Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, March 4, 2012

သားသမီးများ အင်တာနက် စွဲနေသည့် ရောဂါလက္ခဏာ ရှိမရှိ မိဘများ စောင့်ကြည့်သင့်


မိဘများအနေဖြင့် မိမိတို့သားသမီးများ၏ အင်တာနက်စွဲနေမှု လက္ခဏာများကို အမြဲမပြတ် စောင့်ကြည့်သင့်သည်ဟု ဆိုသည်။  မိဘများအနေဖြင့် မိမိတို့ သားသမီးများ စွန့်ပယ်ခံရသကဲ့သို့ အထီးကျန်နေမှု မရှိစေသင့်ကြောင်း မိဘနှင့် သားသမီးတို့တွင် ပွင့်လင်းသော ဆက်ဆံရေးမျိုး ရှိရမည်ဖြစ်ကြောင်း ဂိမ်းကစားခြင်း အပေါ် စွဲလမ်းမှု ပြင်ပလူနာဌာနမှ စိတ်ပညာဆိုင်ရာ ညွှန်မှူး ကလာအပ်စ်ဝူဖလင်းက အကြံပြုခဲ့ကြောင်း သိရသည်။ ထို့ပြင် ဂိမ်းကစားခြင်းသည် အလွန်ဆွဲဆောင်မှု ပြုကြောင်း၊ အကြောင်းမှာ ဂိမ်းကစားခြင်းက တာဝန်သစ်များကို ဆက်လက် ဖြေရှင်းလိုသည့် ဆန္ဒကို တွန်းအားပေးသောကြောင့် ဖြစ်သည်ဟု မစ္စတာဝူဖလင်းက ပြောခဲ့သည်။
အလားတူပင် လူမှုရေး ကွန်ရက်နှင့် အွန်လိုင်းစကား အချေအတင် ပြောဆိုမှု တို့သည်လည်း စွဲလမ်းစေနိုင်ကြောင်း အွန်လိုင်းပေါ်မှ စွဲလမ်းမှု အရိပ်အယောင်များကို လက်ခံရန် ကြိုးစားပါက လက်တွေ့ဘဝတွင် စွမ်းဆောင်မှု လျော့နည်းလာနိုင်ဖွယ် ရှိကြောင်း အင်တာနက်တွင် မရေမတွက်နိုင်သော မိတ်ဆွေသူငယ်ချင်းများကို တွေ့ဆုံကာ မည်သည့်အခါမျှ အထီးမကျန်တော့သလို ခံစားလာရကြောင်း အွန်လိုင်းကို အတန်ကြာကြာ အသုံးပြုသူတို့ အနေဖြင့် အွန်လိုင်း အသုံးမပြုရ မနေနိုင်လောက်အောင် ဖြစ်လာတတ်ပြီး ထိခိုက် နစ်နာစေတတ်မှန်း သိနေလျှင်ပင် မသုံးစွဲရ မနေနိုင်လောက်အောင် ဖြစ်တတ်ကြောင်း၊ အကယ်၍ အွန်လိုင်း အသုံးပြုခြင်းကို တားမြစ်မှု ပြုလာပါက ရန်လိုခြင်း၊ အိပ်မပျော်ခြင်း သို့မဟုတ် စိတ်ဖိစီးမှု ဖြစ်ခြင်း ကဲ့သို့သော ဆုတ်ယုတ်မှု ရောဂါလက္ခဏာများကို ပြသ လာတတ်သည်ဟု ဆိုသည်။

ထိုကဲ့သို့ လက္ခဏာများ မိမိတို့၏ သားသမီးများတွင် ပြသလာပါက မိဘများအနေဖြင့် စွဲလမ်းမှုဆိုင်ရာ တတ်ကျွမ်း နားလည်သူတို့ထဲမှ အကြံဉာဏ် ရယူခြင်း ဖြစ်နိုင်သမျှ စိတ်ရောဂါဆိုင်ရာ ကုထုံးများကို ကုသမှု ခံယူစေသင့်ကြောင်း မစ္စတာဝူဖလင်းက အကြံပြုခဲ့သည်ဟု သိရသည်။ ဂျာမနီနိုင်ငံ၏ ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာန၏ လေ့လာဆန်းစစ်မှု အရ အသက် (၁၄) နှစ်မှ (၂၄) နှစ်အရွယ်ရှိ လူငယ်လူရွယ်များတွင် အင်တာနက် အသုံးပြုမှုအပေါ် စွဲနေသူများ ဖြစ်ပြီး ၄င်းတို့ထဲမှ ၂ ဒသမ ၄ ရာခိုင်နှုန်းမှာ အင်တာနက် စွဲနေသူများ အဖြစ် ထည့်သွင်းထားပြီး ၁၃ ဒသမ ၆ ရာခိုင်နှုန်းမှာမူ စွဲလမ်းမှု ပြဿနာ ရှိနေသူများ ဖြစ်သည်ဟု ဆိုသည်။ မစ္စတာဝူဖလင်းကမူ အင်တာနက် စွဲနေမှုနှင့် ပတ်သက်၍ မည်သည့် အချိန်အတိုင်းအတာ အထိ အွန်လိုင်း အသုံးပြုခြင်းက ဘေးကင်းစေနိုင်သည်ကို လမ်းညွှန်မှု ပြုနိုင်ကြောင်း နေ့စဉ် ၃ နာရီထက် လျော့နည်းစွာ အွန်လိုင်း အသုံးပြုခြင်းမှာ အင်တာနက် စွဲသူများ အဖြစ် ခေါ်ဆိုနိုင်မည် မဟုတ်သော်လည်း ၈ နာရီခန့် အသုံးပြုသူတို့မှာ အင်တာနက် စွဲနေသူများ ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

Ref : Internet/KH

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account