Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, March 31, 2012

Ubuntu OS ပေါ်တွင် VLC Player ကို Offline Install ပြုလုပ်နည်း



Photo
Ubuntu OS ကို အသုံးပြုသူများအတွက် Ubuntu OS ကို ထည့်သွင်းပြီးပြီဆိုရင် တခြား Application တွေကို ထည့်သွင်း အသုံးပြုနိုင်ဖို့အတွက်  Update နဲ့ Upgrade အစရှိတာတွေကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update သို့မဟုတ် Upgrade ပြုလုပ်ပြီးမှသာ တခြား Application တွေနဲ့ Built in ပါဝင်တဲ့ Application တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Ubuntu OS ကို အသုံးပြုသူတွေအတွက် OS ကို ထည့်သွင်းပြီးပြီဆိုရင် Update နဲ့ Upgrade ကို မဖြစ်မနေ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ Ubuntu OS ပေါ်မှာ သီချင်းနားထောင်ဖို့ပဲ ဖြစ်ဖြစ်၊ ရုပ်ရှင် ကြည့်ဖို့ပဲ ဖြစ်ဖြစ် မီဒီယာဖိုင်တွေကို ဖွင့်ဖို့အတွက် Package တွေကို Install ပြုလုပ်ပေးမှသာ အဆင်ပြေပြေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Built in ပါလာတဲ့ Player တွေဟာ MP3 ဖိုင်ကို ဖွင့်မယ်ဆိုရင် mp3 ဖိုင်ကို ဖွင့်နိုင်မယ့် package တွေကို ဒေါင်းလုပ် ထပ်လုပ်ရမှာ ဖြစ်ပါတယ်။ ဒီလို အခက်အခဲတွေ မရှိရအောင် VLC Player ကို ထည့်သွင်းထားမယ် ဆိုရင်တော့ MP3, MP4 Format တွေတင် မဟုတ်ပါဘူး။ တခြား DVD Format တွေဖြစ်တဲ့ AVI, MKV နဲ့ တခြားသော File Format မျိုးစုံးကိုပါ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ VLC Player ကို ထည့်သွင်းဖို့အတွက် Online ကနေ တိုက်ရိုက်ဒေါင်းလုပ် ပြုလုပ်ပြီး ထည့်သွင်းနိုင်သလို Offline Installer ဖြစ်တဲ့ tar.gz ဖိုင်ကိုလည်း ဒေါင်းလုပ်ပြုလုပ်ပြီး ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ ယခုတစ်ပတ်မှာတော့ Ubuntu OS ပေါ်မှာ VLC Player ကို Online Install ပြုလုပ်ပုံနဲ့ Offline Install ပြုလုပ်ပုံကို ရွေးချယ် တင်ပြလိုက်ပါတယ်။

Ubuntu OS ပေါ်မှာ VLC Player ကို Offline Install ပြုလုပ်ဖို့အတွက် ပထမဦးစွာ Offline Installer ကို ဒေါင်းလုပ် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒေါင်းလုပ် ပြုလုပ်ရမယ့် လင့်ခ်ကတော့ www.enterupload.com/ hhnhdso2nshn/ Ubuntu_restricted-Extra_10.04_Offline_ Installer_For_Ubunta_10.04.tar.gz.html ဖြစ်ပါတယ်။ ဒေါင်းလုပ်ပြုလုပ်ပြီးပြီ ဆိုရင်တော့ ပထမဦးစွာ ဒေါင်းလုပ်ပြုလုပ်ထားတဲ့ဖိုင်ကို Desktop ပေါ်တင်ရမှာ ဖြစ်ပါတယ်။ Desktop ပေါ်ကို ဒေါင်းလုပ် ပြုလုပ်ထားတဲ့ VLC Offlilne Installer ကို Right Clilck နှိပ်ပြီး Extract Here ဆိုတာကို ကလစ်နှိပ်ရမှာ ဖြစ်ပါတယ်။ Extract Here ဆိုတာကို နှိပ်လိုက်ရင် ဖိုင်ကို ဖြည်ချပေးသွားပြီး VLC Offline Installer ရှိတဲ့ ဖိုဒါကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီထဲကမှ Install.sh ဆိုတာကို Double Click နှိပ်လိုက်ပါ။ Install.sh ဆိုတာကို Double Click နှိပ်ပြီးပြီဆိုရင် Run in Teminal ဆိုတာကို ကလစ်နှိပ်ပြီး Install ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။  ဒါဆိုရင်တော့ Teminal မှာ VLC Player ကို အလိုအလျောက် Install ပြုလုပ်နေမှာ ဖြစ်ပါတယ်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account