Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, January 22, 2012

Barcamp Mandalay Volunteers Meeting မှ ပုံရိပ်များ


၂၁.၁.၁၂ ညနေ ၄နာရီအချိန်က MCPA အသင်းရုံး၌ Barcamp Mandalay 2012 Volunteers Meeting ကျင်းပပြုလုပ်ခဲ့သည်။၎င်း ဆွေးနွေးပွဲတွင် တက်ရောက်လာသော ဗော်လန်တီယာများအနေဖြင့်
၁. လက်ကမ်းကြော်ငြာ ဝေခြင်း ကိစ္စ
၂. ပွဲနေ့တွင် Organizer များ Volunteer များစုပေါင်းကာ အခမ်းအနားပြင်ဆင်ရေး ကိစ္စ
၃. ပွဲလာရောက်သူများကို အမှတ်တရလက်ဆောင် ပေးဝေရေး ကိစ္စ
၎. အခန်းများတွင် တာဝန်ခံများချထားရေး ကိစ္စ တို့ကို အလေးပေးဆွေးနွေးခဲ့ကြသည်။ထို့နောက် Organizer များ၊volunteerများက ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးခဲ့ကြရာ ပွဲနေ့တွင် (Organizer ၊ volunteerများသာ)
၁. တူညီဝတ်စုံ ၀တ်ဆင်ရေး (ဥပမာ- T Shirt နှင့်အတူ)
၂. ရင်ထိုးတပ်ဆင်ရေး
၃. ကဒ်ပြားများ ချိတ်ဆွဲရေးတို့ကို ဦးစားပေးဆွေးနွေးခဲ့ကြသည်. ထို့နောက် အစည်းအဝေးကို ညနေ ၅း၃၀ တွင်ရုပ်သိမ်းခဲ့သည်.
ယခုအချိန်ထိ Barcamp Mandalay 2012 အတွက် ရထားသော sponsor ဦးရေများမှာ
1. Diamond Sponsor  - Available!
2. Platinum Sponsors -1 ဦး
3. Gold Sponsors      -3 ဦး
4. Silver Sponsors     -1 ဦး
5. Bronze Sponsors   -7 ဦး တို့ဖြစ်သည်.

    Diamond Sponsor များအနေဖြင့် ကျပ်သိန်းနှစ်ဆယ်
    Platinum Sponsor များအနေဖြင့် ကျပ်ဆယ်သိန်း
    Gold Sponsor များအနေဖြင့် ကျပ်ငါသိန်း
    Silver Sponsor များအနေဖြင့် ကျပ်နှစ်သိန်းငါးသောင်း
    Bronze Sponsor များအနေဖြင့် ကျပ်တစ်သိန်း

စသဖြင့် စပွန်ဆာ ကြေးများ သတ်မှတ်ထားပါသည်။ Sponsor ပေးလိုသူများအနေဖြင့် ကျွန်တော်တို့ MCPA အသင်းရုံးခန်းဖြစ်သော အခန်းအမှတ် D-226၊ ရွှေဖြူပလာဇာ ဒုတိယထပ် ၃၃လမ်းနှင့် ၇၇လမ်းထောင့် ဖုန်း ၀၂-၆၉၃၁၃၊၀၂-၆၉၃၁၅ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်. Volunteer အနေဖြင့် ပါဝင်လိုပါက MCPA အသင်း သို့လည်းကောင်း ၊ ဝေယံလင်း 09-910 42 825 သို့လည်းကောင်း ဆက်သွယ်စာရင်းပေးနိုင်ပါသည်။






အားလုံးကိုကျေးဇူးတင်လျက်........
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account