Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, May 23, 2012

Panaorama Photo Stitcher ကို Ubuntu OS တွင် ထည့်သွင်းပုံ



Photo
Panaorama ဆိုတာ ဓာတ်ပုံတွေကို ဆက်ပြီး တစ်ပုံထဲနဲ့ မြင်ကွင်းကျယ်ဖြစ်အောင် ပြုလုပ်တဲ့ Function ဖြစ်ပါတယ်။  Panaorama ကို Adobe က ထုတ်လုပ်တဲ့ Photoshop ပေါ်မှာ အလွယ်တကူ ပြုလုပ်နိုင်သလို အချို့ကင်မရာတွေမှာလည်း ရိုက်ကူးတဲ့ပုံတွေကို အလိုအလျောက် ပြုလုပ်ပေးနိုင်မယ့် Application တွေ ထည့်သွင်းပေးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
Panaorama Function ကို Ubuntu OS အသုံးပြုသူတွေ အသုံးပြုချင်တယ်ဆိုရင် Panaorama Photo Stitcher ဆိုတဲ့ Application ကို ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီ Application မှာ Panaorama ပြုလုပ်နိုင်တဲ့ Tool တွေ အများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် ပုံတွေကို ဘယ်လို Effect တွေ သုံးမယ်ဆိုတာကိုလည်း ရွေးချယ်ထားနိုင်မှာ ဖြစ်ပြီး နှစ်သက်ရာ Effect တွေနဲ့ ပုံတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပုံတွေကို Mode တွေ မျိုးစုံနဲ့ ချိန်ညှိနိုင်အောင်လည်း စီစဉ်ပေးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အရွယ်အစား ကြီးမားတဲ့ ပုံတွေကိုလည်း ချိန်ညှိပြီး Panaorama ပုံဖြစ်အောင် စီစဉ်ပေးနိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။ ပုံမြောက်မြားစွာကို ထည့်သွင်းပြီး Edit ပြုလုပ်နိုင်မှာ ဖြစ်ပြီး Background ကိုလည်း စိတ်ကြိုက်အရောင် ရွေးချယ်ပြီး ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒီ Hugin-Panaorama Photo Stitcher ကို အသုံးပြုချင်သူတွေအတွက် ယခုတစ်ပတ်မှာ Ubuntu OS ပေါ်မှာ Panaorama Photo Stitcher ကို ထည့်သွင်းပုံကို ရွေးချယ် တင်ပြလိုက်ပါတယ်။
 
 
Hugin-Panaorama Photo Stitcher ကို Ubuntu OS ပေါ်မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ပထမဦးစွာ Ubuntu Software Centre ကို အရင်ဖွင့်ရမှာ ဖြစ်ပါတယ်။ Ubuntu Software Centre ကို ဖွင့်ပြီးပြီဆိုရင် All Software ဆိုတဲ့ Category အောက်ကို ကလစ်နှိပ်ပြီး သွားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Search Box မှာ Hugin ဆိုတဲ့ Keyword ကို ရိုက်ထည့်လိုက်ရင် Panaorama Photo Stitcher ဆိုတဲ့ Application ကို တွေ့ရမှာ ဖြစ်ပါတယ်။ ပြီးရင် Install Button ကို ကလစ်နှိပ်ရမှာ ဖြစ်ပြီး Authenticate မှာ Password ကို ရိုက်ထည့်ပြီး Install ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီအဆင့်တွေ အားလုံးပြီးပြီဆိုရင်တော့ Panaorama Photo Stitcher ကို ထည့်သွင်းပုံပြီးပြီ ဖြစ်ပါတယ်။ Panaorama Photo Stitcher ကို ဖွင့်မယ်ဆိုရင် Dash Home ကို ကလစ်နှိပ်ပြီး Search ကနေ Hugin ဆိုတာကို ရိုက်ထည့်ပြီး ဖွင့်နိုင်မှာ ဖြစ်ပါတယ်။

သီဟ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account