Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, May 11, 2012

ဂျီဖုန်း အင်တာနက်သုံးခ လျှော့ချ

Photo
WCDMA ဖုန်းနှင့် CDMA ဖုန်းများမှလွဲ၍ ဂျီဖုန်းများ အင်တာနက်သုံးစွဲခ ထက်ဝက်နှုန်း လျှော့ချပေးလိုက်ပြီဟု  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ယခင်က မိုဘိုင်းဖုန်းများအား အင်တာနက် သုံးစွဲခကို တစ်မိနစ် ၄ ကျပ်နှုန်း ကောက်ခံခဲ့ရာမှ တစ်မိနစ်၂ ကျပ်နှုန်းသို့ လျှော့ချခဲ့သည်။ ၎င်းအင်တာနက် လိုင်းများအတွက် မြန်နှုန်းမှာ ၆၄ kbps သာပေးထားခဲ့ကြောင်း သိရသည်။ “ဈေးနှုန်း လျှော့ချပေးလိုက်ပေမယ့် မြန်နှုန်းတော့ ကွာခြားသွားမှာပါ။ တစ်မိနစ် ၄ ကျပ်နှုန်း ကောက်ခံတဲ့ ဖုန်းတွေကတော့ မြန်နှုန်း ကောင်းကောင်း အသုံးပြုလို့ ရမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ လက်ရှိတွင် မိုဘိုင်းဖုန်းများ အင်တာနက် အသုံးပြုခွင့်ကို မေလ ၇ ရက်နေ့တွင် စတင် လျှောက်ထားခွင့် ပြုခဲ့ရာ ယင်းသို့ လျှောက်ထားခွင့် ပြုရာ၌ ငါးသိန်းတန် CDMA 450 MHz ဖုန်းမှလွဲ၍ ကျန်ရှိသည့် မိုဘိုင်းဖုန်း အားလုံး လျှောက်ထားခွင့် ပေးထားခဲ့ပြီး လျှောက်ထားခ အဖြစ် ကျပ်တစ်သောင်း ကောက်ခံခဲ့ကြောင်း သိရသည်။ ပြည်တွင်း၌ အင်တာနက် အသုံးပြုခွင့် ပေးထားသည့် မိုဘိုင်းဖုန်းများမှာ ဂျီဖုန်းများကို EDGE စနစ်ဖြင့် လည်းကောင်း၊ WCDMA ဖုန်းကို 3G စနစ်ဖြင့် လည်းကောင်း၊ CDMA 800 MHz ကို EVDO စနစ်ဖြင့် လည်းကောင်း ပေးထားကြောင်း သိရသည်။
 
“နယ်မြို့တွေကိုလည်း အင်တာနက် သုံးစွဲခွင့်ပေးဖို့ စီစဉ်ထားပါတယ်။ ရန်ကုန်နဲ့ သိပ်ပြီး ကွာမှာ မဟုတ်ပါဘူး။ ပေးတဲ့အခါမှာလည်း ရန်ကုန်မှာ ပေးတဲ့ပုံစံအတိုင်းပဲ ပေးမှာပါ” ဟု၎င်းက ဆက်လက် ပြောသည်။ လက်ရှိတွင် ရန်ကုန်၌ အင်တာနက်စနစ် လျှောက်ထားခွင့် ပြုထားသည့် နေရာများမှာ ရွှေဂုံတိုင် ဆက်သွယ်ရေးရုံး၊ အလုံ ဆက်သွယ်ရေး ရုံးတို့တွင် စတင် လျှောက်ထားခွင့် ပေးထားပြီး ၎င်းဖုန်းများ ရောင်းချခွင့် ပေးထားသည့် ကုမ္ပဏီများနှင့် ပန်းဆိုးတန်း ဆက်သွယ်ရေးရုံး၊ လမ်း ၄၀ အော်တို တယ်လီဖုန်းရုံး၊ ရွှေဂုံတိုင် မိုဘိုင်း အိတ်ချိန်း ရုံးတို့တွင်လည်း ဆက်လက် လျှောက်ခွင့် ပေးထားမည်ဟု သိရသည်။ ယင်းသို့ ဖုန်းများ အင်တာနက် လျှောက်ထားရာ၌ ဆက်သွယ်ရေး ရုံးများတွင် ၃ ရက်မျှ အချိန်ကြာမည်ဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီတွင် လျှောက်ထားခွင့် ပေးပါက နေ့ချင်းပြီး ရရှိမည် ဖြစ်ကြောင်း၊ လက်ရှိတွင် WCDMA နှင့် ဂျီဖုန်းများသာ လျှောက်ထားနိုင်ပြီး CDMA 800 MHz ဖုန်းမှာ လျှောက်ထားခွင့် ပေးမည် ထုတ်ပြန်ထားသော်လည်း လက်ရှိတွင် လိုင်းပြည့်နေ၍ လျှောက်ထားခွင့် ယာယီ ရပ်ဆိုင်းထားကြောင်း ဆက်သွယ်ရေးမှ သိရသည်။ မိုဘိုင်းဖုန်းများ အင်တာနက် စတင် သုံးစွဲခွင့် ပေးထားခြင်းကို ၂၀၁၁ ဇန်နဝါရီလတွင် CMDA 800 MHz ဖုန်းအားလည်းကောင်း၊ ဂျီဖုန်းများကို ၂၀၁၁ သြဂုတ်လတွင် လည်းကောင်း သုံးစွဲခွင့် ပေးခဲ့သည်။

အောင်ဇော်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account