Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, January 26, 2012

မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာတွင် မိမိရှာဖွေလိုသည့် လိပ်စာများ၊ လမ်းညွှန်များကို အလွယ်တကူ ရှာဖွေနိုင်သည့် ဆော့ဖ်ဝဲအခမဲ့ ရယူနိုင်



Photo
မိုဘိုင်းဖုန်းများနှင့် ကွန်ပျူတာများတွင် မိမိရှာဖွေလိုသည့် လိပ်စာများ၊ လမ်းညွှန်များကို အလွယ်တကူ ရှာဖွေနိုင် ဖော်ပြပေးနိုင်သည့် ဆော့ဖ်ဝဲကို  အခမဲ့ ထည့်သွင်းပေးလျက် ရှိကြောင်း ၎င်းဆော့ဖ်ဝဲ ထည့်သွင်းပေးသည့် Myanmar Explore မှ ၁၈-၁-၂၀၁၂ ရက်က သိရသည်။

“ဒီဆော့ဖ်ဝဲကို စတင်လုပ်ဆောင်တာက ၂၀၀၉ ကပါ။ တကယ်တမ်း သုံးဖို့ ချပေးခဲ့တာက ဒီနှစ်ဆန်းပိုင်းမှာပါ။ ဒီဆော့ဖ်ဝဲ လုပ်ရတဲ့ ရည်ရွယ်ချက်က သူများနိုင်ငံမှာလည်း စီးပွားရေးလမ်းညွှန်တွေ တော်တော်လေး ရှိတယ်လေ။ အဓိကကတော့ သွားချင်တဲ့ နေရာ၊ သိချင်တဲ့ လိပ်စာကို အလွယ်တကူ ရှာနိုင်အောင်ပါ။ ဒီဆော့ဖ်ဝဲမှာက သိချင်တဲ့ လိပ်စာ၊ ဒါမှမဟုတ် လမ်းရှာချင်ရင်လည်း Find Street ဆိုပြီး ရိုက်ထည့်လိုက်ရင် မြေပုံမှာ တစ်ခါတည်းပြတယ်။ အဲဒီကို ဘယ်လိုသွားရမယ်ဆိုတာလည်း ပြတယ်” ဟု Myanmar Explore မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
 
၎င်းဆော့ဖ်ဝဲကို Map++Digital လမ်းညွှန်ဟုခေါ်ပြီး Myanmar Explore ရုံးတွင် အခမဲ့ လာရောက်ယူနိုင်ကြောင်း၊ ထို့ပြင် အွန်လိုင်းတွင်လည်း www.myanmarexplore.com တွင် အသုံးပြုနိုင်ကြောင်း၊ မိုဘိုင်းဖုန်းတွင် ထည့်သွင်း အသုံးပြုရခြင်းမှာ သွားလေရာ ယူဆောင်၍ အသုံးပြုနိုင်ရန် ရည်ရွယ်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များကလည်း မိမိတို့၏ ရုံးခန်းလိပ်စာများကို www.myanmarexplore.com\website တွင် မှတ်ပုံတင်ပြီး add business address တွင် ဝင်ရောက်၍ ထည့်သွင်း ရေးသား ဖော်ပြနိုင်ကြောင်း သိရသည်။

နှင်းနုဝေ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account