Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, February 27, 2012

တန်ဖိုးနည်း GSM ဖုန်း မတ်လ ပထမအပတ် အတွင်း စတင် သုံးစွဲခွင့် ပြုမည်



Photo
တန်ဖိုးနည်း GSM ဖုန်းများကို မတ်လ ပထမအပတ်အတွင်း အများပြည်သူများသို့ စတင်သုံးစွဲခွင့် ပြုမည်ဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “တန်ဖိုးနည်း GSM ဖုန်းတွေကို မတ်လ ပထမပတ်အတွင်း ချပေးမယ်။ အရင်က ပြောထားတဲ့ အတိုင်းပဲ One stop Servie စနစ်နဲ့ပဲ ရောင်းချပေးသွားမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
 
အဆိုပါ တန်ဖိုးနည်း GSM ဖုန်းစီမံကိန်းကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ မတ်လအတွင်း အများပြည်သူများကို ချပေးနိုင်ရန် စီစဉ်နေကြောင်း၊ ဈေးနှုန်းမှာမူ ကျပ်သုံးသိန်း ဝန်းကျင် ဖြစ်ပြီး အဆိုပါ နှုန်းထားထက် ပိုရန်မရှိကြောင်း၊ ဈေးနှုန်း အတိအကျကိုမူ ယခုအချိန်အထိ တိတိကျကျ တွက်ချက်ထားခြင်း မရှိသေးကြောင်း၊ ယခင် GSM ဖုန်းများ ချပေးခဲ့သည့် အတိုင်း လိုအပ်သည့် စာရွက်စာတမ်းများဖြင့် လျှောက်ထားရမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ဇန်နဝါရီလအတွင်း ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ မတ်လဆန်း အတွင်း ချပေးမည့် တန်ဖိုးနည်း GSM ဖုန်း ပြောဆိုခမှာ ယခင်နှုန်းထား အတိုင်း တစ်မိနစ် ကျပ် ၅၀ နှုန်း ဖြစ်ပြီး အင်တာနက် ချိတ်ဆက်နိုင်မည့် ဧရိယာအတွင်း အဆိုပါ GSM ဖုန်းနှင့် တွဲဖက်၍ အင်တာနက် ဝင်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း၊ အင်တာနက် အသုံးပြုရန်အတွက် ထပ်မံ လျှောက်ထားပါက ကျပ် ၁၀၀၀၀ ကျသင့်မည်ဖြစ်ပြီး အသုံးပြုခမှာ တစ်မိနစ်လျှင် လေးကျပ်နှုန်းဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account