Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, August 20, 2012

လက်ထပ်လက်စွပ်ကိုဘာလို့လက်သူကြွယ်မှာဝတ်ရတာလဲ

ကယ်…အားလုံး… လက်နှစ်ဖက်ကို ဘုရားရှိခိုးတဲ့ပုံစံကိုပြုလုပ် လိုက်ပါ...
  လက်ခလယ်ကိုခေါက်လိုက်ပြီး လက်ခလည်ကိုကြောချင်းထိအောင် ခေါက်ကွေးထားဖို့လိုမယ်နော်...
  ကျန်တဲ့လက်ချောင်းများက လက်ထိပ်ချင်းထိနေပါစေ။

  ဒီကစားနည်းကို မကစားခင်မှာ လက်ငါးချောင်းက ဘာကိုရည်ညွှန်းတယ်ဆိုတာကို ပြောပြပါမယ်။
 

Acer Aspire S7 Ultrabook တွင် Windows 8 အသုံးပြုနိုင်



Photo
တရုတ် (တိုင်ပေ) အခြေစိုက် ကုမ္ပဏီဖြစ်သည့် Acer သည် ၎င်းတို့၏ ထုတ်ကုန်သစ်ဖြစ်သည့် Acer Aspire S7 ကို ၂၀၁၂ Computex ပြပွဲ၌ မိတ်ဆက် ပြသခဲ့ပြီးနောက်  အဆိုပါ ထုတ်ကုန်နှင့် ပတ်သက်သည့် ဈေးနှုန်းနှင့် မည်သည့်ရက်တွင် တရားဝင် ဖြန့်ချိမည် ဆိုသည့် အချက်များကို ထုတ်ဖော် ကြေညာခဲ့ပြီးဖြစ်သည်။

Windows သုံး Chrome ၌ Flash Crash ဖြစ်မှုကို ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်မည်

Flash  အသုံးပြုမှုမှာ ယနေ့ခေတ်တွင် နည်းပါးလာသော်လည်း web  များတွင်မှု မရှိမဖြစ် အနေအထားအဖြစ် အသုံးပြုနေဆဲပင် ဖြစ်သည်။  အသုံးပြုသူများအတွက် Flash content  ပြသပေးမှုကို ပိုမိုစိတ်ချ လုံခြုံမှုရှိစေရန်  Google  က Windows အတွက် အသုံးပြုသည့် Chrome browser တွင် Flash Player plugin  ကို ထည့်သွင်းပေးထားပြီ ဖြစ်ကြောင်း ကြေညာသွားခဲ့သည်။ အဆင့်မြှင့်တင်ကာ အသစ်ဖန်တီးထားသော ၎င်းတို့၏  sandbox တွင် အဆိုပါ Flash Player ကို ထည့်သွင်းထားခြင်း ဖြစ်ပြီး ယခင် အသုံးပြုခဲ့သည့် Windows XP version တွင်လည်း အဆိုပါစနစ်ကို ထည့်သွင်း အသုံးပြုနိုင်သည်ကိုလည်း ဆက်လက် ဖော်ပြချက်အရ သိရှိရသည်။ Google  က ထုတ်ဖော် ပြောကြားရာတွင် ထိုကဲ့သို့ ပြောင်းလဲလိုက်သော စနစ်အရ လုံခြုံရေးဆိုင်ရာများကို ပိုမို အားကောင်းလာစေမည့် အပြင် Flash crash ဖြစ်မှုကိုလည်း ၂၀ ရာခိုင်နှုန်းခန့် အထိ လျှော့ချပေးနိုင်မည် ဖြစ်သည်။

GSM ဝန်ဆောင်မှု စနစ်များအား အဆင့်မြှင့်တင် ပေးသွားရန် စီစဉ်လျက်ရှိ



Photo
ပြည်တွင်း GSM ဝန်ဆောင်မှုများတွင် အဆင့်မြင့်တင် ပံ့ပိုးပေးသည့်အနေဖြင့် ဖုန်းနံပါတစ်ခုကို ခေါ်ဆိုရာတွင် မအားသည့်အချိန်၌ အခြားဖုန်းတစ်လုံးကို Forward ပြုလုပ်ပေးသည့် ဝန်ဆောင်မှုမျိုးကဲ့သို့ အသုံးပြုသူများနှင့် ပိုမိုအံဝင်မှုရှိမည့် စနစ်သစ်များကို ဖြည့်ဆည်းပေးရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်တွင်း မိုဘိုင်းဖုန်းများ Outbound Roaming စနစ် ၂၀၁၃ တွင် အသုံးပြုနိုင်မည်



မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်းများ ပြည်ပနိုင်ငံများသို့ သယ်ဆောင် အသုံးပြုနိုင်မည့် Outbound Roaming စနစ်ကို ၂၀၁၃ ခုနှစ်အတွင်း အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။  အဆိုပါ Outbound Roaming စနစ်ကို အာဆီယံ နိုင်ငံများအပြင် ကိုရီးယား၊ ဂျပန် အစရှိသည့် နိုင်ငံများနှင့်လည်း ချိတ်ဆက် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံအစိုးရနှင့် သက်ဆိုင်ရာနိုင်ငံများ အချင်းချင်း ညှိနှိုင်းမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မိုဘိုင်းဌာန၏ တာဝန်ရှိသူက ပြောသည်။ ပြည်တွင်းမှ မိုဘိုင်းဖုန်းများ ပြည်ပသို့ သယ်ဆောင် အသုံးပြုမည့် ယင်းစနစ်အတွက် လက်ရှိအချိန်တွင် အထက်ပါ နိုင်ငံများနှင့် အပြန်အလှန် ငွေပေးချေမှု ကိစ္စများကို ညှိနှိုင်းနေသည့် အဆင့်တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
 

မိုးလေဝသနှင့် မုန်တိုင်း အန္တရာယ် ကြိုတင်သိရှိနိုင်သော ရေဒါစက်ကို ကျောက်ဖြူမြို့တွင် ပထမဦးဆုံး တပ်ဆင်မည်

မြန်မာနိုင်ငံအတွင်း မိုးလေဝသနှင့် မုန်တိုင်း အန္တရာယ် ကြိုတင် သိရှိနိုင်သော ရေဒါစက်ကို ကျောက်ဖြူမြို့တွင် ပထမဦးဆုံး စတင် တပ်ဆင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။  “ရေဒါစက် တပ်မှာတော့ ရန်ကုန်၊ မန္တလေးနဲ့ ကျောက်ဖြူမြို့ပါ။ ဒါပေမဲ့ ကျောက်ဖြူမြို့က တခြားနေရာတွေထက် သဘာဝဘေးကို ပိုမို စောင့်ကြည့်ရမှာကြောင့် အဲ့ဒီမှာ ပထမဦးဆုံး တပ်ဆင်ဖို့ စီစဉ်ရတာပါ” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောသည်။

Privacy အငြင်းပွားမှုအတွက် Facebook စစ်ဆေးခံရ

Federal Trade Commission အဖွဲ့သည် ပြီးခဲ့သည့် ၃ နှစ်နီးပါး ကာလအတွင်း လူမှုရေး ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Facebook ၏ users privacy (သီးသန့်ဖြစ်မှု) ချိုးဖောက်မှုနှင့် ပတ်သက်၍ အဆိုပါ လူမှုရေး ဝက်ဘ်ဆိုက်ကို စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။  ယခုအခါတွင် အဆိုပါ ချိုးဖောက်မှုနှင့် ပတ်သက်၍  FTC  နှင့်  Facebook အကြား သဘောတူညီချက် ရရှိခဲ့ပြီး အဆိုပါ သဘောတူညီချက်အရ Facebook အနေဖြင့် users များထံမှ သဘောတူညီချက် ဖော်ပြမှုကို ရယူရမည် ဖြစ်သလို users များ၏ သီးသန့် သတင်း အချက်အလက်များကို  share လုပ်ချင်သည့် အခါတွင်လည်း users များထံသို့ ရှင်းလင်း ထင်ရှားမှုရှိသည့် notice သတိပေးမှု တစ်စုံတစ်ရာကိုလည်း ပေးပို့ရမည် ဖြစ်သည်။
 
ထို့အပြင် Facebook အနေဖြင့် သီးသန့် အချက်အလက်များကို share လုပ်ကိုင်နိုင်ခွင့် ရရှိမည် ဖြစ်သည့်အပြင် ပိုင်ရှင်ဖြစ်သူ  Mark Zuckerberg  ၏ ကုမ္ပဏီ အနေဖြင့်လည်း အဆိုပါ ချိုးဖောက်မှု တစ်ခုစီတိုင်းအတွက် ဒေါ်လာ ၁၆,၀၀၀ ကို ဒဏ်ကြေးအဖြစ် ပေးရန် သဘောတူညီမှု ပေးခဲ့ရသည်။ Facebook ၏ privacy ပြဿနာများနှင့် ပတ်သက်၍ ထဲထဲဝင့်ဝင့် လေ့လာမှုများကို ၂၀၀၉ ခုနှစ်ကတည်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး  users များက share ပေးရန် ရွေးချယ်ထားခြင်း မရှိသည့် သီးသန့် အချက်အလက်များကို ၎င်းတို့ ကုမ္ပဏီက လျှို့ဝှက် ဖော်ထုတ်မှုများ ပြုလုပ်နေသည်ကို

Metro အသုံးနေရာတွင် Windows 8 ဟု Microsoft အမည်ပြောင်းလဲ သတ်မှတ်


Microsoft  ကုမ္ပဏီသည် ၎င်းတို့ ယခင် အသုံးပြုနေသည့်  Metro ဆိုသည့် အသုံးနေရာတွင် Windows 8  (သို့မဟုတ်)  Modern ဆိုသည့် အမည်ဖြင့် အစားထိုး ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း ကြေညာသွားခဲ့သည်။  ထိုအသုံးအနှုန်းသစ်ကို ၎င်းတို့၏ apps  များနှင့် လာမည့် operating system ၏ လှုပ်ရှား လုပ်ဆောင်မှု အားလုံးတွင်ပါ ပြောင်းလဲ သုံးစွဲသွားမည်ဟုလည်း ဖြည့်စွက် ကြေညာသွားခဲ့သည်။ Microsoft  ကို လေ့လာ စောင့်ကြည့်သူ တစ်ဦးဖြစ်သူ Mary Jo Foley ပုဂ္ဂိုလ်က အမည် မဖော်ပြထားသော ရင်းမြစ်တစ်ခုကို ကိုးကား ဖော်ပြချက်အရ  Metro style application အသုံးအနှုန်း နေရာတွင် Windows 8 application ဖြင့် အစားထိုး အသုံးပြုသွားမည် ဖြစ်သည့်အပြင် အခြား ရည်ညွှန်း အသုံးအနှုန်းများ ဖြစ်သည့် Metro user interface  အစား Windows 8 user interface  အဖြစ် လည်းကောင်း၊

ကျောင်းသားများအတွက် ပညာရေး ဘလော့ဂ်များ ပိုမိုလိုအပ်လျက်ရှိ

မြန်မာနိုင်ငံမှ ပညာသင်ယူနေကြသော ကျောင်းသားများအနေဖြင့် အွန်လိုင်းစနစ်ဖြင့် လေ့လာနိုင်သည့် ပညာရေး ဘလော့ဂ်များ ပိုမိုများပြားလာရန် မျှော်လင့်လျက်ရှိပြီး အကယ်၍ ပညာရေးဘလော့ဂ် လွှင့်တင်သည့် ဘလော့ဂ်အရေအတွက် တိုးပွားလာလျှင် ပညာရေးကို အလွန်ကောင်းမွန်သည့် အထောက်အပံ့တစ်ရပ် ဖြစ်စေမည်ဟု ပညာရေးနှင့် ပတ်သက်သည့် အသိုင်းအဝိုင်းများမှ သိရှိရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ အွန်လိုင်းဘလော့ဂ်များ၏ ကဏ္ဍတွင် သတင်းအချက်အလက်မျှဝေမှုကို အဓိက အလေးထားပြုလုပ်နေကြပြီး နည်းပညာကဏ္ဍတွင်လည်း အသုံးချနည်းပညာနှင့် ဗဟုသုတမျှဝေရေး နည်းပညာပိုင်းဟူ၍ လေ့လာသူများအား ထောက်ပံ့လျက် ရှိသည်။

iPhone 5 ဘက်ထရီ လျှို့ဝှက်ချက်အချို့ အွန်လိုင်းပေါ်တွင် ပေါက်ကြား

လာမည့် စက်တင်ဘာ ၁၂ ရက်တွင် ဆန်ဖရန်စစ္စကိုမြို့၌ စတင်မိတ်ဆက်မည့် အိုင်ဖုန်းမျိုးဆက်သစ် iPhone 5 တွင် အသုံးပြုမည့် ဘက်ထရီစနစ်နှင့် ပတ်သက်၍ လျှို့ဝှက်ချက်တချို့ အွန်လိုင်းပေါ်တွင် ပေါက်ကြားသွားခဲ့ကြောင်း  Daily Mail အွန်လိုင်းသတင်းစာက ဖော်ပြခဲ့သည်။

4G စနစ် စတင် အကောင်အထည်ဖော်ပါက တစ်နှစ်အတွင်း မြို့သုံးမြို့၌ အသုံးပြုနိုင်မည့် အနေအထားရှိ

မြန်မာနိုင်ငံ အတွင်းရှိ ဆက်သွယ်ရေးကဏ္ဍကို 4G စနစ်အဖြစ် လက်ရှိအချိန်တွင် စတင် အကောင်ဖော်ပါက တစ်နှစ်အတွင်း မြို့သုံးမြို့၌ စတင် အသုံးပြုနိုင်မည့် အနေအထားရှိကြောင်း ရွှေပြည်တံခွန် ကုမ္ပဏီမှ ဦးလွင်နိုင်ဦးက ပြောကြားသည်။  “4G စနစ်ကို အခုချိန်မှာ စလုပ်ဖို့ လိုအပ်နေပါပြီ။ ဒီစနစ်ကို စတင် အကောင်အထည် ဖော်ရင်တော့ ခြောက်လ သို့မဟုတ် တစ်နှစ် အတွင်းမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တွေမှာ စတင် အသုံးပြုနိုင်မှာပါ။

Thursday, August 16, 2012

စိတ်ဝင်စားစရာ ကောင်းပြီး အသုံးဝင်တဲ့ Facebook Shortcuts များ



Photo
အခုအချိန်မှာ ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းနီးပါးဟာ အကုန်မဟုတ်တောင် သုံးပုံနှစ်ပုံလောက်ဟာ Social Network တွေပေါ်မှာ ရှိနေကြပါတယ်။  ကျွန်တော်တို့ဆီမှာလည်း လူတော်တော်များများမှာ Facebook အကောင့်တစ်ခုစီတော့ ရှိကြပါတယ်။ ကုမ္ပဏီလိုမျိုးတွေ၊ သတင်းဌာနလို နေရာတွေဟာ Social Network တွေကို အသုံးပြုပြီး သတင်းအချက်အလက်တွေ တင်ဆက်မှုတွေ နောက်ပြီး ကြော်ငြာတွေ အတွက်၊ နည်းပညာ ကဏ္ဍတွေအတွက် ပညာမျှဝေတာတွေ လုပ်ဆောင်လာကြပါတယ်။

လက်တွေ့ ငွေကြေးရရှိမည့် ဂိမ်းဝန်ဆောင်မှုကို ဗြိတိန်၌ Facebook စတင်



Photo
Facebook ကုမ္ပဏီသည် ၎င်းတို့၏ လူမှုကွန်ရက်ကို အသုံးပြုနေကြသည့် ဗြိတိန်နိုင်ငံသားများအား အထူး ဝန်ဆောင်မှုတစ်ရပ် အနေဖြင့် လက်တွေ့ ငွေကြေးရရှိမည့် လောင်းကစား ဝန်ဆောင်မှုကို ထောက်ပံ့ပေးလိုက်ကြောင်း သိရသည်။ 

ADATA Flash Drive နှင့် Memory Card ကို တစ်သက်တာ အာမခံပေး


Photo
Micro Computer Co.,Ltd. မှ မြန်မာပြည် တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ချိလျက်ရှိသည့်  ADATA အမှတ်တံဆိပ် USB Flash Drive နှင့် Memory Card များကို  ယခင်ပေးနေသော သက်တမ်းအာမခံ (၁) နှစ်မှ တစ်သက်တာအာမခံ (Life Time Warranty) သို့ ပြောင်းလဲဝန်ဆောင်ပေးမည်ဟု သတင်းရရှိသည်။

၎ တန်းနှင့် ၈ တန်းစာမေးပွဲ မြို့နယ်ဘုတ်အဖွဲ့ဖြင့် ယခု ပညာသင်နှစ်မှစ၍ ပြောင်းလဲစစ်ဆေးမည်


၎ တန်းနှင့် ၈ တန်း၏ အခန်းဆုံး စာမေးပွဲကို ကျောင်းတွင်း စစ်ဆေးခြင်းမှ မြို့နယ်ဘုတ်အဖွဲ့ဖြင့် ပြောင်းလဲ စစ်ဆေးတော့မည် ဖြစ်ကြောင်း အခြေခံပညာ အသိုင်းအဝိုင်းမှ သိရသည်။ 

ကျပ်ငါးထောင်တန်ဖုန်းကို ၂၀၁၃ ဆီးဂိမ်းအမီ ပြည်သူများအား ချထားပေးနိုင်မည်ဟု မျှော်မှန်းထား

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကျပ်ငါးထောင်တန်ဖုန်းကို အများပြည်သူများ ကိုင်ဆောင်နိုင်ရေးအတွက် ရွှေပြည်တံခွန် ကုမ္ပဏီအား ၉-၇-၂၀၁၂ ရက်က အတိုင်ပင်ခံ အဖွဲ့ဝင် အဖြစ် ခေါ်ယူခဲ့ကြောင်း  သတင်းရရှိသည်။ “သုံးလအတွင်း ကျပ်ငါးထောင်တန်ဖုန်း ထွက်မယ်ဆိုတာကတော့ မဟုတ်ပါဘူး။

မိုဘိုင်း ဆင်းကတ်များကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တင်ဒါခေါ်ယူ


Photo
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအတွက် အသုံးပြုရန် လိုအပ်သော မိုဘိုင်းဆင်းကတ်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လုပ်ငန်းသုံးအဖြစ် အသုံးပြုရန်အတွက်  တင်ဒါ ခေါ်ယူနေကြောင်း သိရသည်။

Sunday, August 12, 2012

Intel® ၏နောက်ဆုံးပေါ် 3rd Gen IVY Bridge core i7 CPU သုံး MSI Gaming Laptop များ ရောက်ရှိလာကြောင်းသိရ

နည်းပညာသစ်နှင့် စွမ်းဆောင်ရည်မြင့် ပစ္စည်းများကိုသာ အစဉ်တင်သွင်း ဖြန့်ချိလျက်ရှိသော နာမည်ကြီး နည်းပညာ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့်

Instagram ဓာတ်ပုံများကို ဝက်ဘ်ဆိုက်တစ်ခုတည်းတွင် ကြည့်ရှုနိုင်ပြီ



Photo
နယူးယောက်၊ လန်ဒန်၊ ဆစ်ဒနီ၊ တိုကျိုနှင့် ဆော်ပေါ်လိုမြို့များမှ Instagram အသုံးပြုသူများ တင်သည့် ဓာတ်ပုံများကို ဝက်ဘ်ဆိုက်တစ်ခုတည်း၌ စုံစုံလင်လင် ကြည့်ရှုနိုင်ရန်  စီစဉ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

Facebook အကောင့် ၈၃ သန်းမှာ အတုအယောင် တည်ရှိနေခြင်းဖြစ်ကြောင်း ကုမ္ပဏီမှထုတ်ပြန်



Photo
လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်သည့် Facebook သည် ယခုအခါ အသုံးပြုသူဦးရေ ၉၉၅ သန်းအထိ မြင့်မားလာခဲ့သော်လည်း ထိုအထဲမှ ၈၃ သန်းမှာ အသုံးပြုသူများ ရှိနေခြင်းမဟုတ်ဘဲ အကောင့်သာ ပြုလုပ်ထားသည့် အတုအယောင် တည်ရှိမှုများ ဖြစ်ကြောင်း ကုမ္ပဏီမှ အတည်ပြုထုတ်ပြန် ကြောညာလိုက်သည်။

Micro SD Card Reader



Photo
အချက်အလက်ကို ကူးယူမှု (Data Transfer) High Speed ဖြင့် အသုံးပြုနိုင်မယ့်  Micro SD Card Reader ပဲ ဖြစ်ပါတယ်။

Microlab Speaker မော်ဒယ်အသစ်တစ်မျိုး ဝင်ရောက်



Photo
iPhone, iPod စတာတွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်မယ့် Microlab Speaker တစ်မျိုး ဖြစ်ပါတယ်။ မော်ဒယ် MD331 ဖြစ်ပြီး 3Way woofer အမျိုးအစား ဖြစ်ပါတယ်။ 

FPR 3D Panel Technology



Photo
FPR (Film-type  Patterned  Retarder) နည်းပညာက အခုနောက်ပိုင်း အသစ်ဝင်လာတဲ့ LG CINEMA 3D တီဗီမှာ အသုံးပြုထားတဲ့ 3D Panel နည်းပညာအသစ် ဖြစ်ပါတယ်။  3D တီဗီရဲ့ new generation လို့ ပြောလို့ ရပါတယ်။ ဒီနည်းပညာကို 3D တီဗီနဲ့ တွဲဖက်ပြီး အသုံးပြုရတဲ့ 3D မျက်မှန်မှာပါ ထည့်သွင်း အသုံးပြုထားပါတယ်။ မျက်မှန်ကို သက်တောင့်သက်သာနဲ့ တပ်ဆင်ကြည့်ရှုနိုင်မှာ ဖြစ်တဲ့အပြင် non-electronic polarized glasses 3D မျက်မှန် ဖြစ်တဲ့အတွက် မျက်စိအတွက်လည်း အန္တရာယ် မရှိနိုင်ပါဘူး။ တီဗီရဲ့ panel မှာ special film ကို တွဲဖက်ထားတ FPR panel က 3D ပုံရိပ်တွေကို ပိုမိုတောက်ပပြီး ကြည်လင်တဲ့ ရုပ်ထွက်အရည်ကို ဖော်ဆောင်ပေးပါတယ်။ နောက်ပြီး ဒီနည်းပညာက 3D တီဗီရဲ့ အပိုကုန်ကျစရိတ်တွေကို  ၂၅ ရာခိုင်နှုန်းထိ လျှော့ချပေးသလို polarized glasses 3D မျက်မှန်က shutter glasses 3D မျက်မှန်ထက် ၈၀ ရာခိုင်နှုန်းလောက် တန်ဖိုး နည်းပါးပါတယ်။

၂၀၁၂ ခုနှစ်အတွင်း ကင်မရာ အမြင့်မားဆုံး ဖုန်းအမျိုးအစားသစ် တစ်ခု ပြည်တွင်း ဝင်ရောက်လာ



Photo
၂၀၁၂ အတွင်း ပြည်တွင်းသို့ ဝင်ရောက်ခဲ့သော မိုဘိုင်းဖုန်း ဟန်းဆက်များထဲတွင် ကင်မရာ အမြင့်မားဆုံး ဖုန်းအမျိုးအစားသစ်တစ်ခု ပထမဆုံး စတင် ဝင်ရောက်လာခဲ့ကြောင်း  သိရသည်။

ဈေးနှုန်းသင့် ဒီဂျစ်တယ် ကင်မရာ Yashica



Photo
လှုပ်ရှားမှုပုံရိပ်များကို ဈေးနှုန်းနည်း အပျော်တမ်း ကင်မရာမျိုးဖြင့် မှတ်တမ်းတင်ထားလိုသူများ အဆင်ပြေ  အကြိုက်တွေ့စေမည့် ကင်မရာဖြစ်သည်။

Related Posts Plugin for WordPress, Blogger...

My Account