Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, March 1, 2012

ဘီလ်စနစ်သုံး ဖုန်းများအား ကြိုတင်ငွေဖြည့်ကတ် အဖြစ်သို့ အပြီးသတ် ပြောင်းလဲရန် ကြေညာ



Photo
ဘီလ်စနစ်သုံး ဖုန်းများဖြစ်သည့် GSM ဖုန်းများနှင့် ၀၁-၂၃၀ နံပါတ်ဖြင့်စသော အော်တို တယ်လီဖုန်းများကို ကြိုတင် ငွေပေးကတ် စနစ်သို့ အပြီးသတ် ပြောင်းလဲတော့မည်  ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းထုတ်ပြန်သည်။ မတ်လ (၁) ရက်နေ့မှစ၍ စတင် ပြောင်းလဲမည်ဖြစ်ပြီး ၀၁-၂၃၀ ဖြင့်စသော အော်တို တယ်လီဖုန်း (လိုင်းဖုန်း) များကို ကြိုတင် ငွေဖြည့်ကတ်စနစ်သို့ ပြောင်းလဲလိုသော ဖုန်းများအနေဖြင့် လိုအပ်မည့် ပုံစံများကို အော်တိုတယ်လီဖုန်းရုံး လမ်း (၄၀) တွင် ရယူနိုင်မည် ဖြစ်ကြောင်း ကြိုတင်ငွေပေးကတ်အဖြစ်သို့ ပြောင်းလဲလိုသော GSM ဖုန်းများအနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပေးပို့ထားသော SMS မှ YES ကို ရိုက်နှိပ်၍ လည်းကောင်း၊ နံပါတ် ၁၈၈၁၂ သို့ YES ဟု တိုက်ရိုက်နှိပ်၍ လည်းကောင်း (၁၅.၄.၂၀၁၂) ရက်နေ့တွင် အကြောင်းပြန်ရန် လိုအပ်ကြောင်း သိရသည်။ ကြိုတင် ငွေပေးကတ်စနစ်သို့ ပြောင်းလဲသည့် တယ်လီဖုန်းများအနေဖြင့် မပြောင်းလဲမီအထိ ခေါ်ဆိုထားသည့် တယ်လီဖုန်းခေါ်ဆိုခများကို ယခင်စနစ်အတိုင်း ပေးချေရမည်ဖြစ်ပြီး ကြိုတင် ငွေပေးသွင်းထားသော တယ်လီဖုန်းများသည် ကြိုတင် ငွေပေးကတ်စနစ်အဖြစ်သို့ မပြောင်းလဲမီအထိ ခေါ်ဆိုခများကို ပေးချေပြီးနောက် ပိုငွေကျန်ရှိပါက ပိုငွေကို Prepaid စနစ်သို့ ထည့်သွင်းပေးမည် ဖြစ်ကြောင်း သိရသည်။
 
Prepaid စနစ်သို့ ပြောင်းလဲရန် အဆိုပြုထားသည့် GSM  မိုဘိုင်းတယ်လီဖုန်းများကို သက်ဆိုင်ရာ GSM အိတ်ချိန်း နယ်မြေအလိုက် (၁.၃.၂၀၁၂) ရက်နေ့တွင် ၀၉-၂၀၊ ၀၉-၂၁၊ ၀၉-၂၂၊ ၀၉-၂၃၊ ၀၉-၂၄၊ ၀၉-၅၅ နံပါတ်များအား လည်းကောင်း၊ (၁.၅.၂၀၁၂) ရက်နေ့မှစ၍ ကျန်ရှိသည့် နံပါတ်များအားလည်းကောင်း အဆင့်ဆင့် Prepaid စနစ်သို့ စတင် ပြောင်းလဲ ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် GSM တယ်လီဖုန်းသုံးစွဲသူများ၏ Prepaid စနစ်အဖြစ် ပြောင်းလဲဝန်ဆောင်ပေးမည့် တယ်လီဖုန်းများအား အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်မှု မပြတ်တောက်စေရေး အတွက် တစ်ထောင်ကျပ် ကြိုတင် ဖြည့်တင်းပေးထားမည်ဖြစ်ပြီး ၎င်းအထဲမှ မိမိပြောဆိုသည့် မိနစ်အတိုင်း ကျသင့်သွားမည်ဖြစ်ကြောင်း သိရသည်။ Prepaid Top-Up-Card များကို အမှတ်(၁၀၃)၊ လမ်း(၄၀)၊ ကျောက်တံတားမြို့နယ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အော်တိုတယ်လီဖုန်းရုံးနှင့် အမှတ် (၄၆၅/၄၆၉)၊ မဟာဗန္ဓုလလမ်း၊ ငွေစာရင်းရုံးတို့တွင် ဦးစွာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အသေးစိတ် သိရှိလိုသူများအနေဖြင့် ဖုန်း-၁၈၇၆ သို့ ဆက်သွယ် မေးမြန်းနိုင်သည်ဟု သတင်း ထုတ်ပြန်ထားသည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account