Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, March 8, 2012

Apple ၏ တတိယမျိုးဆက် Tablet ကွန်ပျူတာ The new iPad အား မိတ်ဆက်ပြသ



Photo
ဆန်ဖရန်ဆစ္စကိုတွင် ပြုလုပ်သော မီဒီယာ မိတ်ဆက်ပွဲ အခမ်းအနားအတွင်း Apple ကုမ္ပဏီက ၎င်းတို့၏ တတိယမျိုးဆက် Tablet ကွန်ပျူတာ The new iPad ကို အတည်ပြု ပြသလိုက်ပြီ  ဖြစ်သည်။ ယခင် Version ဟောင်း iPad 2 ထက် သိသာထင်ရှားသော တိုးတက်မြှင့်တင်မှုများ ပါဝင်သည့် The new iPad သည် (၉.၇) လက်မအရွယ် Screen ဖြင့်ပင် ပွဲထွက်လာသော်လည်း Resolution အနေဖြင့် 2048 x 1536 ထိ မြှင့်တင်ပေးထားသည်။ Graphic ပိုင်းကို Quad-Core နည်းပညာက အထောက်အပံ့ပြု မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး ရုပ်ထွက်ပိုင်းသည် iPad 2 ထက် နှစ်ဆမျှ ပိုမို သာလွန်မည်ဟု သိရှိရသည်။

3D ရုပ်ထွက်ကို အကောင်းဆုံး ပံ့ပိုးပေးနိုင်မည့် The new iPad သည် HD TV တစ်ခုထက်ပင် ရုပ်ထွက်ပိုင်း ကြည်လင်ပြတ်သားမည်ဟု ဆိုသည်။ iPad 3 ဟု အများက ကြိုတင်ခေါ်ဝေါ် ထားကြသော်လည်း Apple က ၎င်းတို့၏ iPad အသစ်ကို The new iPad ဟူသည့် အမည်ဖြင့် အသုံးပြု မိတ်ဆက်သွားသည်။ Apple ၏ ထုတ်ကုန် အရောင်းမြှင့်တင်ရေးဌာနမှ ဒုတိယဥက္ကဋ္ဌ ဖီးလ်ရှီလာက စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဖန်တီးမှုတစ်ခုကို Apple က သုံးစွဲသူများထံ ပို့ဆောင်ပေးလိုက်ခြင်းဟု ကြွေးကြော်သွားသည်။ The new iPad တွင် ပါဝင်သည့် 4G LTE နည်းပညာသည် Data လွှဲပြောင်းမှုနှင့် Download ပြုလုပ်မှုများတွင် မြန်နှုန်းကို ပိုမိုမြှင့်တင် ပေးနိုင်မည်ဖြစ်သည်။ AT&T နှင့် Verizon တို့၏ 4G network များတွင် The new iPad ကို အသုံးပြုနိုင်မည် ဖြစ်သည်။ The new iPad တွင် ပါဝင်လာသော ကင်မရာသည် 5-megapixel အရည်အသွေး ရှိနေပြီး auto-exposure၊ auto-focus၊ IR filter စနစ်များ ထည့်သွင်းပေးထားသည်။ ထို့အပြင် 1080 pixel HD ဗီဒီယိုများကို ရိုက်ကူးနိုင်မည် ဖြစ်သည်။


The new iPad သည် Version ဟောင်းများထက် ပိုမိုပါးလွှာမည်ဟု မျှော်လင့်ခဲ့ကြသော်လည်း လက်တွေ့တွင်မူ အတန်ငယ် ပိုထူကာ ပိုလည်းလေးသည်။ အလေးချိန် (၁.၄) ပေါင်ရှိသော The new iPad သည် အလေးချိန် (၁.၃၃) ပေါင်ရှိသော iPad 2 ထက် အတန်ငယ် ပိုလေးသည်။ စွမ်းအင်သုံးစွဲမှု ပိုမိုများပြားသော 4G ကွန်ရက်ကို ထောက်ပံ့ပေးသည့်တိုင် ဘက်ထရီ သက်တမ်းသည် အလွန်ကောင်းမွန်ပြီး Wi-Fi စနစ်တွင် (၁၀) နာရီနှင့် 4G တွင် (၉) နာရီ ဆက်တိုက် အသုံးခံမည်ဖြစ်သည်။ The new iPad တွင် iMovie၊ iPhoto၊ Keynote စသည်တို့ကို Version ပုံစံသစ်ဖြင့် ထည့်သွင်းပေးထားပြီး 3rd Party Application များသည် Resolution အသစ်နှင့် အလိုအလျောက် ကိုက်ညီအောင် စီမံပေးထားသည်။ The new iPad တွင် အသံဖြင့် ထောက်လှမ်းသိရှိနိုင်သည့် Software မှာ Built-in အနေဖြင့် ပါဝင်လာသည်။


iOS 5.1 ကို အသုံးပြုထားသည့် The new iPad ကို အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ဂျပန်၊ ဟောင်ကောင်နှင့် စင်္ကာပူတို့တွင် မတ်လ (၁၆) ရက်နေ့မှ စတင်ရောင်းချမည်ဖြစ်ပြီး Wi-Fi သီးသန့် Version၊ 4G LATE Version တို့ ကွဲပြားမှုနှင့် သိုလှောင်မှု ပမာဏအလိုက် ရောင်းဈေးသည် (၄၉၉) ဒေါ်လာမှ (၈၂၉) ဒေါ်လာထိ အသီးသီး အပြောင်းအလဲ ရှိမည်ဖြစ်သည်။ Apple သည် iPad2 ကိုလည်း ဈေးသက်သာသော (၃၉၉) ဒေါ်လာတန် Version တစ်ခု သီးခြားထုတ်လုပ် ရောင်းချမည်ဟု သိရှိရသည်။ ထို့အပြင် Apple ၏ ဝန်ဆောင်မှုအသစ် Apple TV box ကိုလည်း မိတ်ဆက်ပြသ သွားခဲ့သည်။


Source: TapScape

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account