Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, March 31, 2012

ပြည်တွင်း ဖုန်းနံပါတ်ဖြင့် ဂျီမေးလ်အကောင့် လုပ်နိုင်ပြီ



Photo
ဂျီမေးလ် အကောင့်အသစ် ပြုလုပ်လိုသူများ အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ဖုန်းနံပါတ်များကို အသုံးပြုကာ အီးမေးလ် အကောင့်သစ်များ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း  သတင်းရရှိသည်။ Google က ယင်း၏ Gmail Account သစ်ကို ပြုလုပ်သည့်အခါ မြန်မာပြည်တွင်းမှ ဖုန်းနံပါတ်များဖြင့် Code နံပါတ် အတည်ပြုခြင်းကို ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ ယခင်က ပြည်တွင်းမှ အင်တာနက် အသုံးပြုသူများအနေဖြင့် Google ၏ ဂျီမေးလ် အကောင့်သစ်များကို ပြုလုပ်လိုပါက ကိုယ်ပိုင်ဖုန်းနံပါတ် (ပြည်တွင်းကုတ် နံပါတ်) များဖြင့် မပြုလုပ်နိုင်သဖြင့် ပြည်ပနိုင်ငံများတွင် နေထိုင်သည့် မိတ်ဆွေများ၏ ဖုန်းနံပါတ်များဖြင့်သာ ပြုလုပ်ပြီး Gmail Account သစ်များကို ရယူနိုင်ခဲ့ကြသည်။ “အခုလိုမျိုး ဂူဂဲလ်က လုပ်ပေးတော့ ဒီနိုင်ငံရဲ့ ပြည်တွင်းဆက်သွယ်ရေး စနစ်ကို အသိအမှတ်ပြုလာတာ ဖြစ်နိုင်တယ်။ အရင်ကလို ဂျီမေးလ်အကောင့်သစ် လုပ်ချင်ရင် နိုင်ငံခြားက အသိမိတ်ဆွေတွေကို အကူအညီ လှမ်းတောင်းရတဲ့ အခက်အခဲတွေနဲ့တော့ ကင်းဝေးသွားပြီပေါ့” ဟု ပုဂ္ဂလိက နည်းပညာ ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသည့် သက်လတ်ပိုင်း အမျိုးသားဝန်ထမ်းတစ်ဦးက ဆိုသည်။ ထိုကဲ့သို့ ဂျီမေးလ် အကောင့်အသစ် ပြုလုပ်သူများအနေဖြင့် ပြည်တွင်းဖုန်းနံပါတ်များကို အသုံးပြုရာတွင် Google မှ ပြုလုပ်သူ၏ ဖုန်းနံပါတ်သို့ Audio Message စနစ်ဖြင့် ပြန်လည်ပေးပို့မည်ဖြစ်ပြီး ယင်းနောက်တွင် အီးမေးလ်အကောင့်သစ်ကို အသုံးပြုနိုင်မည် ဖြစ်သည်ဟု Google ၏ အဆိုပါဝန်ဆောင်မှုက စမ်းသပ်ပြုခဲ့ကြသည့် ရန်ကုန်မြို့တွင်း နေထိုင်သော အင်တာနက် ကျွမ်းကျင်သူများထံမှ သိရသည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account