Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, March 8, 2012

လူ၏ဦးနှောက်အတွင်းရှိ အတွေးများကို အဓိပ္ပာယ်ဖော်ကာ စကားလုံးများ အဖြစ်သို့ ပြောင်းပေးနိုင်သော ကွန်ပျူတာ တီထွင်နိုင်တော့မည်



Photo
ဦးနှောက်၏ လုပ်ဆောင်ချက်များကို အနက်ဖော်ကာ စကားလုံးများအဖြစ် ပြောင်းပေးနိုင်မည့် ကွန်ပျူတာ ပရိုဂရမ် တစ်ခုကို အသုံးပြုလျက် လူတို့၏စိတ်ကို ဖတ်ကြားနိုင်မည့် နည်းလမ်းအား ရှာဖွေ တွေ့ရှိထားပြီ ဖြစ်ကြောင်း  သိပ္ပံပညာရှင်များက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကြေညာခဲ့သည်။ လေဖြတ်ခြင်းကြောင့် လည်းကောင်း၊ ဦးနှောက် ပျက်စီးခြင်းဆိုင်ရာ ရောဂါများကြောင့် လည်းကောင်း စကားမပြောနိုင်တော့သော လူနာများတွင် ယင်းကို အသုံးပြုနိုင်မည်ဟု ဆိုသည်။ ကယ်လီဖိုးနီယား ဘာကလေ တက္ကသိုလ်မှ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်များသည် ဦးနှောက်ခွဲစိတ် ခံထားရသော လူနာများ၏ ဦးခေါင်းအတွင်း စကားပြောခြင်းနှင့် ရုပ်ပုံများကို ပုံဖော်ခြင်းဆိုင်ရာ ဦးနှောက် အစိတ်အပိုင်းကို ထိန်းချုပ်ရန် အီလက်ထရုဒ်များကို ထည့်သွင်းခဲ့သည်။ လူနာများ အနေဖြင့် တစ်စုံတစ်ယောက် စကားပြောသည်ကို နားထောင်နေခိုက် ကွန်ပျူတာပရိုဂရမ်က ဦးနှောက်၏ အလုပ်လုပ်ပုံနှင့် သူတို့ကြားရသော စကားများ ပြန်လည်ထုတ်လုပ်ပုံကို လေ့လာခဲ့သည်။ ယင်းကိုအသုံးပြုကာ ဦးနှောက်၌ တွေးတောနေသည်များကို လည်းကောင်း နောက်ထပ် ဘာပြန်ပြောမလဲ ဆိုသည်ကို လည်းကောင်း၊ ပုံဖော်နိုင်လိမ့်မည်ဟု လည်းကောင်း ပညာရှင်တို့က ယုံကြည်ကြသည်။ သုတေသန ပညာရှင်များသည် အတက်ရောဂါ (Epilepsy) သို့မဟုတ် ဦးနှောက် အကြိတ် ကုသရန်အတွက် ခွဲစိတ်ကုသမှု ခံခဲ့ရသော လူပေါင်း ၁၅ ဦးတွင် စမ်းသပ်သုတေသန ပြုခဲ့ပြီး ဖြစ်သည်။ ဦးနှောက် မျက်နှာပြင်ပေါ်သို့ အီလက်ထရုဒ်ပေါင်း ၂၅၆ ခုကို ထည့်သွင်းကာ နာမ်များ၊ ကြိယာများနှင့် အမည်နာမများ အပါအဝင် အခြားသူများ၏ ပြောစကားများကို နားထောင်စေလျက် လေ့လာခဲ့ကြခြင်း ဖြစ်သည်။  
 
AP NEWS

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account