Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, March 9, 2013

 Photo: "အဖေ... အဖေ.. အ ဖေ.. တံခါးဖွင့်ပေးပါဦး.. ကျွန်တော်က အဖေ့သားပါ.. သား သော့မေ့ခဲ့လို့"

သားအပြောကို အဘိုးအိုက ခေါင်းခါပြပြီး ချိနဲ့နဲ့အသံနဲ့ "မင်းဘယ်သူလဲ မင်းကို ငါ မသိဘူး"လို့ဆိုတယ်။

ဘယ်အချိန်ကတည်းက စခဲ့မှန်းမသိ.. အဘိုးအိုရဲ့မှတ်ဉာဏ်ဟာ တစ်နေ့ထက်တစ်နေ့ဆိုးဝါးခဲ့တယ်။
ရေခဲသေတ္တာဘယ်မှာလဲ၊ အိမ်သာဘယ်မှာလဲ၊ အခုပဲ သူဘာလုပ်ခဲ့တယ်ဆိုတာကို သူမမှတ်မိခဲ့ဘူး။
ထမင်းစားပြီးပြီလား မစားရသေးဘူးလားဆိုတာကိုလည်း သူ မမှတ်မိခဲ့ဘူး။ တံခါးဝနားရောက်တာတောင်
ဒါဟာ သူနေတဲ့အိမ်ဆိုတာကို သူမမှတ်မိခဲ့ဘူး။

နေ့လယ်ခင်းတစ်ခုမှာ သားက အဘိုးအိုကိုခေါ်ပြီး ထမင်းဆိုင်မှာ ထမင်းသွားစားခဲ့တယ်။ ထမင်းစားပြီး
ပန်းကန်ထဲမှာ ဖက်ထုပ်နှစ်ခုကျန်နေတာကိုတွေ့တော့ အဘိုးအိုဟာ ဖက်ထုပ်ကိုလက်နဲ့ယူပြီး
အိတ်ကပ်ထဲ ထိုးထည့်လိုက်တယ်။ လူအများရှေ့မှာမို့ သားက "အဖေ.. ဘာလုပ်တာလဲ"လို့ ဝင်ဟန့်တော့
အဘိုးအိုက ... "ငါ့သားအတွက် ယူသွားပေးမလို့ပါ... ဒါ ငါ့သားအရမ်းကြိုက်တယ်"လို့ တုန်ချိချိအသံနဲ့ပြောပါတယ်။

အသက်ကြီးလာလို့ အရာရာကိုမေ့တတ်ခဲ့ပေမယ့်၊ မှတ်ဉာဏ်တွေ ချွတ်ယွင်းခဲ့ပေမယ့်
သား/သမီးတွေကိုချစ်ဖို့တော့ မိဘတွေက လုံးဝမမေ့ခဲ့ပါဘူး။
အချိန်မီတုန်း ဂရုစိုက်ပါ.. စောင့်ရှောက်ပါ။ အချိန်မီသေးတာက သင့်အတွက် ကံကောင်းခြင်းတစ်မျိုးပါ။
တချို့တွေ ဂရုစိုက်ပြုစုချင်တာတောင် အချိန်မမီခဲ့တော့ပါဘူး။

ဒီ ဗီဒီယိုလင့်လေးကို ကြည့်ကြည့်ပါ.. 

http://www.facebook.com/photo.php?v=10200757157430338&set=vb.151523654862808&type=3&theater
.
"အဖေ... အဖေ.. အ ဖေ.. တံခါးဖွင့်ပေးပါဦး.. ကျွန်တော်က အဖေ့သားပါ.. သား သော့မေ့ခဲ့လို့"

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account