Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, June 30, 2012

SMS ပေးပို့ရုံဖြင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အတွက် အလှူငွေ ပေးအပ်နိုင်မည့် အစီအစဉ်ကို ပြန်လည်စတင်မည်

ကြိုတင်ငွေပေးချေကတ် အသုံးပြုသည့် မိုဘိုင်းဖုန်းများအနေဖြင့် Yatanarpon Call Center သို့ Donate ဟူသော စာသားကို SMS တစ်ကြိမ် ပေးပို့လိုက်သည်နှင့်  ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အလှူငွေ ၅ဝဝ ကျပ် အလိုအလျောက် လှူဒါန်းပြီးဖြစ်မည့် အစီအစဉ်ကို ပြန်လည် စတင်သွားမည်ဟု Blue Ocean ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“လူမှုရေး အဖွဲ့အစည်းတစ်ခု ရှာနေတယ်။ လှူဒါန်းပေးမယ့် အဖွဲ့အစည်းတစ်ခုခု ရတာနဲ့ ပြန်စမှာပဲ။ ရခိုင်အရေးတင် မဟုတ်ဘူး။ နောက်ပိုင်းတွေမှာလည်း သဘာဝ ဘေးအန္တရာယ်တွေပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် လှူသွားဖို့ရှိတယ်” ဟု အဆိုပါ တာဝန်ရှိသူ ပြောသည်။ Message Center နံပါတ် ၁၈၈၁၅ သို့ SMS တစ်စောင် ပေးပို့ရုံဖြင့် အလှူငွေ ၅၀၀ ကျပ် လှူဒါန်းနိုင်သည့် အစီအစဉ်ကို ယခုလအတွင်း တစ်ညတာ ကာလအဖြစ် စမ်းသပ်ဆောင်ရွက်ခဲ့သည့် အတွက် အလှူငွေ ၉၈၅၀၀ ကျပ် ရရှိခဲ့ကြောင်း၊ အဆိုပါ အလှူငွေများကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မီးသတ်ဦးစီးဌာန (ရုံးချုပ်) သို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း Yatanarpon Call Center မှ ထုတ်ပြန်ကြေညာသည်။ ကြိုတင်ငွေပေးချေကတ် အသုံးပြုသည့် ဂျီအက်စ်အမ်ဖုန်းများ အနေဖြင့်သာ SMS ပေးပို့ရုံဖြင့် အလှူငွေများကို လက်တလော၌ လှူဒါန်းနိုင်ခဲ့ခြင်း ဖြစ်သည်ဟု Call Center က ဆိုသည်။ ထို့အပြင် ရပ်နားထားရှိခဲ့သည့် အဆိုပါ အလှူကို ပြန်လည်စတင်နိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အပါအဝင် Blue Ocean ကုမ္ပဏီနှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီတို့အကြား ဆွေးနွေးမှုများ ပြုလုပ်နေကြပြီး မကြာမီ၌ SMS ပေးပို့ရုံဖြင့် အလှူငွေ ပေးအပ်နိုင်မည့် အစီအစဉ်ကို ပြန်လည်စတင်သွားမည် ဖြစ်သည်။

SMS ပေးပို့၍လှူဒါန်းခဲ့ပါက အလှူငွေကို ကြိုတင်ဘီလ်မှတစ်ဆင့် ဖြတ်တောက်သွားမည် ဖြစ်သည့်အပြင် စုစုပေါင်းရရှိသည့် အလှူငွေများကိုလည်း ထုတ်ပြန်ကြေညာ ပေးသွားမည်ဟု Blue Ocean ကုမ္ပဏီက ဆိုသည်။ အစီအစဉ် စမ်းသက်မှုအား Yatanarpon Call Center မှ ဝန်ထမ်းများနှင့် နီးစပ်ရာ လူတစ်ချို့ဖြင့်သာ စတင်ခဲ့သော်လည်း ပရဟိတအတွက် လွယ်ကူစွာဖြင့် တတ်နိုင်သရွေ့ လှူဒါန်းနိုင်မည်ဖြစ်သည့် အဆိုပါ အစီအစဉ်ကို စိတ်ဝင်စားမှု ရှိသည်ဟု ဂျီအက်စ်အမ်မိုဘိုင်းဖုန်း အသုံးပြုသူ လူငယ်အချို့က ဆိုသည်။ “အရင်က အွန်လိုင်းမှာ ကချင်ဒေသအတွက် ဆိုပြီး Donation အဖွဲ့လေးတွေဖွဲ့ပြီး အလှူခံကြတာ တွေ့ရတယ်။ အခုလည်း ရခိုင်ဒေသအတွက် လှူဖို့ဆိုပြီး အွန်လိုင်းမှာ လူစုကြတာရှိကြတယ်။ ဒီလိုမျိုးလေးတွေ လုပ်ကြတာ ကောင်းပါတယ်။ ဒုက္ခသည်တွေ လက်ဝယ်အထိ ရောက်အောင် လှူပေးတဲ့ အဖွဲ့တွေဆိုရင် ပိုကောင်းပါတယ်” ဟု နေ့စဉ်အွန်လိုင်း အသုံးပြုသူလူငယ် တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံ အနေဖြင့် လက်ရှိကာလ၌ ဇွန်လဆန်းတွင် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်ရှိ ပဋိပက္ခများကြောင့် ဒေသတွင်းရှိ ဒုက္ခသည်များအတွက် အကူအညီများစွာ လိုအပ်နေသည့်အပြင် ၂၀၁၁ ခုနှစ် ဇွန်လ၌ စတင် ဖြစ်ပွားခဲ့သည့် အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ဒေသတွင်းရှိ စစ်ဘေးဒုက္ခသည်များ အတွက် အကူအညီများစွာ လိုအပ်နေသည်ဟု ပြည်တွင်းသတင်းမီဒီယာများ၌ ရေးသားဖော်ပြထားသည်။

မြင့်ကျော်လှိုင်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account