Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, May 6, 2012

နေ့စဉ် သရေစာအဖြစ်စာသုံးနေတဲ့ ကျွန်ုပ်တို့အတွက် ဓါတ့်စာအဖြစ့်ရရှိနေသော သီးနှံများ

                                                             ပန်းသီး

တစ်နေ့ကို ပန်းသီးတစ်လုံးစားရင် ဆရာဝန်နဲ့ ဝေးဝေးမှာ နေရတယ်ဆိုတဲ့ စကားက မှန်ပါတယ်။ ပန်းသီးမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ တစ်နေ့ကို ပန်းသီးတစ်လုံး ပုံမှန်စားတဲ့ အမျိုးသမီး တွေဟာလုံးဝမစားသူတွေထက်ဆီးချိုသွေးချို ရောဂါဖြစ်နိုင်ခြေ၂၈ရာခိုင်နှုန်းလျော့နည်းကြောင်း လေ့လာမှုတွေက ဆိုပါတယ်။တကယ်လို့ပန်းသီးကိုအခွံပါစားပေးမယ်ဆိုရင်အင်တီအောက်ဆီးဒင့်ဖလေဗိုးနွိုက်ရရှိကာ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။


                                                             ပန်းသစ်တော်သီး

သင့်နှလုံးကို ကာကွယ်နိုင်အောင် ပန်းသစ်တော်သီး စားပါပန်းသစ်တော်သီးတစ်လုံးမှာ အမျှင်ဓာတ် ၅၈ ဂရမ်ပါဝင်ပြီး အများစုဟာ pectin ပုံစံဖြစ်နေတာကြောင့် မကောင်းတဲ့ ကိုလက်စထရောတွေ ခန္ဓာကိုယ်မှ ထွက်သွားအောင်ကူညီနိုင်ပါတယ်။ မကောင်းတဲ့ ကိုလက်စထရောတွေများတာဟာ နှလုံးရောဂါဖြစ်နိုင်ခြေများစေတဲ့အချက်ပါ။

                                                              သံပရာသီး

နွေနေပူမှာ အေးမြတဲ့ သံပရာရည်ကို သောက်တာကြောင့် အရသာကိုတိုးစေတဲ့အပြင် ခန္ဓာကိုယ်အတွက် ကျန်းမာရေးအကျိုးကျေးဇူး အမြောက်အမြားကိုလည်း ပေးစွမ်းနိုင်ပါတယ်။

- ရေဓာတ်ခန်းခြောက်မှုကို လျော့ကျစေတယ်။
- အသည်းကို သန့်စင်ပေးတယ်။ အစာကြေညက်စေတယ်။
- ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) ကို အားကောင်းစေပါတယ်။

                                                             ဖရဲသီး
 

ထမင်းတစ်နပ်နဲ့ တစ်နပ်ကြား သရေစာစားချင်ရင် ဖရဲသီးကို ရွေးပါ။ ဗီတာမင်စီပါဝင်တဲ့အပြင် သကြားအများအပြားမပါဘဲ သဘာဝအတိုင်း အချိုဓာတ် ပါတဲ့အတွက် စိတ်ကျေနပ်မှုကိုပါ ပေးစွမ်းနိုင်ပါတယ်။ အခမ်းအနားပွဲတွေ တက်တဲ့အခါမှာလည်း အဆီများတဲ့ မုန့်တွေအစား ဖရဲသီးစိတ်ကို များများရွေး စားပါ။ ဖရဲသီးတစ်ခွက်စာ ပမာဏမှာ ဗီတာမင်အေလည်း ပါဝင်တဲ့အတွက် ဆီးချိုရောဂါသည်တွေမှာ အဖြစ်များတဲ့ ကျောက်ကပ်နဲ့ မျက်စိအမြင်လွှာ ပြဿနာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။


                                                                  ငှက်ပျော်သီး





စိုးရိမ်စိတ်များနေသလား။ ဒါမှမဟုတ် ဖိစီးမှုများနေသလား?
ငှက်ပျောသီး စားလိုက်ပါ
နောက်တစ်ကြိမ် သင့်မှာစိုးရိမ်ပူပန်စိတ်များနေလို့ မကြာခဏဆီးသွားနေရရင် ငှက်ပျောသီးစားလိုက်ပါလို့ New Orleans Fitness Centre မှ အားကစားအာဟာရပညာရှင် Molly က ပြောပါတယ်။

ငှက်ပျောသီး အလယ်အလတ်တစ်လုံးမှာ ၁၀၅ ကယ်လိုရီနဲ့ သကြား ၁၄ ဂရမ်သာပါဝင်တဲ့အတွက် သွေးတွင်း သကြားဓာတ် အနည်းငယ်သာ မြင့်တက်နိုင်ပြီး ဗီတာမင် B6 နေ့စဉ်လိုအပ်ချက်ရဲ့ ၃၀ ရာခိုင်နှုန်းပါဝင်တဲ့ အတွက် သင့်ရဲ့ စိုးရိမ်စိတ်လျှော့ချနိုင်ဖို့ ဦးနှောက်မှ Serotonin လုံလုံလောက်လောက် ထွက်ရှိလာပါတယ်။




                                                             မာလကာသီး

မာလကာသီးမှာ ဗီတာမင် အေ၊ စီ၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်စတဲ့ အာဟာရဓာတ် အစုံအလင် ပါဝင်နေပါတယ်။ မာလကာသီးမှာ အင်တီအောက်ဆီးဒင့် လိုင်ကိုပင်းဓာတ်လည်း အများအပြား ပါဝင်မှု ရှိတာကြောင့် နှလုံးသွေးကြောရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။





                                                            စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးမှာ လိမ္မော်သီးမှာထက် အိုမင်းမှုကို တားဆီးပေးနိုင်တဲ့ ဗီတာမင်စီ ပိုမိုပါဝင်ပါတယ်။ စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ Malic acid အင်ဇိုင်းဟာ သဘာဝ သွားဖြူစေတဲ့ အစွမ်းရှိပါတယ်။






                                                               သေဘာၤသီး

တရုတ်ဆေးကျမ်းများတွင် သင်္ဘောသီးသည် အစာကြေခြင်း၊ အားအင်ပြန်လည်ဖြည့်စွမ်းပေးခြင်းစသည့် အာနိသင်များ ရှိကြောင်း တရုတ်တိုင်းရင်း သမားတော်များအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ သမားတော်ဦးဖန်က ပြောကြားသည်။ သင်္ဘောသီး စားခြင်းကြောင့် ဆိုးကျိုးမရှိဘဲ စွဲစွဲမြဲမြဲစားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုကြောင်း၊ တစ်ခါစားလျှင် တစ်စိတ်မှ နှစ်စိတ်အထိ စားသုံးသင့်ပြီး ယင်းသို့ စားသုံးရာတွင် သင်္ဘောသီးစိတ်အား ဇွန်းဖြင့် အခွံနားကပ်သည်အထိ ခြစ်၍စားသင့်ကြောင်း၊ ယင်းအခွံအနားရှိ သင်္ဘောစေးသည် အစာ အိမ်အား လွန်စွာအကျိုးပြုပြီး ဝမ်းချုပ်တတ်သော ပုဂ္ဂိုလ်များ၊ အသည်းရောဂါသည်များ၊ သရက်ရွက်ရောဂါသည်များအတွက် အထူး သင့်လျော်ကြောင်း၊ ထမင်းစားပြီးချိန်နှင့် မစားခင်အချိန်များတွင် ကပ်၍စားသုံးသင့်ကြောင်း ယင်းကအကြံပြု ပြောကြားသည်။



                                                                    စပျစ်သီး

အနီရောင် စပျစ်သီးက နှလုံးရောဂါ ကုသရေး အတွက် အံ့သြစရာ ကောင်းလောက်အောင် အထောက်အကူ ဖြစ်
အနီရောင် စပျစ်သီး သည် ကမ္ဘာ့ အကောင်းဆုံး ၀ိုင်အရက် ထုတ်လုပ် ရရုံ သာမက နှလုံး ရောဂါ အတွက် အံ့သြဖွယ် ပျောက်ကင်း အောင် ကုသ နိုင်ကြောင်း
သုတေသနသစ် အရ သိရ သည်။ ၀ိုင်တစ်ခွက် သည် မြေထဲပင်လယ် စတိုင်လ် အစား အသောက်တွင် ကျန်းမာရေး အတွက် အာဟာရ တစ်ခု အဖြစ် အသိအမှတ် ပြုထားရာ အရက် ချက်လုပ်ရန် ပယ်ထားသော စပျစ်သီးမှ အပိုင်းအစ လေးများသည် ကျန်းမာရေး အတွက် ပိုမို ကောင်းမွန် ဟန်တူသည်။
သုတေသန ပညာရှင်များ သည် စပျစ်ခြံ များအတွင်း စွန့်ပစ် ဘေးထွက် ပစ္စည်းများ ဖြစ်သော အခွံနှင့် အစေ့ များကဲ့သို့သော စပျစ်သီး၏ အမျှင် အထူဆုံး အစိတ် အပိုင်း များမှ ကောက်တေးလ် အရော အစပ်ကို ထုတ်ယူ ခဲ့ကြသည်။
လူများကို စမ်းသပ် ကြည့်ခဲ့ရာ အဆိုပါ ထုတ်ယူ ရရှိသော အရော အစပ် သည် အမျှင်နှင့် ဓာတ်တိုး ဆန့်ကျင် ပစ္စည်း နှစ်ခု စလုံး အတိုင်းထက် အလွန် ကြွယ်ဝ နေပြီး ကမ္ဘာ့ အကြီးမားဆုံး အသေ အပျောက် ဖြစ်စေသည့် နှလုံး သွေးကြော ရောဂါအန္တရာယ် ကို လျော့ပါး စေကြောင်း တွေ့ရှိ ရသည်။






                                                               မင်းကွက်သီး

မင်းကွတ်သီးတွင် အေးသော သဘာဝဓာတ်ပါသဖြင့် အပူအအေးမျှတအောင် စားသည်ဟု ဆိုကြသည်။ မြန်မာနိုင်ရှိ လူအများပင် ဒူးရင်းသီးကို စားသုံးကြပြီးနောက် မင်းကွတ်သီးကို စားသုံးလေ့ရှိကြသည်။
မင်းကွတ်သီးအခွံ၊ အခေါက်နှင့် အရွက်နုများကို ဝမ်းကိုက်ရောဂါအတွက် ဆေးအဖြစ် အသုံးပြုကြသည်။ ထိုကြောင့် မင်းကွတ်သီးအခွံကို နေလှန်း၍ သိမ်းဆည်းထားတတ်ကြသည်။
မင်းကွတ်သီး အရည်ဟာ နှလုံးသွေးကြော မာကျော ကျဉ်းမြောင်းတာ၊ သွေးတိုးတာနဲ့ သွေးခဲပိတ်တာ အပါအဝင် နှလုံးသွေးကြော ဆိုင်ရာ ရောဂါတွေကို ထိထိရောက်ရောက် ကုသမှု ပေးနိုင် ပါတယ်။

မင်းကွတ်သီးမှာ ကင်ဆာ ဆန့်ကျင်ပေးတဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ Garcinone E လို့ ခေါ်တဲ့ သဘာဝ ဒြပ်ပေါင်းတစ်မျိုး ပါဝင်နေလို့ပါ။ ဒီဒြပ်ပေါင်းဟာ မင်းကွတ်သီး တစ်မျိုးထဲ မှာပဲ တွေ့ရပါတယ်။ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။



ကိုစိုးဝင်းရဲ့ facebook စာမျက်နှာမှသိသမျှ မျှဝေပါကြောင်း။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account