Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, March 4, 2012

Windows 8 တွင် SkyDrive app ပါဝင်မည် ဖြစ်ကြောင်း Microsoft အတည်ပြု

Photo

Windows 8 တွင် SkyDrive app ပါဝင်မည် ဖြစ်ကြောင်း Microsoft အတည်ပြု

By Internet Journal
Microsoft ၏ cloud သိုလှောင်မှု ထုတ်ကုန်ဖြစ်သော SkyDrive  ကို Metro-style app အဖြစ် Windows 8 တွင် ထည့်သွင်းမည် ဖြစ်ကြောင်း ကုမ္ပဏီမှ အတည်ပြု ကြေညာခဲ့သည်။ ထို့အပြင် SkyDrive ကို Internet Explorer အတွက် desktop app အနေဖြင့်လည်း ထည့်သွင်းပေးမည် ဖြစ်ပြီး ဝက်ဘ်ပေါ်မှ ဖိုင်များကို အဝေးထိန်းစနစ်ဖြင့် အသုံးပြုနိုင်မည် ဖြစ်ကြောင်း Building Windows 8 blog ၌ Microsoft က ဖော်ပြခဲ့သည်။ Microsoft သည် SkyDrive အား ဝက်ဘ်ဆိုက်တစ်ခုမှ Windows 8  သို့ ပြောင်းလဲပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ Windows အသုံးပြုသူများအား စစ်မှန်သည့် cloud ထုတ်ကုန်တစ်ခုအဖြစ် အသုံးပြုစေလိုသည့်အတွက် ဖြစ်ကြောင်း SkyDrive ပရိုဂရမ် မန်နေဂျာများဖြစ်သည့် Mike Torres နှင့် Omar Shahine  တို့က ပြောကြားသည်။ ၎င်းအပြင် Windows 8 နှင့် SkyDrive ကို အသုံးပြုခြင်းသည် ဖိုင်များအား ချက်ချင်းအသုံးပြုနိုင်မှာ ဖြစ်သလို PC များအကြား ရွှေ့ပြောင်းရာတွင်လည်း USB drive မလိုဘဲ ပြုလုပ်နိုင်မည်ဟု သိရသည်။ အထက်ပါ ကြေညာချက်သည် preview ဖြန့်ချိပေးခဲ့သည့် Mountain Lion တွင် iCloud ကိုပေါင်းစပ် ထည့်သွင်းမှု ပါဝင်ကြောင်း Apple မှ ကြေညာခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

နောင်နောင်
Ref: CNET

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account