Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, January 11, 2012

ကမ္ဘာ့အပါးလွှာဆုံး Laptop အဖြစ် Macbook Air ကို ကျော်ဖြတ်သွားသည့် Acer S5


Photo

Apple ၏ Macbook Air ကို ကျော်ဖြတ်ကာ Acer ၏ ultrabook က လက်ရှိအချိန်တွင် ကမ္ဘာ့အပါးလွှာဆုံး ကွန်ပျူတာအဖြစ် နေရာယူလာ နိုင်ကြောင်း  သိရှိရသည်။ Acer က Laptop ကွန်ပျူတာငယ်သည် အထူ (၁၅) မီလီမီတာသာ ရှိနေပြီး အလွန်ပါးလွှာသော ကိုယ်ထည် ဖွဲ့စည်းပုံဖြင့် တည်ဆောက်ထားသည်။ ထိုအနေအထားသည် Macbook Air ထက် (၂) စင်တီမီတာ ပိုမိုပါးလွှာသည့် သဘောလည်း ဖြစ်လာသည်။ Intel ၏ CPU စနစ်ဖြင့် မောင်းနှင်သော Laptop များအနက် ယင်းသည် Macbook Air ကို ပထမဆုံး သိသာသော ယှဉ်ပြိုင် လာနိုင်မှုလည်း ဖြစ်သည်။


(Aspire S5)

Aspire S5 ဟု Codename သတ်မှတ်ထားသော အဆိုပါ Laptop သည် အလေးချိန် (၃) ပေါင်အောက်သာ ရှိပြီး (၁.၅) စက္ကန့်အတွင်း ကွန်ပျူတာကို ဖွင့်လှစ်နိုင်သည်။ Screen မှာ (၁၃.၃) လက်မရှိသော LCD တစ်ခုဖြစ်သည်။ လက်ရှိတွင် ultrabook သည် ကမ္ဘာ့အပါးလွှာဆုံး Laptop ဖြစ်လာသော်လည်း (၂၀၁၂) ခုနှစ်တွင်မူ ၎င်းထက် ပိုပါးသည့် Laptop များ ထွက်ပေါ်လာဖွယ် ရှိနေသည်။ ယခုနှစ်အတွင်း ကွန်ပျူတာ ထုတ်လုပ်သည့် ကုမ္ပဏီကြီးများသည် အလွန် ပါးလွှာသည့် Laptop အမျိုးအစားများ (၇၅) မျိုးခန့်ထိ ထုတ်လုပ်ရန် ရည်ရွယ်ထားသည်။

(Macbook Air)

ultrabook သည် SSD Card Slot၊ ဘက်ထရီ ရှော့ဖြစ်ခြင်းမှ ကာကွယ်သောစနစ်၊ Doly Home Theatre Speaker များ၊ HDMI နှင့် USB 3.0 တို့ကို ထည့်သွင်းထားသည်။ Apple အနေနှင့် Macbook Air ၏ ရောင်းအားအတွက်  ဆက်လက် မျှော်လင့်ခွင့် ရှိသော်လည်း Windows စနစ်သုံး ကွန်ပျူတာများ၏ ဘက်ပေါင်းစုံမှ အားပြိုင်လာမှုကိုမူ အလေးထားရဖွယ် ရှိနေကြောင်း လေ့လာသူများက ပြောကြားထားသည်။

Source: DailyMail

1 comments:

shwemantarlaywaiyan...အလည်လာသွားတယ်နော်..လင့်လည်းချိတ်သွားပါတယ်...ကျွန်တ်ေဆီလည်းအလည်လာခဲ့ပါလို့ဖိတ်ခေါ်ပါတယ်...http://eainlwannthu.blogspot.com/

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account