Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, March 13, 2012

Myanmar Explore Map+ Business Directory အား Fullversion အဖြစ် အခမဲ့ စတင်ဖြန့်ဝေပေးမည်



Photo

 
ရန်ကုန်မြို့၏ ဒီဂျစ်တယ်မြေပုံ၊ ဂြိုလ်တုမြေပုံနှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ အချက်အလက်များကို ရှာဖွေကြည့်ရှုနိုင်သည့် Myanmar Explore Map++ Business Directory နောက်ဆုံးထုတ် fullversion  အား ယခုလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ်၊ ကုန်းဘောင်တကောင်း ခန်းမတွင် အခမဲ့ စတင် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ Map++ Busin ess Directory အား ၂၀၁၁ ခုနှစ် အလယ်မှစ၍ Beta version အဖြစ် စတင် ထုတ်ဝေပေးခဲ့ပြီး လူအများ စိတ်ဝင်စားသည့်အတွက် ICT ပြပွဲများတွင် Mobile version နှင့် PC Version များအဖြစ် ဖြန့်ဝေပေးခဲ့သည်ဟု ဆိုသည်။ ယခုနောက်ဆုံး ထုတ်ဝေသည့် Map++ Business Directory full version တွင် အထူးအစီအစဉ် အနေဖြင့် မန္တလေးမြို့၏ ဒီဂျစ်တယ်မြေပုံနှင့် ဂြိုလ်တုမြေပုံပါ ပါဝင်မည် ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ Map++ Business Directory နောက်ဆုံးထုတ် version အား PC Version အဖြစ်သာမက Mobile version အဖြစ် အသုံးပြုနိုင်သည့် စနစ်ဖြင့် ဖန်တီးထားသည့် DVD အချပ်များအား ယခုလ ၁၈ ရက်နေ့တွင် ဖြန့်ဝေပေးသွားမည်ဟု ဆိုသည်။
 
၎င်းအပြင် တဆင့်ပြန်လည် ဖြန့်ဖြူးပေးလိုသော အရောင်းဆိုင်များအတွက် အထူး Special Package များအနေဖြင့် PC Version CD ချပ်၊ Mobile Version ပါ CD ချပ် ပြန်လည် ဖြန့်ဝေပေးမည့် ဆိုင်များတွင် အခမဲ့ ဖြန့်ဝေပေးမည့် တာဝန်ပါ Myanmar Explore Map++ Business Directory Vinyl ဒီဇိုင်း CD ချပ် တို့အား အထူး Package အဖြစ် အခမဲ့ ဖြန့်ဝေပေးသွားမည်ဟု ဆိုသည်။ အခမဲ့ ဖြန့်ဝေပေးသည့်နေ့တွင် မိုဘိုင်းဖုန်းအတွင်းသို့ ထည့်သွင်းလိုသူများအနေဖြင့် Map++ Business Directory အား ထည့်သွင်းလိုသူ၏ ဟန်းဆက် Memory ပမာဏ နှင့် ကိုက်ညီသည့်ပမာဏ ခွဲခြား ထည့်သွင်းပေးသွားရန်အတွက် ဒီဂျစ်တယ် မြေပုံအစိတ်အပိုင်း၏ လိုအပ်သည့်ပမာဏကို ဖုန်းအတွင်းသို့ ထည့်သွင်းနိုင်ပြီး ကျန်ရှိနေသည့် မြေပုံအစိတ်အပိုင်းများကို လိုသည့်အခါတွင် ထည့်သွင်းနိုင်ရန် CD ချပ်ဖြင့် ထည့်သွင်း ဖြန့်ဝေပေးသွားမည်ဟု သိရသည်။
 
Map++ Business Directory အား fullversion အဖြစ် အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ပတ်သက်၍ In Mai Kha Company မှ တာဝန်ရှိသူ ကိုမိုးသန့်ဦးက “Map++ Business Directory ကို Mobile Version နဲ့ PC Version, iOS version တွေ စုပေါင်းထားတဲ့ DVD ချပ်အနေနဲ့ ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ ပြန်လည်ဖြန့်ဝေပေးမယ့် အရောင်းဆိုင်တွေအနေနဲ့က အိုင်တီပစ္စည်းဆိုင်၊ မိုဘိုင်းပစ္စည်းဆိုင်မှ မဟုတ်ပါဘူး၊ စတိုးဆိုင်တွေကိုလည်း ပြန်လည် ဖြန့်ဖြူးခွင့်ပေးသွားမှာပါ၊ အခု ၁၈ ရက်နေ့မှာ ပြန်ပြုလုပ်ပေးတဲ့ ပွဲကနေစပြီး ပြန်လည် ဖြန့်ဝေပေးမယ့် အရောင်းဆိုင်တွေကို ဖြန့်ဖြူးခွင့်ပေးသွားမှာပါ” ဟု ပြောကြားသည်။ အင်မိုင်စကုမ္ပဏီ ပြုလုပ်မည့် Myanmar Explore Map++ Business Directory full version အခမဲ့ ဖြန့်ဝေပွဲအား နံနက် ၈ နာရီ ၅၀ မှ နေ့လည် ၁၂ နာရီအထိ ပြုလုပ်ပေးသွားမည် ဖြစ်ပြီး အသေးစိတ် သိလိုသူများအနေဖြင့် ဖုန်း ၇၃၁၀၅၁၈၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account