Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, December 21, 2011

ချစ်သူတို့အတွက်

အချစ်ဆိုတဲ့အရာကို ဘယ်သူကမှအတိအကျပြောမပြနိုင်ပေမယ့် လူတိုင်းမှာတော့ ချစ်တတ်တဲ့နှလုံးသားဆိုတာ ရှိကြပါတယ်။ ဥပမာ ပြောရရင်တော့ မိဘက သားသမီးကိုချစ်တာ၊ကောင်လေးက ကောင်မလေးကိုချစ်တာပေါ့ဗျာ။ အခု ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာကတော့ ချစ်သူစုံတွဲတိုင်း သိထားသင့်တယ် ထင်လို့ပါ.ဆရာကြီးလုပ်တာတော့ မဟုတ်ပါဘူးဗျာ.ဖြစ်ပျက်နေတဲ့အကြောင်းအရာလေးတွေကို သုံးသပ်ရင်း စေတနာနဲ့ ရေးပေးတာပါ.မိမိကိုယ်ကို သိတယ်လို့ ထင်ရင်တော့ ဆက်မဖတ်ထား အကောင်းဆုံးပေါ့.

လူသားတိုင်းဟာ အချစ်ဆိုတာ မွေးဖွားလာကတည်းက ကြုံတွေ့တာခဲ့တာပါ.ဒါပေမယ့် အဲဒီအချိန်မှာတော့ စွဲလမ်းခြင်းမရှိတဲ့ အေးမြလှတဲ့ အချစ်တွေနဲ့ပေါ့.
အသက် ၁၅နှစ်၁၆နှစ်လောက်ကြတော့ လူငယ်တိုင်းဟာ အချစ်ကိုရှာဖွေစူးစမ်းလာကြတယ်.ဒါနဲ့ ပြဿနာက ဒီမှာစတာပေါ့ဗျာ.မြန်မာစကားပုံတစ်ခုရှိတယ်.
ရည်းစားဦးနဲ့ လွဲတတ်တယ်တဲ့။ကဲ..ဒီစကားမှန်သလား။ ကျွန်တော်ကတော့ မှန်တယ်လို့ ယူဆတယ်. ကျွန်တော်လည်း လွဲခဲ့ဖူးတာဘဲ.ဒါကြောင့် မှန်တယ်လို့ ပြောတယ်လို့ မထင်ပါနဲ့။ဒါဆို ရည်းစားဦးနဲ့ ပေါင်းသင်းရသူတွေကောရှိလား ၊ ရှိပါတယ် ၁၀၀ ရာခိုင်နှုန်းမှာ ၂၀ ရာခိုင်းနှုန်းက ပေါင်းသင်းရပါတယ် ၊ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကတော့ အချစ်ဦး နဲ့ လမ်းခွဲရတာ ချည်းပါဘဲ ။ဒီတော့ ကျွန်တော် ဒီနေရာလေးမှာပြောချင်တာလေး ရှိပါတယ်။တကယ်တော့ ၁၅ နှစ် ၊ ၁၆ နှစ် အရွယ်ဆိုတာ မရင့်ကျက်သေးတဲ့ အရွယ် ၊ စိတ်ကစားတတ်တဲ့အရွယ်တွေ ပါ ၊ ဒီအချိန်မှာ ဖြစ်လာတဲ့ ရင်ခုန်မှု ၊ ခံစားမှု ၊ တိုက်ဆိုင်မှုလေးတစ်ခုကို အချစ်လို့သတ်မှတ်လိုက်ကြတယ် ၊ လက်ခံလိုက်ကြတယ် ၊ ထူးခြားတဲ့ ခံစားမှုလေးတစ်ခုနဲ့ဘဲ အချစ်လို့သတ်မှတ်ပြီး ရည်းစားထားလိုက်တော့ ၊ အချစ်ဦးနဲ့ ကွဲတာ ရည်စားဦးနဲ့ ပြတ်တာတွေ ဖြစ်လာရတာပါ။ဒါပေမယ့် ၁၅နှစ်၊ ၁၆နှစ် ရည်းစားထားသူတွေမှ ဖြစ်တတ်တာလား။ ဒီလိုလည်း မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အထင် ပြောရရင် ပထမဆုံးအကြိမ်မို့လို့ အတွေ့အကြုံမရှိသေးလို့ ဖြစ်ရတာပါ.လူတွေ ရည်းစားထားကြတယ် ၊ ချစ်သူရှာကြတယ် ၊ တစ်သက်တာအတွက် ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ကြတယ် ၊ ဒါ သဘာဝပါ ၊ ကျွန်တော် အကြံပေးချင်တာလေးတွေရှိပါတယ် ၊ ချစ်သူတွေ စုံတွဲတွေ သိထားသင့်တာလေးတွေပါ ။

ချစ်သူ စုံတွဲတွေမှာ ချစ်သူရယ်လို့ဖြစ်လာပြီဆိုရင် ချစ်သက်တမ်း အစပိုင်းမှာ အချစ်ကြီးတတ်ကြပါတယ် ၊ မျက်စိအောက်က အပျောက်မခံတာတို့ ၊ သွားလေရာတကောက်ကောက် လိုက်တာတို့ ၊ တစ်ခုခုဆို ကိုယ့်ကိုဘဲ ရှေ့တန်းတင်စေချင် အရေးပေးစေချင်တာတို့ ၊ အထူးသဖြင့်ယောက်ျားလေးတွေမှာ အဖြစ်များပါတယ် ၊ မိန်းကလေးတွေမှာလည်းဖြစ်တက်ပါတယ် ၊ သ၀န်တိုတာ စသဖြင့်ပေါ့ ရှိတတ်ပါတယ် ၊ ဂရုစိုက်လွန်းအားကြီးတာပေါ့ဗျာ ၊ ဒီလိုမျိုးတွေ ဖြစ်နေတာကို ကိုယ့်ချစ်သူက နားလည်ပေးနိုင်ရင်တော့ကောင်းပါတယ် ၊ အော် ငါ့ကိုချစ်လို့ သူ ဒီလိုဖြစ်နေတာပါလား ဆိုပြီး နားလည်ပေးနိုင်တယ်ဆိုရင်တော့ ကောင်းတာပေါ့ ၊ အဲ နားမလည်ပေးနိုင်ရင်တော့ ပြသာနာကြီးပြီ ၊ ကိုယ့်ချစ်သူက ကိုယ့်ကိုထင်လိမ့်မယ်
သူ ငါ့ကို မယုံလို့များ ငါ့နောက်တကောက်ကောက်လိုက်နေတာလား ၊
 ငါ့နောက်တကောက်ကောက် လိုက်နေရအောင် ငါက အဲဒီလောက်တောင် မယုံကြည်ရတဲ့ သူဖြစ်နေပြီလား
ငါ့ကိုအဲလိုများ သတ်မှတ်ထားလားဆြိုပီး
ကိုယ့်ချစ်သူက ကိုယ့်ကို အထင်လွဲသွားတာလေးတွေ ဖြစ်လာနိုင်ပါတယ် ( သတိထားနော် အချစ်ကြီးသူတွေ ) ၊ ဒါဆို ကိုယ့်ချစ်သူကို ဂရုမစိုက်ဘဲ ပစ်ထားရမှာလား ၊ အဲလိုကြီးလည်းလုပ်စရာမလိုပါဘူး ၊ ဂရုစိုက်သင့်တဲ့နေရာမှာတော့ ဂရူစိုက်ပေးရပါမယ် ၊ ဥပမာ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ဂရုစိုက်တာမျိုး စသဖြင့်ပေါ့ ၊ ယုံကြည်သင့်တဲ့နေရာမှာလည်း ယုံယုံကြည်ကြည် စိတ်သန့်သန့်လေးနဲ့ ယုံကြည်ပေးသင့်ပါတယ် ၊ ကိုယ့်ချစ်သူကို ယုံကြည်သင့် သလား စိတ်ချသင့်သလား ဆိုတာ ကိုယ့်ချစ်သူရဲ့ နောက်ကြောင်း ၊ စိတ်နေသဘောထားပေါ်ကိုကြည့်ပြီး ဆုံးဖြတ်ရင် အကောင်းဆုံးပါ ၊ ဆုံးဖြတ်လို့ရပါတယ် ၊ နေရာတကာ သံသယမျက်လုံးတွေနဲ့ဘဲ ကြည့်မနေသင့်ပါဘူး ၊ သံသယလွန်ကဲတာဟာ ကိုယ့်ကိုကိုယ် နှိပ်စက်နေတာနဲ့အတူတူပါဘဲ ၊ဘုရားက တစ်ဘက်ထဲကိုပဲ ကြည့်စေချင်ရင် မျက်စိတစ်လုံးဘဲပေးထားမှာပေါ့ သံသယမျက်လုံးတွေနဲ့ဘဲ ကြည့်နေမယ်ဆိုရင်တော့ ကိုယ့်ချစ်သူကို ကိုယ်ကိုယ်တိုင် သတ်မှတ်ပေးလိုက်တာဘဲ မယုံကြည်သင့်တဲ့သူ ၊ စိတ်မချရတဲ့သူလို့ ။

(သတိ)ယောက်ျားလေးများ သေချာဖတ်ရန်.........
မိန်းကလေးတော်တော်များများဟာ စည်းကမ်းတွေ ဘောင်တွေအောက်မှာ မနေလိုကြပါဘူး ၊ တချို့ စုံတွဲတွေမှာ ရှိပါတယ် ၊ ယောက်ျားလေးက ချစ်သူမိန်းကလေးကို တခြား သူစိမ်းယောက်ျားလေးနဲ့ စကားမပြောခိုင်းတာတို့ ၊ အပြင်သွားရင် သူမပါဘဲ မသွားရဘူးတို့ ၊ တခြား သူစိမ်းယောက်ျားလေးနဲ့ တွဲသွားတွဲလာ မလုပ်ရဘူးတို့ ၊ ဒါမျိုးတွေက တကယ်တော့ မဖြစ်သင့်ပါဘူး ၊
လူရယ်လို့ဖြစ်လာပြီဆိုရင် ပတ်ဝန်းကျင် ၊ လူ့ဘောင်အသိုင်းက၀ိုင်း ၊ လူမှုရေးဆိုတာရှိပါတယ် ၊ လူတွေထဲမှာ နေတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် လူတွေနဲ့တော့ ဆက်ဆံရမှာဘဲ ၊ နောင်တစ်ချိန် စီးပွားရေးလောကထဲဝင်ရင် ဘယ်လိုလုပ်မလဲ အမျိုးသား ၊ အမျိုးသမီး ခွဲခြားလို့မဖြစ်ဘူးလေ ၊ လူအသိုင်းအ၀ိုင်းထဲမှာနေတဲ့ အတွက် လူမှုရေးတော့ ရှိရမှာပေါ့ ၊ ဒီလိုဆိုတော့ ယောက်ျားလေးတွေက ပြောပါလိမ့်မယ် အဲဒါ နင့်ကို ချစ်လို့ ၊ နင့်ကို ချစ်လို့ဆိုပြီး ၊ တကယ်တော့ ချစ်တာမဟုတ်ဘူး ကိုယ့်ချစ်သူကို မယုံကြည်တာ ၊ နားလည်မှုမရှိတာ ၊ အဲလို စည်းတွေဘောင်တွေ သတ်မှတ်ထားမယ်ဆိုရင်တော့ သတိပေးလိုက်မယ်ဗျာ စည်းတွေဘောင်တွေ သတ်မှတ်ထားတတ်တဲ့သူများ ၊ မကြာပါဘူး သင်တို့ကိုခြေစုံကန်ပြီး ထွက်ပေါက်ရှာသွားပါလိမ့်မယ် ၊ မယုံရင်စောင့်ကြည့်နေပါ ကိုယ့်ကို စွန့်ခွာသွားပါလိမ့်မယ် ၊

စိတ်ကောက်တတ်သူများ
အထူးအဖြင့် မိန်းကလေးတွေ ထစ်ခနဲရှိ စိတ်ကောက်တတ်ကြတယ် ၊ နားလည်ပါတယ် ကိုယ့်ချစ်သူရဲ့ ချော့တာလေးခံချင်လို့၊ နွဲ့ဆိုးလေးဆိုးချင်လို့ စိတ်ကောက်ကြတယ်ဆိုတာ ၊ ဒါပေမဲ့ဗျာ စိတ်ကောက်တိုင်းမကောင်းပါဘူး ၊ စိတ်ဆိုးသင့်တဲ့နေရာ ကောက်သင့်တဲ့နေရာမှာ ဘဲ ကောက်ပေါ့ ၊ နေရာတကာ တော့ အချော့ခံချင်လို့ စိတ်ကောက်တယ် ဆိုတာတော့ မဖြစ်သင့်ပါဘူး ၊ ဒီနေရာမှာလည်း နားလည်မှုလေးတွေ လိုအပ်နေတာပါ အရာရာကို နားလည်ပေးပြီး အကောင်းမြင်လေးနဲ့ မြင်ပေးမယ်ဆိုရင်အကောင်းဆုံးပေါ့ဗျာ ၊ ယောက်ျားလေးတွေကတော့ ပြောပါလိမ့်မယ် ဒီလိုဆိုးတာလေးတွေကိုဘဲ ချစ်နေတာ ၊ ကောက်တာလေးဘဲချစ်နေတာ ၊ နှုတ်ခမ်းဆူတာလေးဘဲ ချစ်နေတာ ဆိုပြီး လျှာရိုးမရှိတိုင်း ပြောပြပါလိမ့်မယ် ယောက်ျားလေးတွေ ယောက်ျားလေးတွေ ၊ ဒါမျိုးပြောတာတွေဟာ ဖြစ်နိုင်ပါတယ် ဟုတ်လည်းဟုတ်လောက်ပါတယ် စချစ်ခါစအချိန်မှာဆိုရင်ပေါ့ ၊ ခဏ ခဏ စိတ်ကောက်လွန်းရင်တော့ နောက်ပိုင်းမှာ အဖုအထစ်လေးတွေ ရှိလာပါလိမ့်မယ် ၊ စချစ်ခါစ မှာတော့ ချစ်လို့ ခွင်လွတ်ပေးနိုင်ပေမဲ့ ၊ ကြိမ်ဖန်များလာရင်တော့ သည်းခံနိုင်မှာမဟုတ်ဘူးနော် ၊ လူဘဲဗျာ ၊ ကျောက်တုံးမှ မဟုတ်တာ ၊ ကျောက်တုံးကျောက်ခဲတွေတောင်မှ ပွတ်ပါများရင် သေးသွား အမှုန့်ဖြစ်သွားသေးတာဘဲမဟုတ်လား ၊ သည်းခံနိုင်မှုဆိုတာ အတိုင်းအတာတစ်ခုအထိဘဲရှိပါတယ် ၊ နောက်ပိုင်းမှာ ကိုယ့်ကို ငြီးငွေ့သွားပြီး ထွက်ပေါက်ရှာသွားတာမျိုးတွေဖြစ်လာလိမ့်မယ်နော် (စိတ်ကောက်တက်သူများ သတိထား ) ၊ လူတိုင်းဟာ ခန္တီပါရမီနဲ့ ပြည်စုံတဲ့ လူတွေ မဟုတ်တဲ့အတွက် အရာရာကိုတော့ နားလည်ပေးနိုင်မှာမဟုတ်ပါဘူး ။

ဥပမာပြောရရင်တော့
ရည်းစားထားတယ်ဆိုတာ လူနှစ်ယောက် ကြိုးတစ်ချောင်းကို အစွန်းနှစ်ဖက်စီကဆွဲနေသလိုဘဲ နှစ်ဖက်လုံးက တင်းတင်းဆွဲရင် ကြိုးက ပြတ်ထွက်သွားမယ် ၊ နှစ်ဖက်လုံးလျော့လွန်းနေပြန်ရင်လည်း ကြိုးကကြာလာရင် ဆွေးပြီးပြတ်သွားမှာဘဲ ၊ ဒီတော့ တစ်ဖက်ကတင်းရင် တစ်ဖက်ကလျော့ပေးလိုက် ၊ ဒီဘက်ကတင်းရင် ဟိုဘက်ကလျော့ပေးလိုက် ၊ ဒါဆိုရင် အဲဒီကြိုးဟာ ဘယ်နည်းနဲ့ မှ ပြတ်နိုင်စရာ အကြောင်းမရှိပါဘူး ချစ်သူတွေမှာလည်း တူတူပါဘဲ ၊ တစ်ဦးက တင်းနေရင် တစ်ဦးက လျော့ပေးလိုက်တာ အကောင်းဆုံးပါဘဲ ၊ နှစ်ဦးလုံးက တင်းနေရင်တော့ စိတ်မကောင်းစရာတွေဘဲ ဖြစ်လာပါလိမ့်မယ် ၊ အချစ်စစ်တို့လျှောက်ရမဲ့ လမ်းသည် ဘယ်သောအခါမှ မဖြောင့်ဖြူး ၊ သိပ်ကိုမှန်တဲ့စကားလေးပါ ချစ်သူတွေ လျှောက်ရမဲ့ လမ်းဟာ အလွန်ကြမ်းတမ်းပါလိမ့်မယ် ကြုံတွေ့လာမဲ့ ပြသာနာတွေ အခက်ခဲတွေ ကို ကြောက်ပြီး ပုန်းရှောင်တာမျိုးတော့ မလုပ်မိပါစေနဲ့ ၊ ကိုယ်ချစ်သူရှေ့မှာ မားမားမတ်မတ် ရပ်တည်ရင်ဆိုင်လိုက်ပါ။
အထူးသဖြင့် ယောက်ျားလေးတွေကို ဦးတည်ပြောချင်ပါတယ် ၊
ချစ်သူတွေမှာ ပထမဆုံးကြုံတွေ့ရမဲ့ ပြသာနာက တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ၊ နားလည်မှုဟာ ချစ်သူတွေအတွက် အလွန်အရေးကြီးပါတယ် ၊ သတိထားရမဲ့ အချက်ကလေးတွေ ရှိပါတယ် ၊ အမျိုးသားတွေ ကိုယ့်ချစ်သူနဲ့တွေ့တဲ့ အချိန်မှာ ရည်းစားဟောင်းအကြောင်း မပြောမိပါစေနဲ့ ၊ မင်းကို ကိုယ်ချစ်တယ်ဆိုတဲ့ စကားလေး ၊ အဲဒီ ချစ်တယ်ဆိုတဲ့ စကားလေးကို အစဉ်ပြောပေးရပါမယ် ၊ အချိန်တိုင်းကြီး ၊ နေတိုင်း ပြောရမယ်လို့လည်း မဆိုလိုပါဘူး ၊ ပြောပါများလာရင်လည်း ရိုးသွာတာတွေ မလေးနက်တာတွေ ဖြစ်လာပါလိမ့်မယ် ၊ ကိုယ့်ချစ်သူရဲ့ မွေးနေ့ ၊ ကိုယ်ကို့ အဖြေပေးတဲ့ နေ့ အဲဒီနေ့ တွေကိုတော့ စွဲစွဲမြဲမှတ်ထားဖို့တော့ အရေးကြီးပါတယ် ၊ တခြားဟာတွေ အမှတ်မရရင် နေပါစေ ၊ ဒီ နှစ်ရက်ကိုတော့ ဦးနှောက်ထဲမှာ စွဲနေဖို့လိုအပ်ပါတယ် ၊ ကိုယ့်ချစ်သူအတွက် ကိုယ်သူ့ကိုဘယ်လောက်ချစ်ကြောင်း သိစေဖို့ မထင်မှတ်တာလေးတွေ ၊ အံသြစေတာလေးတွေ ကို မကြာခဏဖန်တီးပေးသင့်ပါတယ် ၊ ဒါမှလည်း ကိုယ့်ချစ်သူက ကိုယ့်ဆီမှာဘဲ စိတ်ရောက်နေမှာပါ သာယာနေမှာပါ ၊ တခြားသော သူစိမ်းတစ်ယောက်စီ စိတ်ရောက်နေတာမျိုးလုံးဝအဖြစ်မခံပါနဲ့ ၊ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ကိုယ့်ဘက်မှာရှိနေဖို့ အလွန်အရေးကြီးပါတယ် ။

အရေးကြီးတဲ့ နောက်တစ်ချက် ၊ ချစ်သူချင်း သဘောထားတိုက်ဆိုင်မှု ၊ အလွန်အရေးပါ ပါတယ် ၊ (အသွင်တူမှ အိမ်သူဖြစ်မယ် ) ဆိုတဲ့ စကားလေးကို ကြားဖူးပါသလား ၊ အဓိပ္ပာယ်ကိုကော သေချာသိပါသလား ၊ အချို့သော ချစ်သူစုံတွဲတွေမှာ စိတ်သဘောထားမတိုက်ဆိုင်တဲ့ ပြသာနာလေးတွေရှိပါတယ် ၊ အထူးသဖြင့် မိန်းကလေးတွေပေါ့ သူနဲ့ ကိုယ်နဲ့ အကြိုက်ခြင်းမတူတာတို့ ၊ ကိုယ်ကြိုက်တဲ့ အစားအစာနဲ့ သူကြိုက်တာနဲ့ မတူတာတို့ ၊ ကိုယ်က ဒီအရောင်လေးကြိုက်တယ် သူကတော့ တခြားရောင်ကြိုက်တယ် စသဖြင့် ဒီလိုအသေးမွှားပြသာနာလေးတွေက အစ ပြသာနာရှာတက်ကြတယ် ၊ အသွင်တူမှအိမ်သူဖြစ်မှာ ဆိုတဲ့စကားကို အဓိပ္ပာယ်ကောက်တာလွဲပြီး ဒီလိုပြသာနာလေးတွေ ဖြစ်လာတာပါ ၊ တကယ်တော့ ဒါတွေဟာ အယူသီးမှုတွေပါ ၊ (အသွင်တူမှ အိမ်သူဖြစ်မှာ) သေချာစဉ်းစားကြည့်ပါ အသွင်တူမှလို့ပြောတာပါ အကြိုက်တူမှ လို့ပြောတာ မဟုတ်ပါဘူး ၊ အသွင်တူတယ်ဆိုတာကလည်း ၊ သူနဲ့ကိုယ်နဲ့ လုပ်ပုံကိုင်ပုံလေးတွေ ၊ သူဖြစ်ချင်တာကို ဖြစ်စေချင်တဲ့အတိုင်း ကိုယ်ကဖြစ်အောင်လုပ်ပေးနိုင်တာလေးတွေ ၊ စတာတွေပါ ၊ အကြိုက်ချင်းတူမှ ဘာညာဆိုတာ အယူသီးမှုတစ်ခုပါဘဲ ၊ အသွင်တူဖို့ ဆိုတာကလည်း ၊ လူတွေဟာ မွေးလာကတည်းက လူတစ်ကိုယ် စိတ်တစ်မျိုး ဗီဇတစ်ခုစီပါလာတက်ကြပါတယ် ၊ ဒါကြောင့် လူလူချင်း အသွင်တူဖို့ဆိုတာ မလွယ်ပါဘူး ၊ ဒါဆို ဘယ်လိုမျိုး ဘယ်ချိန်မှာ အသွင်တူတယ်လို့ခေါ်နိုင်သလဲ ၊ တံငါနားနီး တံငါ ၊ မုဆိုးနားနီး မုဆိုးဆိုတဲ့ စကားပုံလေးလိုပါဘဲ ၊ လူတွေဟာ ကိုယ်နဲ့ နီးစပ်ရာကို အတုယူ ပြုမူ တက်ကြပါတယ် ၊ တခြားသော လူတစ်ယောက်နှင့် အနေနီးလေ တခြားသူရဲ့ အပြုအမူ ပြောပုံဆိုပုံတွေ ဟာ ကိုယ်ဆီမှာ ပါလာတက်လေပါဘဲ ၊ ကျွန်တော်ဆိုလိုချင်တာက ၊ ကိုယ်ချစ်သူနဲ့ စ ချစ်ခါစမှာတော့ ဘယ်လိုမှ အသွင်မတူနိုင်ပါဘူး ၊ ဒါကို စိတ်သောကတစ်ခုအနေနဲ့ မသတ်မှတ်ပါနဲ့ ၊ ဒါပေမဲ့ အချိန်ကြလာတာနှင့်မျှ ၊ ရည်စားသက်တမ်းကြာလာပြီး မိမိချစ်သူနဲ့အနေနီးလာတာနဲ့အမျှ ၊ သူ့ရဲ့ ပြောပုံဆိုပုံလေးတွေ ၊ သူလုပ်တက်တဲ့ အပြုအမူလေးတွေက ကိုယ့်ဆီမှာ လာပြီး ပြုမှုလာပါတယ် လုပ်ဆာင်လာပါတယ် ၊ အဲဒီအချိန်ကြမှဘဲ အသွင်တူမှ အိမ်သူဖြစ်မယ် ဆိုတဲ့စကားလေးရဲ့ အဓိပ္ပာယ်ပေါ်လွင်လာတာပါ ။

အရေးကြီးတဲ့ နောက်တစ်ချက် ၊ ချစ်သူချင်း သဘောထားတိုက်ဆိုင်မှု ၊ အလွန်အရေးပါ ပါတယ် ၊ (အသွင်တူမှ အိမ်သူဖြစ်မယ် ) ဆိုတဲ့ စကားလေးကို ကြားဖူးပါသလား ၊ အဓိပ္ပာယ်ကိုကော သေချာသိပါသလား ၊ အချို့သော ချစ်သူစုံတွဲတွေမှာ စိတ်သဘောထားမတိုက်ဆိုင်တဲ့ ပြသာနာလေးတွေရှိပါတယ် ၊ အထူးသဖြင့် မိန်းကလေးတွေပေါ့ သူနဲ့ ကိုယ်နဲ့ အကြိုက်ခြင်းမတူတာတို့ ၊ ကိုယ်ကြိုက်တဲ့ အစားအစာနဲ့ သူကြိုက်တာနဲ့ မတူတာတို့ ၊ ကိုယ်က ဒီအရောင်လေးကြိုက်တယ် သူကတော့ တခြားရောင်ကြိုက်တယ် စသဖြင့် ဒီလိုအသေးမွှားပြသာနာလေးတွေက အစ ပြသာနာရှာတက်ကြတယ် ၊ အသွင်တူမှအိမ်သူဖြစ်မှာ ဆိုတဲ့စကားကို အဓိပ္ပာယ်ကောက်တာလွဲပြီး ဒီလိုပြသာနာလေးတွေ ဖြစ်လာတာပါ ၊ တကယ်တော့ ဒါတွေဟာ အယူသီးမှုတွေပါ ၊ (အသွင်တူမှ အိမ်သူဖြစ်မှာ) သေချာစဉ်းစားကြည့်ပါ အသွင်တူမှလို့ပြောတာပါ အကြိုက်တူမှ လို့ပြောတာ မဟုတ်ပါဘူး ၊ အသွင်တူတယ်ဆိုတာကလည်း ၊ သူနဲ့ကိုယ်နဲ့ လုပ်ပုံကိုင်ပုံလေးတွေ ၊ သူဖြစ်ချင်တာကို ဖြစ်စေချင်တဲ့အတိုင်း ကိုယ်ကဖြစ်အောင်လုပ်ပေးနိုင်တာလေးတွေ ၊ စတာတွေပါ ၊ အကြိုက်ချင်းတူမှ ဘာညာဆိုတာ အယူသီးမှုတစ်ခုပါဘဲ ၊ အသွင်တူဖို့ ဆိုတာကလည်း ၊ လူတွေဟာ မွေးလာကတည်းက လူတစ်ကိုယ် စိတ်တစ်မျိုး ဗီဇတစ်ခုစီပါလာတက်ကြပါတယ် ၊ ဒါကြောင့် လူလူချင်း အသွင်တူဖို့ဆိုတာ မလွယ်ပါဘူး ၊ ဒါဆို ဘယ်လိုမျိုး ဘယ်ချိန်မှာ အသွင်တူတယ်လို့ခေါ်နိုင်သလဲ ၊ တံငါနားနီး တံငါ ၊ မုဆိုးနားနီး မုဆိုးဆိုတဲ့ စကားပုံလေးလိုပါဘဲ ၊ လူတွေဟာ ကိုယ်နဲ့ နီးစပ်ရာကို အတုယူ ပြုမူ တက်ကြပါတယ် ၊ တခြားသော လူတစ်ယောက်နှင့် အနေနီးလေ တခြားသူရဲ့ အပြုအမူ ပြောပုံဆိုပုံတွေ ဟာ ကိုယ်ဆီမှာ ပါလာတက်လေပါဘဲ ၊ ကျွန်တော်ဆိုလိုချင်တာက ၊ ကိုယ်ချစ်သူနဲ့ စ ချစ်ခါစမှာတော့ ဘယ်လိုမှ အသွင်မတူနိုင်ပါဘူး ၊ ဒါကို စိတ်သောကတစ်ခုအနေနဲ့ မသတ်မှတ်ပါနဲ့ ၊ ဒါပေမဲ့ အချိန်ကြလာတာနှင့်မျှ ၊ ရည်စားသက်တမ်းကြာလာပြီး မိမိချစ်သူနဲ့အနေနီးလာတာနဲ့အမျှ ၊ သူ့ရဲ့ ပြောပုံဆိုပုံလေးတွေ ၊ သူလုပ်တက်တဲ့ အပြုအမူလေးတွေက ကိုယ့်ဆီမှာ လာပြီး ပြုမှုလာပါတယ် လုပ်ဆာင်လာပါတယ် ၊ အဲဒီအချိန်ကြမှဘဲ အသွင်တူမှ အိမ်သူဖြစ်မယ် ဆိုတဲ့စကားလေးရဲ့ အဓိပ္ပာယ်ပေါ်လွင်လာတာပါ ။

အချစ်ဦးတို့အတွက်
တချို့ကျသော်လည်း ဒီလိုရှိတယ်ဗျ.ကျွန်တော့်သူငယ်ချင်းတစ်ယောက်လည်း မိန်းကလေးတစ်ယောက်ကြောင့် စိတ်ခံစားခဲ့ရဖူးတယ်.ရှင်းရှင်းပြောရရင်တော့ အသည်းကွဲတာပေါ့ဗျာ.အဲဒီအချိန်မှာ သူကမိန်းမတွေကို မုန်းတယ်.ဘယ်သူတွေ ရှင်းပြရှင်းပြလက်မခံဘူး။ ဒီတော့ ကျွန်တော်လည်း မနည်းပြောပြခဲ့ရတယ် ။
ကျွန်တော်ပြောချင်တာကတော့ လောကမှာ မိမိအပေါ်နားလည်ပေးနိုင်တဲ့သူ ရှိသလို နားမလည်ပေးနိုင်သူလည်း ရှိနေနိုင်ပါတယ်။ဒါပေမယ့် ဒဏ်ရာတိုင်းမှာတော့ အမာရွတ်ဆိုတာ ကျန်စမြဲပါဘဲ။ဒါပေမယ့် ဒီအမာရွတ်ကိုကြည့်ပြီး အတိတ်က အရာတွေကိုတမ်းတနေမည့်အစား နောက်ထပ်တစ်ကြိမ် မကြုံနိုင်အောင် ဖန်းတီးတာ အကောင်းဆုံးလို့ ကျွန်တော်ထင်ပါတယ်။နောက်ပြီး တယူသန်မုန်းတီးမှုဆိုတာ မထားရှိသင့်ဘူးလို့ ကျွန်တော်ပြောချင်ပါတယ်။
ဒါ့ကြောင့် ချစ်သူတွေမှာ အရေးကြီးဆုံး အချက်ဟာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိဖို့နဲ့ ယုံကြည်မှုရှိဖို့ပါဘဲ ၊ ဒီနှစ်ချက်သာ သင်တို့ဆီမှာရှိမယ်ဆိုရင် ပျော်ရွှင်စွာနဲ့ ဘ၀ခရီးကြမ်းကို ချစ်သူလက်တွဲပြီး အတူလျှောက်လှမ်းနိုင်မှာပါဗျာ။

ချစ်သူတိုင်း ပေါင်းဖက်စုံမက်နိုင်ပါစေ။

လင်းယံခ (အသည်းကွဲ မြို့တော်)
19/12/11
PM 9:40

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account