Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, January 2, 2012

ပြည်တွင်း Facebook အသုံးပြုသူ အများစုတွင် Timeline Service ကို တွင်ကျယ်စွာ အသုံးပြုမှု နည်းသေး

ကမ္ဘာပေါ်ရှိ လူသန်းပေါင်း ၈၀၀ ကျော် အသုံးပြုလျက်ရှိသော Social လူမှုရေး website တစ်ခုဖြစ်သော facebook မှ မကြာသေးခင် အချိန်မှ စတင်ကာ Timeline ဝန်ဆောင်မှုကို facebook အသုံးပြုသူ အားလုံးအတွက်  စတင်ဝန်ဆောင်မှု ပေးလိုက်ပြီ ဖြစ်သော်လည်း ပြည်တွင်းရှိ နည်းပညာ အသုံးပြုသူများ facebook အသုံးပြုမှုများကြားတွင် တွင်ကျယ်စွာ  အသုံးပြုခြင်း မရှိသေးကြောင်း စုံစမ်း သိရှိရသည်။
ပြည်တွင်းရှိ နည်းပညာကုမ္ပဏီ တစ်ခုတွင် အလုပ်လုပ်လျက် ရှိသော ကိုဇော်မိုးကတော့ “ကျွန်တော်ကတော့ facebook Timeline စပြီး ဝန်ဆောင်မှု ပေးတော့ စမ်းချင်တာနဲ့ပဲ လုပ်ကြည့်တယ်။ ထူးထူးခြားခြားလေး ဆိုတော့ မဆိုးဘူးဘဲ ပြောရမယ်။ ပုံမှန်ဝင်နေကျ စာမျက်နှာ မဟုတ်တော့ ကိုယ့်စိတ်ကြိုက် ပြင်ဆင်ခွင့် ရှိလာတယ်။ မကြိုက်တာတွေကို ဖြုတ်နိုင်တယ်။ သာမန်ကြည့်ရင်ကိုပဲ အမြင်ဆန်းသွားတဲ့ အတွက် စသုံးတဲ့နေ့က စပြီး သုံးဖြစ်တယ်။ ဒါပေမဲ့ အခြားသူငယ်ချင်းတွေကို မေးကြည့်တော့ တချို့ကကြိုက်ကြပြီး တချို့ဆိုရင် သိတောင်မသိတဲ့ သူတွေ ရှိတယ်” ဟု Timeline နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

Facebook မှ ဝန်ဆောင်မှု ပေးထားသည့် Timeline ဝန်ဆောင်မှုတွင် အဓိကအားဖြင့် မိမိအသုံးပြုခဲ့သည့် မှတ်တမ်းများ၊ ဓာတ်ပုံများ အပါအဝင် မိမိစတင် အသုံးပြုခဲ့သည့် အချိန်မှစပြီး ယခုအချိန်အထိကို အလွယ်တကူ ပြန်လည်ကြည့်ရှုနိုင်မှာ ဖြစ်ကြောင်းလည်း သိရသည်။ ထို့အပြင် Facebook ၏ ကြော်ငြာချက်တွင်လည်း လူတစ်ဦးချင်းစီ၏ ဘဝမှတ်တမ်းများနှင့် အောက်မေ့ဖွယ်များစွာကို ရက်စွဲအလိုက် ၁ နှစ်အလိုက် အလွယ်တကူ ပြန်လည်ဖန်တီးနိုင်စေရန် အတွက် ရည်ရွယ်၍ ယခုကဲ့သို့ Timeline ဝန်ဆောင်မှုကို ပေးရခြင်း ဖြစ်သည်။                  

MSK

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account