Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, January 26, 2012

သေဆုံးပြီးနောက် နှုတ်ဆက် Message လွှင့်တင်နိုင်မည့် Facebook App လေးတစ်ခု




Photo
ကွယ်လွန်သေဆုံးသွားသူ တစ်ဦးက ၎င်း၏ Facebook ပေါ်တွင် နှုတ်ဆက်စကားကို လာရောက် ရေးသားမည် ဆိုပါက မြင်ရသူတိုင်း သရဲခြောက်သည်ဟု ထင်မြင်ကြမည်  ဖြစ်သည်။ သို့သော် ထိုကိစ္စသည် ယခုအခါ Facebook တွင် လွှင့်တင်ထားသည့် App တစ်ခုကြောင့် အမှန်တကယ် ဖြစ်လာတော့မည်ဟု သိရသည်။ လူတစ်ဦး မသေဆုံးမီ ၎င်းယုံကြည် စိတ်ချရကြောင်း ထောက်ခံထားသူ (၃) ဦးထံမှ အဆိုပါပုဂ္ဂိုလ် ကွယ်လွန်ကြောင်း အတည်ပြု ထောက်ခံပေးလျှင် Facebook ပေါ်၌ နောက်ဆုံး နှုတ်ဆက် Message ကို လွှင့်တင်ပေးမည် ဖြစ်သည်။

အဆိုပါ App ကို If I Die ဟု အမည်ပေးထားသည်။ ထို App သည် လူတစ်ဦး သေဆုံးပြီးပါက ကျန်ရစ်သူများအတွက် ပြောချင်သည့် Message ကို ချန်ထားပေးနိုင်မည် ဖြစ်သည်။ လူတစ်ဦး သေဆုံးသွားသည်နှင့် အဆိုပါ ချန်ရစ်ထားသော Message သည် အလိုလို Wall ပေါ် ရောက်လာမည် မဟုတ်ချေ။ သို့သော်လည်း ယုံကြည်စိတ်ချရသူ (၃) ဦးက ၎င်းသေဆုံးကြောင်း ထောက်ခံပေးပါကမူ App က အသက်ဝင် လှုပ်ရှားလာမည် ဖြစ်သည်။ ထိုအခါ သေသူချန်ထားသည့် စာသားကိုဖြစ်စေ၊ ဗီဒီယိုကိုဖြစ်စေ ကျန်ရစ်သူများ တွေ့မြင်နိုင်မည်ဖြစ်သည်။

အဆိုပါ App ကို ယခုအခါ Like လုပ်ထားသူ (၆,၀၀၀) ကျော်သွားပြီဟု သိရသည်။ Facebook က ကွယ်လွန်သွားသည့် အသုံးပြုသူများအတွက် အမှတ်တရ ဖြစ်စေမည့် ဝန်ဆောင်မှု တစ်ခု ပေးထားသော်လည်း ယခု App ကမူ သေသူကိုယ်တိုင် ၎င်းကွယ်လွန်ပြီးမှ Message တစ်ခု ချန်လှပ်နိုင်ရန် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း သတင်းများက ဖော်ပြသွားသည်။

အားလုံးကိုခင်မင်လေးစားလျက်......
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account