bronze Sponsors
- Diamond Sponsor များအနေဖြင့် ကျပ်သိန်းနှစ်ဆယ်
- Platinum Sponsor များအနေဖြင့် ကျပ်ဆယ်သိန်း
- Gold Sponsor များအနေဖြင့် ကျပ်ငါသိန်း
- Silver Sponsor များအနေဖြင့် ကျပ်နှစ်သိန်းငါးသောင်း
- Bronze Sponsor များအနေဖြင့် ကျပ်တစ်သိန်း
စသဖြင့် စပွန်ဆာ ကြေးများ သတ်မှတ်ထားပါသည်။