Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, January 8, 2012

တစ်ကိုယ်တော် Valentine - စိုင်းစိုင်း ၊ Bunny Phyoe

အိုး …. မင်းစိတ်တိုင်းကျပဲပေါ့ အချစ်ရယ် ..
ဘာမှမပြောဘူးမင်းသဘောပဲ … မင်းရဲ့ အနားမှာ .. ငါကိုယ်ရံတော်လိုပဲ….
အခုတော့ မင်းကပြောတယ်မေ့ ပစ်လိုက် …
ဘာမှမငြင်းဘူးမင်းသဘောအတိုင်း…
ငါ့ မှာတော့  တကိုယ်တော် ဗယ်လ်လင်န်တိုင်း …..


CHO ကလေးရေ…. ကလေးရေ… ချစ်တဲ့စိတ်နဲ့ ဟစ်အော်နေတုန်း .. အချစ်ရဲ့ နေ့ မှာ တစ်ယောက်တည်း အထီးကျန်နေသူ… ရူးနေလို့ ငါရူးနေလို့ ………….
ကလေးရေ … ကလေးရေ ..
လွမ်းတဲ့ စိတ်နဲ့ လိုက်ရှာနေတုန်း … လမ်းမထက်မှာလေ စုံတွဲလေးတွေမြင်ရင် … ကြေကွဲနေလို့  ကြေကွဲနေလို့  …………..
တခါတရံမှာ အချစ်က ကစားပွဲလို .. အနိုင်နဲ့ ပိုင်းပြီးတော့ ထားခဲ့ လို့ ..
အမှန်နဲ့ အမှားတွေစဉ်းစား နင်ပြောတဲ့ စကားက ငါတစ်ယောက်တည်း မှားခဲ့ သလို ..
ငါလေမငြင်းဆန်ခဲ့ ပါဘူး ဘာမဆို မင်းစိတ်အတိုင်းသာလုပ် ..
ချောင်မှာထိုးချင်ထိုး တခါတလေဖတ်ချင်ဖတ် မင်းအတွက် ငါကာတွန်းစာအုပ် ..
နောက်ဆုံးနိဂုံးချုပ်တော့ လည်း .. အင်း.. နင်လုပ်ရက်တာပဲ ..

ဓာတ်ပုံတွေ ပို့ စကဒ်အပိုင်းအစတွေလွှင့် ပစ်ခဲ့ ..
အိမ်မှာထမင်းတွေဟင်းတွေချက်ပြီးတော့  အတူတူစားခဲ့ တာ..
ဖုန်းတွေပြောတစ်ညလုံးပြောမိုးလင်းတော့ ဘုရားကိုသွားခဲ့ တာ..
တစ်နေကုန်လျှောက်လည်ရင်းကားကပျက် တကယ်ကို အမှတ်တရ..
နွေရဲ့ ပူလောင်မှုတွေလည်းလုံးဝဂရုမစိုက်ခဲ့ 
ဒါတွေက အိပ်မက်တစ်ခုလိုပဲ လွင့် ပျောက်ခဲ့  အင်း ငါ့ တစ်ယောက်တည်း … CHO…

အချစ်နဲ့ စားအချစ်နဲ့ သွား ဘ၀ကို အချစ်နဲ့ တည်ဆောက်ထားတာ

မင်းကတကယ်ကိုမမြင်တာလား ဒါမှမဟုတ်မမြင်ချင်ယောင်ဆောင်နေတာလား..

အချစ်ကဘ၀ လောကနိဗ္ဗာန်တစ်ခုလို့ ငါထင်မှတ်ဆဲပါ

ဒဏ္ဍာရီထဲက ပုံပြင်ထဲ ကအချစ်လို ငါကြင်နာခဲ့ တာ

အလုပ်အကိုင်တွေလည်းပျက်ကွက်လို့ အရာရာမင်းတစ်ယောက်တည်းငဲ့ ကွက်လို့ 

ငါ့ အတ္တတွေလည်းချိုးနှိမ် မာန်မာနတွေလည်းချိုးဖျက်လို့ 

ရုးသွပ်စွဲ လမ်းခဲ့  ဒီမိုးကုပ်စက်ဝိုင်းအောက်မှာ..

မင်းနာမည်တစ်ခုတည်းရေးထိုးခဲ့  ငါ့ ရင်ဘတ်ထဲ ကကျောက်စာ ..

အိပ်ရာ ကနိုးတဲ့ မနက်တိုင်းပေါ့ ဖုန်းမှာအသည်းအသန်ရှာ..

မင်းရဲ့ နံပါတ်မတွေ့ တော့ မှ သက်ပြင်းတွေချ ..

ဆုံနေကြစားသောက်ဆိုင်တွေ မင်းကမပါလို့ မသွားတော့ ပါ..

ဒီလိုပဲ ငါ့ ရဲ့ ဘ၀ မင်းကစာနာနားလည်ပါ အချစ်ရေ ….. CHO…..

ဘက်ဂီယာထိုးပြီးအနောက်ပြန်ဆုတ်လို့ ရရင်

ဗီဒီယိုရုပ်ရှင်လို အစကပြန်ပြီးစချင်တယ်

ဒီလိုသာဘ၀ပြန်ပြီးအရှေ့ ကိုရစ်လို့ ရရင်

ပြဿနာဖြစ်တဲ့ နေ့ တွေ ညတွေအားလုံးကျော်လွှားသွားချင်တယ်….

မနက်တိုင်းက ဗယ်လ်လယ်တိုင်းန်ပေါ့ မင်းအတွက်နှင်းဆီပန်းတွေနဲ့ 

မင်းနှုတ်ခမ်းမှာ အနမ်းတွေနဲ့  ဖုန်းထဲ မှာလည်းအလွမ်းတွေနဲ့ 

ဒါပေမဲ့ အခုအခါ မဖြစ်ချင်တာတွေဖြစ်နေတယ်

ဘ၀ဆိုတာကအဆန်းတကြယ် ငါအပမာဒေဏ လွမ်းနေတယ် ..လွမ်းနေတယ်…. CHO…..

အားလုံးကိုကျေးဇူးတင်လျက်.........
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account