Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, January 10, 2013

အင်္ဂလိပ်စာ လေ့လာရန်



Photo
အွန်လိုင်းကနေ အင်္ဂလိပ်စာ အခမဲ့ လေ့လာနိုင်တဲ့ ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ အရေး၊ အဖတ်၊ အကြား၊ အပြော စတဲ့ စွမ်းရည်လေးရပ်လုံးကို ပြည့်စုံကျွမ်းကျင်အောင် လေ့လာနိုင်မှာဖြစ်ပြီး အသုံးပြုသူရဲ့ အင်္ဂလိပ်စာ အရည်အသွေးကို ကိုယ်တိုင် တစ်ဆင့်ချင်း တိုးမြှင့်နိုင်ပါတယ်။

Ubuntu OS ပေါ်မှာ ဉာဏ်စမ်းဂိမ်း ဆော့ကစားချင်သူတွေ အတွက် Gbrainy Application ထည့်သွင်းပုံ



Photo
Ubuntu OS အသုံးပြုသူများ Ubuntu OS ပေါ်ကနေ ဉာဏ်စမ်းဂိမ်း ဆော့ကစားချင်သူတွေအတွက် Ubuntu OS ပေါ်တွင် ထည့်သွင်း အသုံးပြုနိုင်တဲ့ Gbrainy  ဆိုတဲ့ Application ထည့်သွင်းအသုံးပြုပုံကို ယခုတစ်ပတ်အတွက် ရွေးချယ် တင်ပြလိုက်ပါတယ်။

WeatherMate(Free)



Photo

ဆော့ဖ်ဝဲအမျိုးအစား          - Weather Software
ထုတ်လုပ်လိုက်သည့်ဗားရှင်း- 3.4.6
ဖိုင်အရွယ်အစား              - 1.24MB
အသုံးပြုနိုင်သည့် OS        - Window 2000/XP/2003/Vista/Server 2008/7

mm Google Translate



Photo

ဆော့ဖ်ဝဲအမျိုးအစား         - Components & Libraries
ထုတ်လုပ်လိုက်သည့်ဗားရှင်း- 2012.10.31.1
ဖိုင်အရွယ်အစား              - 1.1MB
အသုံးပြုနိုင်သည့် OS        - Windows XP/2003/Vista/Server 2008/7/8

နည်းပညာဆိုင်ရာ သတင်းများ


တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာလောက အတွင်းက အသစ် ထွက်ပေါ်လာတဲ့ နည်းပညာတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေကို စုစည်း ဖတ်ရှုနိုင်မယ့် ဝဘ်ဆိုက် ဖြစ်ပါတယ်။

ချပ်ချပ်ရပ်ရပ်နှင့် လှပချင် ပါသလား

Photo: ချပ်ချပ်ရပ်ရပ်နှင့် လှပချင် ပါသလား 



လေပွပြီး ဗိုက်ပူတာမျိုး မဖြစ်စေဘဲ ဝမ်းဗိုက် ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့ အစား အသောက်တွေကို ကျွမ်းကျင်သူ တွေက အောက်ပါအတိုင်း အကြံပြု ရေးသား ထားပါတယ်။

အကောင်းဆုံး အစားအသောက် - ဒိန်ချဉ်

ဒိန်ချဉ်ဟာ လူတွေ အားလုံးအတွက် ကောင်းတယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ ဝမ်းဗိုက် ချပ်ရပ် စေတယ်လို့တော့ မသိကြပါဘူး။ ဒိန်ချဉ် အများစုမှာပါတဲ့ အကျိုးပြု ဘက်တီးရီးယား တွေက အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ ဒိန်ချဉ်ဟာ လေပွတာနဲ့ ဝမ်းချုပ်တာတွေ မဖြစ်စေဘဲ ဝမ်းဗိုက်ချပ်ရပ် နေစေတဲ့ အာနိသင် ရှိပါတယ်။

အဆိုးဆုံး အစားအသောက် - ဆော်ဒါ အချိုရည်

ဗိုက်ပူမှာ စိုးရွံ့သူတွေ အနေနဲ့ ကာဗွန်ပါတဲ့ အချိုရည်တွေကို ရှောင်သင့်ပါတယ်။ ဂက်စ်ပါတဲ့ အချိုရည်တွေဟာ ဗိုက်ကို လေတွေနဲ့ ပြည့်နေစေပြီး ဗိုက်ပူကာ လေပွနေစေပါတယ်။ ဒါကြောင့် ဗိုက်ချပ်ရပ်လိုရင် ဆော်ဒါ အချိုရည်အစား ရေ ဒါမှမဟုတ် ကယ်လိုရီနည်းတဲ့ အရည် (ဥပမာ-လက်ဖက်စိမ်း လက်ဖက်ရည်)ကို သောက်သင့်ပါတယ်။ ဒီအရည်ထဲမှာ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်ပြီး ဝမ်းဗိုက်ထဲ အဆီစုတာနဲ့ ဆက်စပ်နေတဲ့ ရောင်ရမ်းမှု ဖြစ်နှုန်းကို လျော့ကျ စေပါတယ်။

အကောင်းဆုံး အစားအသောက် - ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကညွတ်၊ငရုတ်သီး၊ ပဲဝါ စတဲ့ အစားအစာတွေမှာ ဗီတာမင်အေ၊ စီနဲ့ ကေအပြင် ဖောလိတ်၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်နေပါတယ်။

အဆိုးဆုံး အစားအသောက် - အခွံချွတ်ထားသော ကာဗိုဟိုက်ဒရိတ်

ဂျုံဖြူနဲ့ လုပ်ထားတဲ့ မုန့်တွေနဲ့ ထမင်းဖြူတွေကို မစားပါနဲ့။ ဒီအစာတွေက အစာကြေလွယ်ပြီး သွေးတွင်း သကြားဓာတ်နဲ့ အင်ဆူလင်အဆင့်ကို မြင့်တက်စေလို့ပါ။ အင်ဆူလင် အဆင့်မြင့် တက်တာက ဝမ်းဗိုက်တစ်ဝိုက် အဆီစုပုံမှုကို တိုးစေနိုင်ပါတယ်။

အကောင်းဆုံး အစားအသောက် - အခွံချွတ်မထားသော ကောက်နှံစာ

အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ဆန်လုံးညို၊ ပေါင်မုန့်ညိုနဲ့ ပဲနီလေးလို အစာတွေကို စားပါ။ အမေရိကန် အာဟာရ ဆေးပညာဂျာနယ်ရဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ အခွံချွတ်မထားတဲ့ ကောက်နှံစာဟာ ကယ်လိုရီ ထိန်းချုပ်ပေးပြီး ခါးတစ်ဝိုက်ကို အဆီပိုတွေ ကင်းဝေး စေတယ်လို့ သိရပါတယ်။

အဆိုးဆုံး အစားအသောက် - ဆားကဲသော အစားအစာ

ပဲပိစပ်ဆော့ အများအပြားပါတဲ့ ဆူရှီစားပြီးချိန်မှာ လေပွသလို ခံစားနေရပါသလား။ ဆိုဒီယမ်များစွာပါတဲ့ အစားအစာတွေကို စားတာက ရေစုဆောင်းမှု များတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်က ဖောင်းလာပြီး လေပွ လာတတ် ပါတယ်။ ဗိုက်သား ချပ်ရပ်စေဖို့ တစ်နေ့မှာ ဆိုဒီယမ် ၂၀၀၀ မီလီဂရမ်အောက်ပဲ စားပါ။

အကောင်းဆုံး အစားအသောက် - မပြည့်ဝဆီ

သံလွင်ဆီလိုမျိုး မပြည့်ဝဆီပါတဲ့ အစားအစာတွေဟာ ဗိုက်သားချပ်ရပ်စေတယ်လို့ လေ့လာမှု အသစ်တစ်ရပ်အရ သိရပါတယ်။

အကောင်းဆုံး အစားအသောက် - ရှာလကာရည်

ရှာလကာရည်မှာပါတဲ့ ချဉ်တဲ့အရသာနဲ့ စူးရှတဲ့ အနံ့ကိုပေးတဲ့ ဓာတ်တွေဟာ ဗိုက်အဆီကို ချေဖျက် ပေးတယ်လို့ ဂျပန်လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အဝလွန်တဲ့ လူတွေဟာ တစ်နေ့မှာ ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း- နှစ်ဇွန်း စားရာ ၁၂ ပတ်အကြာမှာ ကိုယ်အလေးချိန်၊ ဗိုက်အဆီနဲ့ ခါးအတိုင်းအတာ သိသိသာသာ လျော့ကျမှုရှိတာကို လေ့လာမှုအရ သိရပါတယ်။ ရှလကာရည်မှာပါတဲ့ Acetic Acid ဟာ အဆီချေဖျက်တဲ့ ပရိုတင်းတွေ ထွက်လာအောင် မျိုးရိုးဗီဇကို ပြောင်းလဲ ပေးတာကြောင့်လို့ လေ့လာသူတွေက ဆိုပါတယ်။

ကြယ်စင်

Ref: မြ၀တီ
လေပွပြီး ဗိုက်ပူတာမျိုး မဖြစ်စေဘဲ ဝမ်းဗိုက် ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့ အစား အသောက်တွေကို ကျွမ်းကျင်သူ တွေက အောက်ပါအတိုင်း အကြံပြု ရေးသား ထားပါတယ်။

အထိုင်များသူတို့က လှုပ်ရှားမှုများသူတို့ထက် အိုမင်းမှုပိုမြန်

Photo: အထိုင်များသူတို့က လှုပ်ရှားမှုများသူတို့ထက် အိုမင်းမှုပိုမြန်


အမေရိကန်မှ ဆေးသိပ္ပံပညာရှင်များရဲ့  လေ့လာတွေ့ရှိချက် ဖြစ်ပါတယ်။ ယင်း တွေ့ရှိချက်အရ အားကစား ပုံမှန်လုပ်သူဟာ အခြား မလုပ်သူများထက် စိတ်ရော၊ အတွင်းအပြင် ခန္ဓာကိုယ် အိုမင်းမှုပါနှောင့်နှေးစေပါတယ်။ အရွယ် တင် စေပါတယ်။

အသက် ၆၅ နှစ်ရှိပြီ ဖြစ်တဲ့ ကနေဒါ အမျိုးသမီးတစ်ဦးဟာ အေရိုးဗစ် ပုံမှန် ဆော့ခိုင်းလို့ စစ်ဆေးကြည့်တဲ့ အခါမှာ အခြား ရွယ်တူ ၆၅ နှစ် အဖွာများထက် ပိုမိုလှုပ်ရှားနိုင်၊ သွားလာနိုင်အောင်ကို သန်မာပြီး ဦးနှောက်ထဲသို့ သွေးစီးဆင်းမှုကိုလည်း ကောင်းစေပါတယ်။ စက်ပစ္စည်းနဲ့ သေချာ တိုင်းတာမှု အရ သာမန် အဖွားတစ်ဦးထက်တောင် ဦးနှောက်လုပ်ဆောင်ချက်က ၁၀ ရာခိုင်နှုန်း ပိုမြန်သွားပါတယ်။

ဒါကြောင့် အထိုင်များတဲ့ အလုပ်လုပ်သူဟာ လှုပ်လှုပ်ရှားရှား လုပ်ကိုင်ရ သူများထက် ပို အိုမင်းစေမှုကိုလည်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ဘယ်လိုလူမျိုးမဆို အားကစား တစ်ခုခုကို လေ့လာ လိုက်စား သင့်ပြီး စိတ်ရော၊ ကိုယ်ပါ အရွယ်တင်စေနိုင်ကြောင်း သိရပါတယ်။ 

Ref: http://www.innewsmyanmar.com
အမေရိကန်မှ ဆေးသိပ္ပံပညာရှင်များရဲ့  လေ့လာတွေ့ရှိချက် ဖြစ်ပါတယ်။ ယင်း တွေ့ရှိချက်အရ အားကစား ပုံမှန်လုပ်သူဟာ အခြား မလုပ်သူများထက် စိတ်ရော၊ အတွင်းအပြင် ခန္ဓာကိုယ် အိုမင်းမှုပါနှောင့်နှေးစေပါတယ်။ အရွယ် တင် စေပါတယ်။

ဆေးလိပ် ဖြတ်သင့်သော ထိပ်တန်း အကြောင်းပြချက် ရှစ်မျိုး

 Photo: ဆေးလိပ် ဖြတ်သင့်သော ထိပ်တန်း အကြောင်းပြချက် ရှစ်မျိုး 



၁။ဆေးလိပ် သောက်တာကြောင့် ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ နာတာရှည် လေပြွန် ရောင်ရမ်း၊ ရင်ကျပ်ပန်းနာ ရောဂါ ဖြစ်နိုင်ချေနှင့် အဆုတ်ကို ဆိုးရွားစွာ ထိခိုက် စေနိုင် ပါတယ်။

၂။ ဆေးလိပ် သောက်တာကြောင့် ပျှမ်းမျှသက်တမ်း ၁၀ နှစ်ပို တိုသွား ပါတယ်။

၃။ဆေးလိပ် သောက်တဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ရဖို့ အချိန်ကြာတတ်ပြီး ကလေး ပျက်ကျနှုန်း များပါတယ်။ လမစေ့ မွေးတာ ဒါမှမဟုတ် ပေါင်ချိန် မပြည့် မွေးတာတွေ ဖြစ်တတ်ပါတယ်။ ဆေးလိပ် သောက်တဲ့ အမျိုးသား တွေမှာ ပန်းသေပန်းညှိုးဖြစ်တတ်သလို သုတ်ပိုး အရည်အချင်း တွေလည်း ညံ့ဖျင်း တတ်ပါတယ်။

၎။ သင် ဆေးလိပ် သောက်တာကြောင့် သင့်ပတ်ဝန်းကျင်မှ လူတွေရောဂါ ရတတ်ပါတယ်။

၅။ ဆေးလိပ်တစ်လိပ်ကို ၁၀၀ ကျပ်ပေးရပါတယ်။ တစ်နေ့ကို ၁၀ လိပ် သောက်မယ်ဆိုရင် တစ်နှစ်စာအတွက် ၃၆၅၀၀၀ ကျပ် အပိုငွေကုန်ပါတယ်။

၆။အရွယ်မတိုင်ခင် အိုစာတာတွေ မဖြစ်ရလေအောင် ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ် သောက်တာကြောင့် collagen ထုတ်လုပ်မှု ၄၀% ကျဆင်းသွားပြီး အရွယ်မတိုင်ခင် အရေး အကြောင်းတွေ ပေါ်တတ်ပါတယ်။

၇။ ဆေးလိပ်ဖြတ်တာကြောင့် အနံ့နဲ့ အရသာ အာရုံတွေ ပိုကောင်း သွားပါတယ်။

၈။ ဆေးလိပ်စွဲနေတဲ့ အကျင့်ကို ဖြတ်နိုင်တာကြောင့် မိမိကိုယ်မိမိ ယုံကြည်မှု ပိုရှိလာပါတယ်။

Health — Nay Myo Shein

Ref: မြ၀တီ
၁။ဆေးလိပ် သောက်တာကြောင့် ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ နာတာရှည် လေပြွန် ရောင်ရမ်း၊ ရင်ကျပ်ပန်းနာ ရောဂါ ဖြစ်နိုင်ချေနှင့် အဆုတ်ကို ဆိုးရွားစွာ ထိခိုက် စေနိုင် ပါတယ်။

နံနက်စာကို ဖျော်ရည် တစ်ခွက်နှင့် တွဲဖက် စားသုံးပါ

Photo: နံနက်စာကို ဖျော်ရည် တစ်ခွက်နှင့် တွဲဖက် စားသုံးပါ 




နံနက်ခင်း စောစောမှာ အစာစားဖို့ ဘာကြောင့် လိုအပ်လဲ ဆိုတာ သင်လည်း သိမှာ ပါနော်။ တစ်နေ့လုံး တက်ကြွ ရွှင်လန်းစွာ သွားလာ လှုပ်ရှားနိုင်ဖို့ နံနက်စာက သင့်အတွက် လောင်စာ တစ်မျိုး ပါပဲ။

အာဟာရ ပြည့်ဝတဲ့ နံနက်စာက သင့်ခန္ဓာကိုယ် အတွက်  လိုအပ်တဲ့ ခွန်အားတွေကို ပေးစွမ်း နိုင်ပါတယ်။ တကယ်လို့ သင်က အလုပ် တစ်ခုခုကြောင့်၊ အရေးကြီး ကိစ္စတွေ ရှိတာကြောင့် နံနက်စာ မစားမိတဲ့အခါ တစ်နေကုန်ရင် ခံသွားပြီး နေ့လယ်စာပါ စားမဝင်နိုင်တာမျိုး ဖြစ်တတ် ပါတယ်။ ဒါမှမဟုတ် နေ့လယ်စာကို ပိုစားမိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ နံနက်စောစော အချိန်ဟာ လူတစ်ယောက်အတွက် အားအင်တွေ အပြည့်အဝ ရှိနေရမယ့် အချိန်ပါ။ နံနက် အိပ်ရာထချိန်မှာ သင်ဟာ အစာနဲ့ ၁ဝနာရီလောက် ကင်းကွာ နေပါလိမ့်မယ်။ အဲဒီလောက် ကင်းကွာနေပြီး အိပ်ရာနိုးချိန်မှာ နံနက်စာ မစားဘဲ နေမယ်ဆိုရင် သင့်အစာအိမ်ကို ဒုက္ခပေးနိုင်သလို သင့်ရဲ့ တစ်နေ့တာ လှုပ်ရှား တာတွေ ကိုလည်း နှေးကွေး စေပါတယ်။

နံနက်စာ မစားလို့ နေ့လယ်စာ ပိုစားမိပြန်တော့လည်း သင့်ခန္ဓာကိုယ် အလေးချိန်ကို ထိန်းမထား နိုင်တာတွေ ကြုံတွေ့နိုင်ပါတယ်။ သင်ဟာ နံနက်စာကိုသာ ကောင်းကောင်း စားထားမယ် ဆိုရင် သင့်တစ်နေ့တာ အတွက် အလွန် အကျိုးရှိနိုင်သလို နေ့လယ်နေ့ခင်း သရေစာ စားသောက် တာလည်း လျော့နည်း သွားနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ တစ်နေ့တာ လုပ်ဆောင်တာ တွေကို ခွန်အားအပြည့်နဲ့ တက်တက်ကြွကြွ လုပ်ဆောင်နိုင်ဖို့ အာဟာရ ပြည့်ဝတဲ့ နံနက်စာကို မှန်မှန်ကန်ကန် ရွေးချယ် စားသောက်တတ်ဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့ နံနက်စာ ရွေးချယ် စားသောက်မှု ဆိုတာက အဆီ၊ ကိုလက်စထရောနဲ့ ဆား (အငန်ဓာတ်) ပါဝင်မှု နည်းတဲ့ အစားအစာတွေ စားသုံးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အာဟာရ ပြည့်ဝပြီး ခွန်အား ဖြစ်စေတဲ့ နံနက်စာကို ရွေးချယ် စားသောက်နိုင်အောင် ဖော်ပြ လိုက်ရပါတယ်။

နံနက်စာကို ဂျုံအပြည့် အဝပါဝင်တဲ့ ပေါင်မုန့်၊ နံပြား၊ ခေါက်ဆွဲ စတာတွေ စားပေးရပါမယ်။

အဆီ ထုတ်ထားတဲ့ နို့နဲ့ နို့ထွက် ပစ္စည်းတွေ ဒါမှမဟုတ် သစ်သီးဖျော်ရည် တစ်ခုခုကိုပါ သောက်သုံး ပေးရပါမယ်။

သစ်သီး ဖျော်ရည်ကို ဗီတာမင် စီဓာတ် အပြည့်အဝ ပါဝင်တဲ့ စတော်ဘယ်ရီသီး၊ သံပရာသီး တွေကို ဖျော်ရည်ပြုလုပ်ပြီး သောက်သုံး ပေးနိုင်ပါတယ်။

ဒါပေမဲ့ နံနက်စာကို အာလူးကြော်၊ အီကြာကွေး၊ စမူဆာ၊ ပလာတာ၊ ဘူးသီးကြော် စတဲ့ ထပ်ကာ ထပ်ကာ အသုံးပြုထားတဲ့ ပြန်ကြော်ဆီနဲ့ ကြော်ထားတဲ့ အစားအစာ တွေကိုတော့ လျှော့စား သင့်ပါတယ်။

ဒီနေ့ကစလို့ သင်ရဲ့ နံနက်စာ စားသောက်ပုံကို ပြောင်းလဲ သင့်ပါပြီ။ နံနက်စာက သင်ရဲ့ တစ်နေ့တာ အတွက် အရေးပါ အရာရောက်တဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း သင် လက်ခံတယ်ဆိုရင် ဒီနေ့ပဲ ပြောင်းလဲ လိုက်ကြပါစို့။ နံနက်စာကို ကော်ဖီ၊ လက်ဖက်ရည်တို့ သောက်မယ့်အစား သစ်သီး ဖျော်ရည် တစ်ခုခုနဲ့ တွဲဖက် စားသုံးတာက သင့်ကို ကျန်းမာ နုပျို စေပါတယ်။ ဒါ့အပြင် ဝမ်းမှန် စေတာကြောင့် သင့် တစ်နေ့တာလုံး ပေါ့ပါး သွက်လက်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်မှာပါ။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည် တစ်ခွက်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာ ပါဝင်ပါတယ်။

ဗီတာမင်အေက သင့်အမြင်ကို ကြည်လင်စေပြီး အသားအရေ လှပစေပါတယ်။ ဗီတာမင်ဘီ အုပ်စုက ခန္ဓာကိုယ်မှာ တစ်သျှုး အသစ်တွေ ဖြစ်ပေါ်စေခြင်း၊ စွမ်းအင်အဖြစ် ပြောင်းလဲ ပြုလုပ် ပေးခြင်း၊ သွေးနီဥတွေ ဖြစ်ပေါ်စေခြင်း၊ အာရုံကြောတွေ အားကောင်းစေခြင်း ဖြစ်စေပါတယ်။ ဗီတာမင်စီက ခန္ဓာကိုယ် အတွက် သံဓာတ်စုပ်ယူမှုကို အားပေးပါတယ်။ သွားနဲ့ သွားဖုံးတွေကို ခိုင်ခံ့ ကျန်းမာစေပြီး ဆဲလ်အသစ် ဖြစ်ပေါ်စေတာကြောင့် အနာကျက် မြန်စေ ပါတယ်။ ဗီတာမင်ဒီက အရိုးနဲ့ သွားတွေကို သန်မာစေပါတယ်။ ဗီတာမင်အီးက အိုမင်းရင့်ရော်စေတဲ့ ခန္ဓာကိုယ်တွင်းရှိ ဓာတ်တိုး ပစ္စည်းတွေကို ဟန့်တားပေးတဲ့ အင်တီ အောက်ဆီးဒင့် အဖြစ် လုပ်ဆောင် ပေးပါတယ်။ ဗီတာမင်အေက သာမန် သွေးခဲတာကို အားပေးပါတယ်။ ဖောလစ်အက်စစ် ကီဗြီ  ဖြစ်ပေါ်မှုနဲ့ သွေးနီဥ ဖြစ်ပေါ်တာကို အားပေးပါတယ်။ သင့် နံနက်စာကို ဖျော်ရည်တစ်ခွက်နဲ့ တွဲဖက် သောက်သုံး လိုက်ရုံနဲ့ သင့် ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ ဗီတာမင်ဓာတ် တွေကို ရရှိ နိုင်ပါတယ်။


Ref: မြ၀တီ
နံနက်ခင်း စောစောမှာ အစာစားဖို့ ဘာကြောင့် လိုအပ်လဲ ဆိုတာ သင်လည်း သိမှာ ပါနော်။ တစ်နေ့လုံး တက်ကြွ ရွှင်လန်းစွာ သွားလာ လှုပ်ရှားနိုင်ဖို့ နံနက်စာက သင့်အတွက် လောင်စာ တစ်မျိုး ပါပဲ။

အာဟာရ ပြည့်ဝတဲ့ နံနက်စာက သင့်ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ခွန်အားတွေကို ပေးစွမ်း နိုင်ပါတယ်။ တကယ်လို့ သင်က အလုပ် တစ်ခုခုကြောင့်၊ အရေးကြီး ကိစ္စတွေ ရှိတာကြောင့် နံနက်စာ မစားမိတဲ့အခါ တစ်နေကုန်ရင် ခံသွားပြီး နေ့လယ်စာပါ စားမဝင်နိုင်တာမျိုး ဖြစ်တတ် ပါတယ်။

Wednesday, January 9, 2013

စိတ်ဖိစီးမှု ပျောက်ကင်းစေရာ မေမေနဲ့ စကားပြောပါ

Photo: စိတ်ဖိစီးမှု ပျောက်ကင်းစေရာ မေမေနဲ့ စကားပြောပါ

အမေရိကန် ဆေးပညာရှင်များရဲ့  တွေ့ရှိချက် ဖြစ်ပါတယ်။ စိတ်ဖိစီးမှု ပျောက်ကင်းစေတဲ့ အကောင်းဆုံး နည်းလမ်းက အမေနဲ့ စကား ပြောဆိုခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ရောဂ ကျင့်စင်၊ သောက်စေး၊ စားဆေး အားလုံးထက် အကောင်းဆုံး နည်းလမ်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဆေးပညာ အရ ဆက်စပ်မှုက ဒီလို ရှိပါတယ်။ မိခင်များဟာ ကလေးမွေးဖွားပြီး မိခင်နို့ချိုရည်ကို တိုက်ရပါတယ်။ ယင်း နို့ရည်ထဲမှာ cuddle chemical လို့ အမည်ပေးထားတဲ့ ဓာတ်တစ်မျိုး ပါဝင်ပြီး ကလေးရဲ့  ခန္ဓာကိုယ်တွင်း သွေးထဲကို စီးဆင်းသွားပါတယ်။

ယင်းဓာတ်တစ်မျိုးကြောင့် ကလေးများဟာ ဘယ်အရွယ်ရောက်ရောက် မိခင်နဲ့ စကားပြောရင် စိတ်ဖိစီးမှု လျော့ကျပြီး အခြားသော စိတ်ပိုင်းဆိုင် ရာ ရောဂါ များကိုပါ ပျောက်ကင်းစေပါတယ်။ ဥပမာ - ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိမှု၊ ကြောက်လှန့်မှု၊ ရှက်ရွံ့ မှု အစရှိတဲ့ စိတ်ပိုင်း ဆိုင်ရာ ခံစားချက်များကလည်း အမေရဲ့  စကားသံ၊ အားပေးသံ ကြားရရင်၊ မြင်ရရင် အလိုလိုလျော့နည်းသွားပါတယ်။

အသက် ၁၂ နှစ်အရွယ် အမျိုးသမီး ကလေးငယ်များကို လူစိမ်းများရှေ့ မှာ စကားထွက်ပြောစေလို့ လက်တွေ့ စမ်းသပ်လိုက်တာ ဖြစ်ပြီး ဒီတိုင်း ပြောရင် cortisol လို့ခေါ်တဲ့ စိတ်ဖိစီးစေတဲ့ ဟိုမုန်းတစ်မျိုး အတက်မြန်ပါတယ်။ သူ့ကို မိခင်နဲ့ ဖုန်းပေးပြောပြီး နောက်ပိုင်း စကားပြောခိုင်းတဲ့ အခါမှာတော့  oxytocin ဆိုတဲ့ ဓာတ်တစ်မျိုး မြင့်တက်ပြီး ယခင်က အခြေအနေထက် အများကြီး တိုးတက်သွားပါတယ်။ အမေနဲ့ စကားပြောတာက အဖေနဲ့ တိုင်ပင်ပြောဆိုတာထက် ပိုထူးခြားစေပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှုများ၊ စိတ်အားငယ်စရာများ ကြုံတွေ့ရတိုင်း အခြားသော နည်းလမ်းများနဲ့ ဖြေရှင်းခြင်းထက် မိခင်နဲ့ စကားပြော၊ တိုင်ပင်တာ အကောင်းဆုံး ဖြစ်ကြောင်း သိရပါတယ်။ 

Ref: http://www.innewsmyanmar.com
အမေရိကန် ဆေးပညာရှင်များရဲ့  တွေ့ရှိချက် ဖြစ်ပါတယ်။ စိတ်ဖိစီးမှု ပျောက်ကင်းစေတဲ့ အကောင်းဆုံး နည်းလမ်းက အမေနဲ့ စကား ပြောဆိုခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

မိုဘိုင်းဖုန်းဖြင့် အောင်ဘာလေထီ ပေါက်မပေါက် စစ်ဆေးနိုင်သော ဆော့ဖ်ဝဲ အခမဲ့ဖြန့်ချိ



Photo
အောင်ဘာလေ ထီလက်မှတ် ပေါက်မပေါက် စစ်ဆေးနိုင်သော Myanmar Lottery  အမည်ရ မိုဘိုင်းဆော့ဖ်ဝဲ တစ်ခုအား မုံရွာမြို့ရှိ i-Campus ကွန်ပျူတာသင်တန်းမှ အခမဲ့ ဖြန့်ချိလိုက်ကြောင်း သိရသည်။ 

iOS သုံး Apple Product များအတွက် iOS Firmware ကို ထည့်သွင်းပုံ



Photo
iOS အသုံးပြုသည့် Apple Product များဖြစ်သည့် iPhoe, iPad, iPod Touch  တို့မှာ ပြဿနာ တစ်ခုခုကြောင့် iOS ကို  အသစ်ပြန်လည် ထည့်သွင်း အသုံးပြုချင်သူများ အတွက် iOS  Firmware များ ထည့်သွင်းပုံကို ရွေးချယ် တင်ပြလိုက်ပါတယ်။ 

အမျိုးသားများ အိမ်မှုကိစ္စ လုပ်ကိုင်ပါက စိတ်ဝေဒနာ ဖြစ်ပွားမှု လျော့ကျနိုင်

Photo: အမျိုးသားများ အိမ်မှုကိစ္စ လုပ်ကိုင်ပါက စိတ်ဝေဒနာ ဖြစ်ပွားမှု လျော့ကျနိုင် 


စိတ်ပညာရှင် သုတေသီများ၏ လေ့လာ တွေ့ရှိချက်အရ အမျိုးသားများသည် အိမ်မှု ကိစ္စများကို လုပ်ကိုင်ပါက စိတ်ဝေဒနာ ဖြစ်ပွား နိုင်မှုနှုန်း လျော့ကျ နိုင်သည်ဟု သိရသည်။

ယူမီယာ တက္ကသိုလ်မှ ဆွီဒင်နိုင်ငံ သုတေသီများ၏ ထုတ်ဖော် ပြောကြား ချက်အရ အိမ်မှုကိစ္စ ပြုလုပ်လျှင် စိတ်ဖိစီးမှုများ ပြေလျှော့ကာ ကျန်းမာရေး ကောင်းမွန် စေနိုင်ကြောင်း လေ့လာ တွေ့ရှိ ရသည်။

ယခင်က သုတေသီများ၏ လေ့လာ တွေ့ရှိချက်အရ အမျိုးသားများသည် ဇနီးသည်အား အိမ်မှုကိစ္စ ပြုလုပ်ခြင်းကို ကူညီပေးလျှင် ဇနီးသည်၏ နှလုံးရောဂါဖြစ်ပွားမှု ကို လျှော့ချ ပေးနိုင်သည်ဟု သိရသည်။

Ref: မြ၀တီ
စိတ်ပညာရှင် သုတေသီများ၏ လေ့လာ တွေ့ရှိချက်အရ အမျိုးသားများသည် အိမ်မှု ကိစ္စများကို လုပ်ကိုင်ပါက စိတ်ဝေဒနာ ဖြစ်ပွား နိုင်မှုနှုန်း လျော့ကျ နိုင်သည်ဟု သိရသည်။

နှစ်သစ် ၂၀၁၃မှာ ကျန်းမာဖို့


နှစ်သစ်တစ်နှစ်သို့ အကူး အပြောင်းကာလ ဟူသည် အဟောင်းတွေ ထားခဲ့ပြီး ပိုကောင်းတာ တွေဆီ လျှောက်လှမ်း ရမည့် ကာလ ဖြစ်သည်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည်ဖြင့် ကဏ္ဍစုံတွင် ရည်မှန်းချက် သစ်များ ချမှတ်ရမည့် ကာလလည်း ဖြစ်သည်။

နေပျော်သော ဘ၀ တစ်ခုတည် ဆောက်ရေးတွင် ကျန်းမာရေး သည်လည်း အဓိက အရေးပါသော ကဏ္ဍမှ ပါဝင်လျက်ရှိရာ ၂၀၁၃ တွင် ကျန်းမာရေးကို မည်သို့ဂရုစိုက် ကြမည်နည်း။

သင်၏ အိပ်စက်ပုံ အနေအထားက ဖော်ပြနေသော သင့်ကိုယ်ရည် ကိုယ်သွေး

Photo: သင်၏ အိပ်စက်ပုံ အနေအထားက ဖော်ပြနေသော သင့်ကိုယ်ရည် ကိုယ်သွေး 




သင်ရဲ့ အိပ်စက်ပုံ အလေ့အထဟာ သင်ထင်တာ ထက်ပိုပြီး သင့် အကြောင်းကို ဖော်ပြနေနိုင် ပါတယ်။

အတွေ့ရများတဲ့ အိပ်စက် ပုံတွေကို ခန္ဓာကိုယ် ဘာသာ စကား ကျွမ်းကျင် သူတွေက အကဲဖြတ်ပြီး ဒီလို အိပ်စက်ပုံ အနေအထားတွေက သင်ဟာ ခေါင်းမာ သူလား၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင် သူလား၊ နေရာယူတတ်သူလား ဆို တာကို သဲလွန်စ ပေးနေကြောင်း ဆိုပါတယ်။

သန္ဓေသားအနေအထား အိပ်စက်တတ်သူလား

အိပ်တဲ့အခါ ဘောလုံး တစ်လုံးထဲမှာ ကွေးပြီး အိပ်သလို အိပ်တတ် သူလား။ လေ့လာမှုအရ လူတစ်ဝက် ကျော်ဟာ စောင်ခြုံပြီး သန္ဓေသားတစ်ဦးလို ကွေး ကာ အိပ်တတ် တယ်လို့ သိရပါတယ်။သန္ဓေ သားလို အိပ်စက်တာက သက်သောင့် သက်သာရှိပြီး စိတ်ပူ ပင်သောကတွေ လျော့ပါး သွားပါတယ်။

ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ

သန္ဓေသားလို ခန္ဓာကိုယ်ကို ကွေးပြီး အိပ်စက်တတ်သူတွေက နိုးနေတဲ့ အချိန် အတောအတွင်းမှာ အလွန် တာဝန် သိပြီး ကျေပွန်ကြပါတယ်။ သူတို့ရဲ့ နေ့စဉ်လုပ် ဆောင်ရမယ့် အလုပ်တွေအကြောင်းကို အလွန်အမင်း စဉ်းစားတတ် သူလည်း ဖြစ်ပါတယ်။

သစ်တုံးတစ်တုံး အနေအထား အိပ်စက်တတ်သူလား

လက်မောင်းနှစ်ဖက်ကို ခန္ဓာကိုယ်ရဲ့ ဘေးနှစ်ဖက်ချပြီး ဘေးစောင်းအနေ အထားအတိုင်း အိပ်စက်တတ် သူလား။ လေ့လာမှုအရ လူဦးရေ ၃၀ ရာခိုင်နှုန်း နီးပါးဟာ သစ်တုံးတစ်တုံးချထားသလို အိပ်စက်တတ်တယ်လို့ သိရပါတယ်။ ဒီလို အိပ်စက်ပြီး နိုးလာတဲ့အခါ တစ်ကိုယ်လုံးတောင့် တင်းနေပြီး အိပ်ရာ နိုးချိန်မှာ မသက်မသာ ခံစားရတတ်ပါတယ်။ အိပ်နေတဲ့အချိန်မှာ ကြွက်သား တွေက သင့်တော်တဲ့ အနားရမှု မရှိလို့ပါ။

ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ

အေးဆေးတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိပါတယ်။ မကြာခဏ တစ်ဦးတည်း သီးသန့်နေတတ်ပြီး သမားရိုးကျ ဘဝမျိုးမှာ နေတတ်ပါတယ်။

ဘေးစောင်းကွေးရင်း ဘေးချထားတဲ့ လက်တွေဆုပ်ကိုင်ကာ အိပ်တတ်သူလား

သင်က ဘေးစောင်းပြီး လက်တွေကို ဆန့်တန်းကာ အိပ်စက်တတ်သူလား။ ဒီလိုအနေ အထားနဲ့ အိပ်စက်သူက ၂၅ ရာ ခိုင်နှုန်းခန့် ရှိပါတယ်။

ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ

သူတို့ဟာ နံနက် အိပ်ရာနိုးတဲ့အခါ စိတ်ဓာတ်တက်ကြွနေတတ်ပါတယ်။ ဒါပေမဲ့ သူတို့က အိပ်မက်တွေမက်၊ စိတ်ကူးတွေယဉ်ကာ နေတတ် တာကြောင့် အချိန်ဖြုန်းမှန်းမသိ ဖြုန်းနေ မိတတ်ပါတယ်။

မှောက်လျက် အိပ်တတ်သူလား

ဗိုက်ကို အိပ်ရာနဲ့ ကပ်ပြီး လက်နဲ့ ခြေထောက်တွေကို ဘေးထုတ်ကာ အိပ်တတ်သူလား။ ဒီလို အိပ်တတ်သူက ၁၇ ရာခိုင်နှုန်းရှိတယ်လို့ လေ့လာမှု အရ သိရပါတယ်။

ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ

မှောက်ရက် အိပ်တတ်သူ အများစုက အချိန်ကို စီမံခန့်ခွဲ တတ်ကြပါတယ်။ ဘယ်တော့မဆို နေရာ ရအောင် ယူတတ်ပါတယ်။ ဒါပေမဲ့ ဒီလို အနေအထားနဲ့ အိပ်တာက နိုးလာတဲ့ အချိန်မှာ ခန္ဓာကိုယ်ကို သိပ်ပြီး သက်သောင့် သက်သာ မရှိစေပါဘူး။ ညဘက်မှာ အိပ်ရေးဝ၀ အိပ်ပျော် တတ်ကြပါတယ်။

Ref: မြ၀တီ
သင်ရဲ့ အိပ်စက်ပုံ အလေ့အထဟာ သင်ထင်တာ ထက်ပိုပြီး သင့် အကြောင်းကို ဖော်ပြနေနိုင် ပါတယ်။

အတွေ့ရများတဲ့ အိပ်စက် ပုံတွေကို ခန္ဓာကိုယ် ဘာသာ စကား ကျွမ်းကျင် သူတွေက အကဲဖြတ်ပြီး ဒီလို အိပ်စက်ပုံ အနေအထားတွေက သင်ဟာ ခေါင်းမာ သူလား၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင် သူလား၊ နေရာယူတတ်သူလား ဆို တာကို သဲလွန်စ ပေးနေကြောင်း ဆိုပါတယ်။

CDMA 450 ဖုန်းများမက်ဆေ့ခ်ျ အခမဲ့ပို့နိုင်ခြင်း မရှိကြောင်းသိရ



Photo
CDMA 450MHz ဖုန်းများတွင် မက်ဆေ့ခ်ျပေးပို့ရာ၌ အခမဲ့ပေးပို့နိုင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်မှာ မဟုတ်ကြောင်း သိရသည်။  အဆိုပါဖုန်းများတွင် မက်ဆေ့ခ်ျ အခမဲ့ပေးပို့နိုင်ကြောင်း ထုတ်ပြန် ကြေညာခြင်း မရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။ “ကြေညာထားခြင်း မရှိပါဘူး။ အခမဲ့ မက်ဆေ့ခ်ျ ပေးပို့နိုင်တယ်ဆိုတာ error တစ်ခုခုကြောင့်လည်း မဟုတ်ပါဘူး။ error ကြောင့် ဖြစ်တယ်ဆိုရင် ပိုက်ဆံအများကြီး ဆုံးရှုံးသွားနိုင်ပါတယ်။  လက်ရှိလည်း CDMA 450MHz ဖုန်းများမှာ မက်ဆေ့ခ်ျ အခမဲ့ပေးပို့လို့မရပါဘူး” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

စစ်ဟူသည်


စစ်ဟူသည်...
နိုင်ငံတိုးတက်မှုကို ဖျက်ဆီး၏
ငြိမ်းချမ်းရေးကို ဖျက်ဆီး၏
ဘာသာသာသနာရေးကို ဖျက်ဆီး၏
စီးပွားရေးကို ဖျက်ဆီး၏
နောက်ဆုံး...

ပျော်ရွှင်စရာ မိသားစုဘဝလေးကို ဖျက်ဆီးပစ်လေသည်...


လင်းယံခ (မြန်မာစာ)
 

အမေ့ထူသူများအတွက် နည်း ၅ နည်း

Photo: အမေ့ထူသူများအတွက် နည်း ၅ နည်း 




လုပ်ဖော် ကိုင်ဖက် တစ်ယောက်ရဲ့ နာမည်ကို မေ့နေသလား။ အမေ့ထူ လွန်းလို့ စိတ်ညစ် နေပါ သလား။ သော့ဘယ်မှာ ထားမိမှန်း မသိ ဖြစ်နေသလား။

စိတ်မညစ် ပါနဲ့တော့။ မေ့တတ်တဲ့ အကျင့် ပျောက်ပြီး မှတ်ဉာဏ် ကောင်းစေနိုင်တဲ့ အလွယ်နည်းတွေကို သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိ ထားပါတယ်။

(၁) အချက်အလက်သစ်တွေ မှတ်မိဖို့ မေးစေ့ကိုင်ပါ

ရုပ်ရှင်တွေ ထဲမှာ မြင်ဖူးကြမှာပါ။ ဇာတ်ဝင်ခန်း ထဲမှာ တစ်ခုခုကို အလေး အနက် စဉ်းစားပြီဆိုရင် မေးစေ့ကိုပွတ်ပြီး စဉ်းစားတတ်ကြ တာကိုပေါ့။ အဲဒီလိုပဲ အချက်အလက် အသစ် တစ်ခုခုကို နားထောင်တဲ့အခါ လက်က တစ်ခုခု လုပ်နေလိုက်ပါ။ အဲဒီ အချက်အလက်ကို ပိုပြီး မှတ်မိလွယ်ပါတယ်။ နားထောင်နေစဉ် လက်ဟန်ခြေဟန် တစ်ခုခုလုပ်နေတာက ဦးနှောက်ရှိ မှတ်ဉာဏ်ဌာနရဲ့ လုပ်ဆောင်ချက်တွေကို မြင့်မားစေပြီး မှတ်ဉာဏ် ပိုကောင်း စေနိုင်ပါတယ်။ ဥပမာ- ဖုန်းနံပါတ်တစ်ခုကို မှတ်ရာမှာ မေးစေ့ကို ကိုင်တာပဲဖြစ်ဖြစ်၊ နားရွက်ကို ကိုင်တာပဲဖြစ်ဖြစ် ပြုလုပ်နေပြီး အဲဒီ ဖုန်းနံပါတ်ကို ခေါင်းထဲ ပြန်စဉ်းစားကြည့်တဲ့အခါ မေးစေ့ ဒါမှမဟုတ် နားရွက်ကို ပြန်ကိုင်ပြီး စဉ်းစားပါက ပိုပြီး မှတ်မိလွယ်ပါတယ်။

(၂) အချက်အလက်သစ်တွေကို မမေ့ဖို့ စိတ်ကူးထဲ ပုံဖော်ကြည့်ပါ

ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် နာမည်တစ်ခုကို မှတ်ရာမှာ “ငါနောက်တစ်ခါ ဒီဖုန်းကိုဆက်ချင်ရင် ဘယ်ကိုဆက်ရမလဲ” ဒါမှမဟုတ် “ငါသူ့ကို နောက်တစ် ကြိမ်တွေ့ရင် ဘယ်လိုခေါ်ရမလဲ” စသဖြင့် အနာဂတ်မှာ ကြုံရင် ဘယ်လို ဖြေရှင်းမလဲဆိုတာ ကြိုတွေးပြီး စိတ်ကူးထဲ ပုံဖော်ကြည့်တာက တစ်ခုခုကို မှတ်ရာမှာ ပိုလွယ်ကူစေပါတယ်။ လေ့လာချက် တစ်ခုအရ ဒီနေ့ သင်လိုက်တဲ့ အရာကို အနာဂတ်မှာ ဘယ်လိုသုံးမယ်ဆိုတာကို ပုံဖော်ကြည့်သူတွေဟာ စိတ်ကူးမကြည့်မိသူတွေထက်စာရင် ထိုအရာကို ပိုပြီးမှတ်မိနေတာကို တွေ့ရပါတယ်။ သုတေသနပညာရှင်တွေရဲ့ အဆိုအရ အချက်အလက်တွေကို မှတ်ရာမှာ ထိုအချက်တွေကို ဦးစားပေးအဖြစ် ကိုယ်ကအသုံးပြုပုံကို စိတ်ကူးယဉ်ကြည့်ပါက ဦးနှောက်ကနေ သေချာမှတ်ထားပြီး အလိုရှိတဲ့ အချိန်မှာ ပြန်ထုတ်ပေးဖို့ အသင့် ဖြစ်နေတယ်လို့ သိရပါတယ်။

(၃) မှတ်ဉာဏ် ပိုကောင်းစေဖို့ လမ်းလျှောက်ပါ

သိပ္ပံပညာရှင် တွေဟာ ဦးနှောက်ရှိ မှတ်ဉာဏ်ထိန်းပေးတဲ့ အစိတ်အပိုင်း (Hippocampus) ဟာ အသက်ကြီးလာတာနဲ့အမျှ ကျုံ့သွားတတ်ပြီး ထိုသို့ ကျုံ့သွားခြင်းကို ပြန်ပြင်လို့မရနိုင်လို့ ယူဆခဲ့ကြဖူးပါတယ်။ ခုတော့ အဲလို ယူဆဖို့ မလိုတော့ပါဘူး။ လေ့လာချက် အသစ်တစ်ခုအရ ကိုယ်လက် လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်သူဟာ ဦးနှောက်ကျုံ့တာကို ကာကွယ်ပေးရုံမျှမက တစ်နှစ်အတွင်းမှာ ပြန်လိုတောင်ချဲ့နိုင်ကြောင်း တွေ့ရပါတယ်။ တစ်နေ့ကို မိနစ် ၄၀ ကြာ တစ်ပတ်ကို သုံးရက်လမ်းလျှောက်သူ သက်ကြီးရွယ်အို တွေဟာ ခုမှစပြီး လေ့ကျင့်ခန်းလုပ်သူထက် Hippocampus အရွယ်အစား ၂ ရာခိုင်နှုန်း ဒါ့အပြင် မှတ်ဉာဏ် စာမေးပွဲ ဖြေရာမှာလည်း အမှတ်ပိုကောင်းပြီး ဦးနှောက်ကျန်းမာရေး ကောင်းစေနိုင်တဲ့ ဓာတ်တွေလည်း ပိုများနေပါတယ်။ တစ်ပတ်ကို သုံးရက်၊ တစ်ရက်ကို မိနစ် ၃၀ ကြာ လေ့ကျင့်ခန်းလုပ်ရုံနဲ့ ဦးနှောက်မှတ်ဉာဏ် ကောင်းစေနိုင်ပါတယ်။

(၄) ဦးနှောက်ဆဲလ်တွေ ကာကွယ်ဖို့ အမြန်စာ မစားပါနဲ့

အဆီများတဲ့ အဝစာ၊ အမြန်စာတွေကို အစားများပါက ကြာလာရင် မှတ်ဉာဏ် လျော့နည်းစေကြောင်း သိထားတာ ကြာပါပြီ။ ဒီအစာတွေက အချိန်တိုအတွင်းမှာလည်း ဦးနှောက်ကို ထိခိုက်စေနိုင်ကြောင်း သတိမပြုမိ ကြသေးပါဘူး။ လေ့လာချက် တစ်ခုအရ အဆီများတဲ့ အဝစာ တွေကို ကျွေးတဲ့ အစမ်းသပ်ခံ သတ္တဝါတွေဟာ ကိုးရက်အတွင်း မှတ်ဉာဏ်နဲ့ ပြဿနာ ဖြေရှင်း နိုင်စွမ်း ၁၅ ရာခိုင်နှုန်း ကျသွားတာကို တွေ့ရပါတယ်။

(၅) အမေ့ထူတာ လျော့စေဖို့ Chamomile Tea သောက်ပါ

Chamomile Tea ကို စူပါမားကက်တွေမှာ ရှာဝယ်နိုင်ပါတယ်။ ဦးနှောက်ကို အားဖြည့် ပေးသလို စိတ်ကိုလည်း ဖြေလျှော့ပေးပါတယ်။ အမေ့ထူတာကို လျော့စေတဲ့ Luteolin ဓာတ်တွေလည်း များစွာပါရှိနေပါတယ်။ အသက် အရွယ် အိုမင်းမှုကြောင့် ဖြစ်တတ်တဲ့ မှတ်ဉာဏ်လျော့နည်းမှုကို ဖြစ်စေတဲ့ ဦးနှောက်ရောင်ရမ်းမှုကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် Luteolin ဓာတ် တွေဟာ ဦးနှောက်ဆဲလ် ဆက်နွှယ်မှုကို အနှောင့်အယှက်ပေးနိုင်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းများဖြစ်တဲ့ Cytokines တွေ ထွက်ရှိမှုကို ၉၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။ အကယ်၍ Chamomile Tea ကို ရှာမတွေ့ပါက Luteolin ဓာတ်ကြွယ်ဝတဲ့ မုန်လာဥနီနဲ့ ငရုတ်သီးစိမ်းတို့ကို စားပေးနိုင်ပါတယ်။

ဒေါက်တာနုမြတ် (ရတနာပုံ ကျန်းမာရေး)

Ref: မြ၀တီ
လုပ်ဖော် ကိုင်ဖက် တစ်ယောက်ရဲ့ နာမည်ကို မေ့နေသလား။ အမေ့ထူ လွန်းလို့ စိတ်ညစ် နေပါ သလား။ သော့ဘယ်မှာ ထားမိမှန်း မသိ ဖြစ်နေသလား။

အဲဒါ...အမှန်တရား

အဖြူအနီအပြာစုံ ရောချ
မာယာများတဲ့ လောက
ရေခဲရိုက် အပြုံးများနဲ့
ဂုဏ်ထုတ်ကာ ဟန်လုပ်
အပေါ်ယံ အပေါ်ယံတွေ ငါမလိုချင်ဘူး...!!
ဖြူစင်ကာ ရိုးသား
မှန်ကန်စွာနဲ့ လောကကြီးမှာ
နှလုံးသားထဲက အပြုံးများနဲ့
အမှန်တရား ရှေ့တင်ထားကာ
ရင်ထဲက ဆုံးဖြတ်
ဘယ်သူ့ကိုမှ
တွေဝေစရာမလိုဘူး။ အားကိုးစရာမလိုဘူး။ ကြောက်ရွံ့စရာမလိုဘူး။

အမှန်တရားက ကိုယ့်နောက်မှာရှိတယ်...

လင်းယံခ (မြန်မာစာ)
8/1/2013 12:39AM

Photo: အဲဒါ...အမှန်တရား

အဖြူအနီအပြာစုံ ရောချ
မာယာများတဲ့ လောက
ရေခဲရိုက် အပြုံးများနဲ့
ဂုဏ်ထုတ်ကာ ဟန်လုပ်
အပေါ်ယံ အပေါ်ယံတွေ ငါမလိုချင်ဘူး...!!
ဖြူစင်ကာ ရိုးသား
မှန်ကန်စွာနဲ့ လောကကြီးမှာ
နှလုံးသားထဲက အပြုံးများနဲ့
အမှန်တရား ရှေ့တင်ထားကာ
ရင်ထဲက ဆုံးဖြတ်
ဘယ်သူ့ကိုမှ
တွေဝေစရာမလိုဘူး။ အားကိုးစရာမလိုဘူး။ ကြောက်ရွံ့စရာမလိုဘူး။

အမှန်တရားက ကိုယ့်နောက်မှာရှိတယ်...

လင်းယံခ (မြန်မာစာ)
8/1/2013 12:39AM

အခမဲ့ e-book များ



Photo
E-book အမျိုးမျိုးကို အခမဲ့ download ပြုလုပ်နိုင်မယ့် ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ စာအုပ်တွေကို အမျိုးအစား၊ ရေးသားသူ၊ ရေးသားချိန်၊ အသစ်ထွက်ရှိတာတွေနဲ့ သက်ဆိုင်ရာ စာအုပ် အမျိုးအစား အသီးသီးကို ကဏ္ဍတစ်ခုချင်းစီနဲ့ ခွဲခြား ဖော်ပြပေးထားပါတယ်။

ဖုန်းအတွက် လိုအပ်တာတွေယူမယ်



Photo
ဖုန်းတစ်လုံးရှိလို့ ဖုန်းထဲကို သူများတကာလို အက်ပလီကေးရှင်း လန်းလန်းလေးတွေ သုံးချင်တယ် ဆိုရင်တော့  ဒီဝက်ဘ်ဆိုက်ကို ညွှန်းပေးချင်ပါတယ်။

ဓာတ်ပုံ ဝါသနာရှင်တွေအတွက်



Photo
ကိုယ့်မှာ ကင်မရာတစ်လုံး ရှိတယ်။  ခလုတ် နှိပ်တတ်ရုံကလွဲရင် ဘာမှ အသုံးမချတတ်ခဲ့ရင် ဝယ်ထားရတာ နှမြောစရာ ဖြစ်သွားပါလိမ့်မယ်။ မေးမြန်းလို့ရမယ့် အသိမိတ်ဆွေ မရှိလို့ အားမငယ်ပါနဲ့။ ဒီဝက်ဘ်ဆိုက်ကို လေ့လာကြည့်လိုက်ပါ။

SSK External DVD RW Drive



Photo
ပြည်တွင်းဈေးကွက်ထဲသို့နာမည်ကြီး SSK External DVD RW Drive ဝင်ရောက်လာပါတယ်။ 

လူသိနည်းနေသေးသည့် မိုဘိုင်းဖုန်း၏ လျှို့ဝှက်ချက်များ

၁။ ကမ္ဘာ့ ပထမဆုံး လက်ကိုင်မိုဘိုင်းဖုန်း (ဆယ်လူလာဖုန်း အမျိုးအစား) ကို Motorola မှ ၁၉၈၃ ခုနှစ်က ထုတ်လုပ်ပြီး DynaTAC 8000X လို့ အမည် ပေးထားပါတယ်။

၂။ ကမ္ဘာ့ ပထမဆုံး SMS စာပို့စနစ်ကို ၁၉၉၂ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

အတုံ့အလှည့်

သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိတယ်။ စေတနာပါတဲ့ လုပ်ရပ်တိုင်းမှာ တန်ပြန်ဖြစ်ပေါ်တတ်တဲ့ အတုံ့အလှည့်ဆိုတာ ရှိနေပါတယ်။ လုပ်တဲ့သူက အကောင်းပြုလုပ်ရင် တန်ပြန်သက်ရောက်မှုရဲ့ အတုံ့အလှည့်ဟာ ကောင်းမှာဖြစ်ပြီး လုပ်တဲ့သူက မကောင်းပြုလုပ်ရင် တန်ပြန်သက်ရောက်မှုရဲ့ အတုံ့အလှည့်ဟာလည်း မကောင်းဖြစ်နေမှာပဲ။ ကိုယ်နဲ့ဖြစ်ဖြစ်၊ နှုတ်နဲ့ဖြစ်ဖြစ်၊ စိတ်နဲ့ဖြစ်ဖြစ် ပြုလုပ်ပြောဆိုကြံစည်မှုများဟာ ကိုယ်ကိုယ်တိုင်ရဲ့ ရွေးချယ်မှုပဲဖြစ်ပြီး အဲဒီရဲ့ တန်ပြန်သက်ရောက်မှုဟာလည်း ကိုယ့်ထံပဲပြန်လာမယ်။ အပြုအမူကောင်းရင် အတုံ့အလှည့်ကောင်းမှာဖြစ်ပြီး အပြုအမူဆိုးရင် အတုံ့အလှည့် ဆိုးမှာပဲ။
မနာပဒါယီ(အရှင်ဝိစိတ္တ)

Related Posts Plugin for WordPress, Blogger...

My Account