Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, June 12, 2012

Ubuntu OS ပေါ်တွင် Proxy Server ထိုင်ရန်အတွက် Squid ထည့်သွင်း အသုံးပြုပုံ



Photo
Ubuntu OS ကို အသုံးပြုပြီး Proxy Server ထိုင်ချင်သူတွေက Ubuntu OS ပေါ်မှာ Squid ကို ထည့်သွင်းပြီး Proxy Server ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။  Proxy Server ကို Ubuntu OS ပေါ်မှာ ထည့်သွင်းဖို့ အတွက်ဆိုရင် အင်တာနက်ပေါ်ကနေ ဒေါင်းလုပ် လုပ်ယူပြီး ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Proxy Server ကို Ubuntu Server Version မှာရော Ubuntu Desktop Version မှာပါ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Ubuntu OS ပေါ်မှာ အသုံးပြုနိုင်တဲ့ Squid ကို အခမဲ့ ရယူအသုံးပြုနိုင်မှာ ဖြစ်ပြီးတော့ Proxy Server တစ်ခုကို တည်ဆောက်မယ် ဆိုရင်လည်း Conviguration တွေကို အလွယ်တကူနဲ့ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ယခုတစ်ပတ်မှာတော့ Ubuntu OS ပေါ်ကနေ Proxy Server တည်ဆောက်ပုံကို ရွေးချယ် တင်ပြလိုက်ပါတယ်။
 
Squid Proxy ကို Install ပြုလုပ်ဖို့အတွက် နည်းအမျိုးမျိုးနဲ့ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Graphic Interface ကနေ ထည့်သွင်းချင်တယ် ဆိုရင်တော့ Ubuntu Software Centre ကနေ ရယူနိုင်မှာ ဖြစ်ပါတယ်။ Ubuntu Software Centre ကို ရောက်ရင် Search Box မှာ Squid Proxy ဆိုတဲ့ keyword ကို ရိုက်ထည့်လိုက်ရင် Squid Proxy Server ရဲ့ Installer ရှိတဲ့ နေရာကို ညွှန်ပြမှာ ဖြစ်ပါတယ်။ အဲဒီမှာ Install Button ကို ကလစ်နှိပ်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ Ubuntu OS ပေါ်မှာ Squid Proxy Server Installer ကို ထည့်သွင်းပြီး ဖြစ်ပါတယ်။
 

ယခု ထည့်သွင်းပုံကတော့ Command Line နဲ့ ထည့်သွင်းချင်သူတွေအတွက် Ubuntu OS ပေါ်မှာ Ctrl+Alt+T ကို နှိပ်ပြီး Teminal ကို ခေါ်ရမှာ ဖြစ်ပါတယ်။ Terminal ကို ရောက်ရင် #sudo apt-get install squid ဆိုတဲ့ command ကို ရိုက်ထည့်လိုက်တယ်ဆိုရင် အင်တာနက်ပေါ်မှ ဒေါင်းလုပ်ဆွဲချပြီး install ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Squid Proxy Server ကို Install ပြုလုပ်ပြီးပြီဆိုရင် Configuration တွေ ချမှသာ Proxy Server  ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Configuration ပြုလုပ်ဖို့အတွက် Vi Editor ကို အသုံးပြုပြီးတော့ Configuration ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

သီဟ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account