Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, December 4, 2012

သင့် လုပ်ငန်းခွင်ထဲက ကျန်းမာရေးနှင့် ညီညွတ်စေမည့် နေထိုင်မှုပုံစံများ



အရမ်းကို များပြားလွန်းတဲ့ အလုပ်တွေကြောင့် သင့်ကျန်းမာရေးကို လျစ်လျူရှု မထားမိစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် နေထိုင်မှု ပုံစံလေးတွေ ရှိရပါတယ်။

မှန်ကန်သော နေထိုင်မှုပုံစံ မရှိခြင်း

အမျိုးသမီးအများစုဟာ တစ်နေရာတည်းမှာ အချိန်ကြာကြာထိုင်ပြီး အလုပ်လုပ်လေ့ ရှိကြပါတယ်။ ထိုင်တဲ့ပုံစံသာ မမှန်ခဲ့ဘူးဆိုရင်တော့ သင့်ကြွက်သား၊ အရိုးအဆစ်တွေနဲ့

သွေးကြောတွေပေါ်မှာ ဖိအားတွေ ဖြစ်လာနိုင်ပါတယ်။ ကွန်ပျူတာရှေ့မှာ အချိန်ကြာကြာ ထိုင်တာကြောင့် ပခုံး၊ လည်ပင်းနဲ့ နောက်ကျော နေရာတွေမှာ နာကျင်လာတတ်ပါတယ်။ ကွန်ပျူတာရဲ့ ကီးဘုတ်ဟာ သင့်လက် ကွေးထားတာနဲ့ အပြိုင်ဖြစ်သင့်ပြီး၊ စက်ခရင်နဲ့ သင့်မျက်ဝန်းက တစ်ပြေးတည်း ရှိသင့်ပါတယ်။ သင့်ခြေထောက်နဲ့ ပေါင်တံက ၉၀ ဒီဂရီ ထောင့်မှန်ကျနေပြီး၊ ခြေဖဝါးက ကြမ်းပြင်ပေါ်မှာ ထိနေရပါမယ်။ ထိုင်ခုန်က သင့်နောက်ကျောရိုးကို အကောင်းဆုံး ထောက်ပံ့ ပေးထားနိုင်ရပါမယ်။ လက်တော့ပ်ကတော့ နေရာမရွေး အသုံးပြုလို့ရတယ် ဆိုပေမယ့် သင့်မျက်ဝန်းနဲ့ ခြောက်လက်မလောက်တော့ ခွာပြီး သုံးပေးသင့်ပါတယ်။ စာရိုက်နေချိန်မှာ သင့်လက်တံတောင်က ၉၀ ဒီဂရီ ကွေးနေသင့်ပါတယ်။ ဒါမှသာ သင့်ခါးနေရာကို ဒဏ်မဖြစ်စေမှာပါ။ ကွန်ပျူတာ အသုံးပြုနေရင်း နာရီဝက်ကြာတိုင်း ငါးမိနစ်လောက်တော့ လမ်းထလျှောက်ပေးပါ။ မှန်ကန်တဲ့ နေထိုင်မှုပုံစံ မရှိဘဲ အချိန်ကြာကြာ နေမယ်ဆိုရင်တော့ ခေါင်းကိုက်လာတာမျိုး၊ ပခုံးနေရာမှာ တစ်ခုခု ဖိထားသလိုမျိုး၊ ခါးနာတာ မျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဖုန်းပြောဆိုချိန်ပုံစံ မမှန်ကန်ခြင်း

ဖုန်းပြောချိန်မျိုးမှာ ဖုန်းကို နားနဲ့ပခုံးကြားမှာ ညှပ်ထားပြီး အချိန်ကြာကြာ ဖုန်းပြောတာကြောင့် ပခုံး၊ အာရုံကြောနဲ့ သွေးကြောတွေမှာ ဖိအားဖြစ်လာပြီး ခေါင်းကိုက်တာမျိုး၊ ပခုံးနာကျင်တာမျိုး၊ လက်မောင်းရင်းပိုင်း နာကျင်တာ မျိုးတွေ ဖြစ်တတ်ပါတယ်။ နားနေရာက ပခုံးနေရာထက် မြင့်တာကြောင့် ဖုန်းကို နားနေရာမှာ ကပ်ထားဖို့ လည်ပင်းနေရာက အတော်ကို အားစိုက်ရပြီး သင့်ဦးခေါင်းကလည်း အောက်စိုက်နေရတတ် ပါတယ်။ မှန်ထဲမှာကြည့်ပြီး သင့်အနေအထားကို အကောင်းဆုံး ပြင်ယူနိုင်ပါတယ်။ ဖုန်းပြောနေချိန်မှာ ခေါင်းကို မတ်ထားပြီး လက်ကနေ ဖုန်းကိုကိုင်ကာ ညောင်းရင် တခြားတစ်ဖက် ပြောင်းပြောပါ။ ဒါမှမဟုတ် နားကြပ်တပ်ဆင်ပြီး ပြောပါ။

ပစ္စည်းသယ်ယူချိန် ပုံစံမမှန်ခြင်း

အလေးအပင်တွေကို သယ်ယူရသူတွေ၊ စာရွက်စာတမ်းတွေ အများကြီး ထည့်ပြီး သွားလေရာကို ယူသွားရသူတွေ၊ အိတ်အကြီးကြီးတွေကို တစ်ချိန်လုံးလွယ်ပြီး သွားလာနေရသူတွေ အနေနဲ့ သင့်ပခုံးနေရာမှာ ဒဏ်ဖြစ်စေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ လွယ်ထားတဲ့ အိတ်ရဲ့ အလေးချိန်ဟာ သင့်ခန္ဓာကိုယ် အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာ အများဆုံး ရှိသင့်ပါတယ်။ သင်က ပေါင် ၁၃၀ ဆိုရင် သင်လွယ်မယ့် အိတ်ရဲ့ အလေးချိန်က ၁၃ ပေါင်သာ ရှိသင့်ပါတယ်။ အိတ်လွယ်ချိန်မှာ ဘယ်ညာပြောင်းကာ လွယ်ပေးပါ။ ပခုံးတစ်ဖက်တည်းနဲ့ အချိန်ကြာကြာ မလွယ်ပါနဲ့။ ပစ္စည်းတွေ သယ်ယူချိန်မှာ ဒူးကွေးပြီး သယ်ပါ။ အရမ်းလေးလွန်းရင် အကူအညီတောင်းပါ။

ကားမောင်းချိန် နေထိုင်မှုပုံစံ မမှန်ခြင်း

ကားမောင်းချိန်မှာလည်း ကွန်ပျူတာအသုံးပြုချိန်လိုပဲ သင့်ခန္ဓာကိုယ် အနေအထားကို ဂရုစိုက်ဖို့ လိုပါတယ်။ အထူးသဖြင့် ကားမောင်းရင်း ဖုန်းပြောတာမျိုးကြောင့် သင့်ကို စိတ်ဖိစီးမှု ဖြစ်စေပါတယ်။ ကားမောင်းချိန် ခါးနောက်မှာ ခေါင်းအုံးအသေးလေး တစ်လုံးလောက် ခုထားပေးတာမျိုးက သင့်ပခုံးနဲ့ နောက်ကျောပြင်ကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ကားမောင်းချိန် စတီယာတံပေါ်မှာ လက်ကို နှစ်နာရီနဲ့ ၁၀ နာရီပုံစံ တင်ထားပေးပါ။ ကားမောင်းရင်း ၃-၉-၄-၈ နာရီ စသဖြင့် လက်ကို လှုပ်ရှားရင်း မောင်းပေးပါ။ ဒါဆိုရင် လက်လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်းလည်း ဖြစ်စေပါတယ်။ နောက်ကျောကို ၉၀ ဒီဂရီကနေ ၁၁၅ ဒီဂရီအထိ မှီလိုက်၊ ဆန့်လိုက် မောင်းပါ။

Ref: Good Health Source

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account