Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, July 29, 2012

PANASONIC LUMIX LX7



Photo
Panasonic က ထုတ်လုပ်လိုက်တဲ့ Lumix စီးရီး LX7 က အရင်မော်ဒယ် GF5 နဲ့ FZ 200 တို့လို Micro Four Fhirds အမျိုးအစား ဖြစ်ပါတယ်။ 
ကျစ်လျစ်ပေါ့ပါးတဲ့ ကိုယ်ထည်မှာ မှန်ဘီလူး အမျိုးအစားများ ပြောင်းလဲ တပ်ဆင်ရိုက်ကူးနိုင်တာက လိုချင်တဲ့ ဓါတ်ပုံ အရည်အသွေး ဖန်တီးရာမှာ အထောက်အကူ ပြုပါတယ်။ အရွယ်အစားက အရင်မော်ဒယ် GF 5 နဲ့ မတိမ်းမယိမ်း ဖန်တီးထားပြီး 24 mm Pancake Lens ကို တစ်ပါတည်း တပ်ဆင်ပေးထားပါတယ်။ မှန်ဘီလူး ညာဘက်မှာ ကိုင်တွယ်ရ မြဲမြံနေစေဖို့ မျက်နှာပြင်ကြမ်းတဲ့ ပလတ်စတစ်သား Hand Grip ကို ခပ်ပါးပါး တပ်ဆင်ပေးထားပါတယ်။ Built-in ပါဝင်တဲ့ Flash မီးကို ဘယ်အပေါ်ဘက်မှာ Pop up ဖွင့်/ပိတ် ပုံစံတပ်ဆင်ထားတဲ့အပြင် အလင်းနည်းပါးတဲ့ ပတ်ဝန်းကျင်မှာ ပိုမိုအားကောင်းတဲ့ Flash မီးတပ်ဆင်ဖို့ Hot Shoe ကိုပါ ထည့်သွင်းပေးထားပါတယ်။ ကိုယ်ထည် အပေါ်ဘက်မှာ Modes Wheel, Zooming ပတ်ထားတဲ့ Shutter Release ခလုတ်နဲ့ ပါဝါဖွင့်ပိတ် ခလုတ်တို့ကို တွေ့မြင်ရပါတယ်။ သုံးလက်မအရွယ်ရှိတဲ့  LCD Screen ကို 920K dots Resolution နဲ့ နောက်ဘက်မှာ တပ်ဆင်ပေးပြီး Screen ဘေးမှာ Menu/Setting ခလုတ်ကို ISO, White Balance နဲ့ Function ခလုတ်များ ထည့်သွင်းထားတဲ့ Navigation ခလုတ်များ AF/AE Lock, Replay Q.menu နဲ့ Disp ခလုတ်တို့ကို တပ်ဆင်ထားပါတယ်။

10.1 Megapixel Live CMOS Sensor ကို 1/1.7 လက်မအရွယ်အစား အသုံးပြုထားလို့ Compat တွေမှာ ပါဝင်တဲ့ Sensor Size တွေထက် အနည်းငယ် ပိုကြီးပါတယ်။ Sensor အရွယ်အစားပိုကြီးလေ အလင်းနည်းပါးတဲ့ ဝန်းကျင်မှာ ရိုက်ကူးတဲ့အခါ Noise နည်းလေဆိုတာ သိသင့်ပါတယ်။ 35mm နဲ့ ညီမျှတဲ့ 24mm - 90mm မှန်ဘီလူးကို တစ်ပါတည်း တပ်ဆင်ထားပြီး 3.8 x Optical Zoom အသုံးပြုနိုင်ပြီး f/1.4 - f/2.3 Aperture အမြင့်ဆုံး သုံးစွဲနိုင်လို့ အရာဝတ္ထုတွေကို အနီးကပ် အသေးစိတ် Macro ပုံတွေ ရိုက်ကူးဖို့ သင့်လျော်ပါတယ်။ Focusing Modes တွေအနေနဲ့ Auto, Manual, Face Detection, Spot နဲ့ AF Tacking တို့ အသုံးပြုနိုင်တယ်။ နောက်ထပ် ထူးခြားချက်တစ်ခုက Neutral Density (ND) Filter ကို တစ်ပါတည်း ထည့်သွင်းပေးထားတာပါ။ အလင်းအားများတဲ့အခါ အလင်းပြင်းအားကို ချိန်ညှိပေးပြီး Shutter Speed ကို လျှော့ချပေးတာကြောင့် ရေစီးကြောင်း၊ ရေတံခွန်၊ တိမ်တိုက် လွင့်မျောနေတာတို့ကို ရိုက်ကူးရာမှာ အသေးစိတ် ထင်ရှားစေပါတယ်။ ISO 80 ကနေ 12800 အတွင်း ချိန်ဆ ရိုက်ကူးနိုင်ပေမယ့် ISO အမြင့်ဆုံး မသုံးရင် အကောင်းဆုံးပါပဲ။

ဗီဒီယိုကို 1920x1080p, 1280x720p နဲ့ 640x480 အရည်အသွေးတို့ကို 50 fps နှုန်းနဲ့ ရိုက်ကူးနိုင်ပါတယ်။ စတီရီယို အသံဖမ်းစနစ် တစ်ပါတည်း တပ်ဆင်ပေးထားပြီး ဗီဒီယို ရိုက်ကူးစဉ် Zoom အသုံးပြုနိုင်ပါတယ်။ Image Stabilization က ဓါတ်ပုံ ဗီဒီယိုရိုက်ကူးတဲ့အခါ ပုံရိပ်ဝါးတာကို လျှော့ချပေးပါတယ်။ Liion ဘက်ထရီကို တပ်ဆင်ပေးထားလို့ ဓါတ်ပုံ ၃၃၀ ဝန်းကျင် ဆက်တိုက် မှတ်တမ်းတင်နိုင်ပါတယ်။ ဒေါ်လာ ၅၀၀ ဝန်းကျင်နဲ့ ရောင်းချပေးမယ့် LX7 က Compat တွေထက် သာလွန်တဲ့ ဓါတ်ပုံ အရည်အသွေးကို လိုသလို ဖန်တီး ရယူနိုင်ပါလိမ့်မယ်။

ကျော်မိုးဦး

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account