Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, March 1, 2012

ဂျီအက်စ်အမ်ဖုန်းများ ခေါ်ဆိုရခက်ခဲခြင်း၊ လိုင်းကျခြင်းများ ဖြစ်ပေါ်

ပြည်တွင်းတွင် အသုံးပြုနေသော ဂျီအက်စ်အမ်ဖုန်းများ ယခုရက်ပိုင်းအတွင်း လိုင်းကျခြင်း၊ ခေါ်ဆိုရ ခက်ခဲခြင်းများ ဖြစ်ပေါ်နေကြောင်း  အသုံးပြုသူများနှင့် ဖုန်းဆိုင်များက တညီတညွတ်တည်း ပြောသည်။ ယင်းကဲ့သို့ ဂျီအက်စ်အမ်ဖုန်းများ  ခေါ်ဆိုရ ခက်ခဲခြင်း၊ လိုင်းကျခြင်းများ ဖြစ်ပေါ်ခြင်းမှာ ယခုလပိုင်းအတွင်းတွင် ပိုမိုဖြစ်ပေါ်ပြီး အသုံးပြုရ ပိုမို ကောင်းမွန်လာခြင်း မရှိကြောင်း သုံးစွဲသူများက ဆိုသည်။  ယခုလ ၁၃ ရက်နေ့တွင်လည်း ဂျီအက်စ်အမ်ဖုန်းများ လိုင်းပြတ်တောက်ခြင်း ဖြစ်ပေါ်ခဲ့ပြီး ညနေ  ၄ နာရီခန့်တွင် နာရီဝက်ခန့် လိုင်းပြတ်သွားခြင်း ဖြစ်သည်။ ဂျီအက်စ်အမ်ဖုန်း အသုံးပြုသူတစ်ဦးက “ပြီးခဲ့တဲ့ တနင်္လာနေ့က  ဂျီအက်စ်အမ်ဖုန်းတွေ လိုင်းပြတ်သွားတယ်။ နာရီဝက်လောက်  ခေါ်လို့မရဘူး။ အပြင်က ခေါ်တော့လည်း ခေါ်လို့မရဘူး ပြောတယ်။ အပြင်ပီစီအိုမှာ ဆက်တော့ ဂျီအက်စ်အမ်ဖုန်းတွေ လိုင်းကျနေတယ်  ပြောတယ်။ နာရီဝက်လောက် ဖြစ်တယ်။  အခုရက်ပိုင်း ခေါ်ရတာလိုင်း သိပ်မကောင်းဘူး” ဟု ပြောသည်။

အခြားမိုဘိုင်းဖုန်း အသုံးပြုသူတစ်ဦးကလည်း “ကျွန်တော်တို့ဆို ဒီရက်ပိုင်း ဖုန်းခေါ်ရတာ လိုင်းအရမ်းကျပ်တယ်။ ခေါ်ရတာ မကောင်းဘူး။ ခေါ်လိုက်တာနဲ့ callend ဖြစ်ဖြစ်သွားတယ်။ ပြီးတော့ ခေါ်တဲ့ဖုန်းက  ဂျီအက်စ်အမ်ဆိုရင် ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်နေတယ်ပဲ ပြောတယ်။ ခေါ်ရတာခက်တယ်။  ကိုင်ထားရင်လည်း လိုင်းမမိတာက များတယ်။ ၇၃ တွေကတော့ လိုင်းမိတာများတယ်။ ကြားတာတော့ ဆက်သွယ်ရေးက လိုင်းတွေချဲ့နေလို့ မမိတာလည်း ဖြစ်နိုင်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ဖြစ်နေတာက များတယ်။ ဖုန်းတွေကလည်း ထပ်ချပေးတော့မယ်။ ထပ်ချပေးမယ့် ဖုန်းတွေကလည်း ဂျီအက်စ်အမ် ဖုန်းတွေပဲဆိုတော့ နောက်ဆိုပိုပြီးတော့ လိုင်းကျပ်သွားမလား စိုးရိမ်တယ်။ အခုကိုကိုင်ရတာ မကောင်းဘူးလေ” ဟု သူ၏အမြင်ကို ပြောသည်။

ပြည်တွင်း မိုဘိုင်းဖုန်းဆိုင် တစ်ဆိုင်ဖြစ်သော Mr. Fone မှ အထွေထွေမန်နေဂျာ ကိုစည်သူက “ဒီရက်ပိုင်းမှာ ဂျီအက်စ်အမ်တွေ လိုင်းမမိတာ တော်တော်ဖြစ်နေပါတယ်။ ဆက်သွယ်ရေးအနေနဲ့လည်း လိုင်းတွေကို ထပ်ချဲ့နေတယ်လို့တော့ သိရပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်တော့ မြို့စွန်လို အရင်ကမမိတဲ့ နေရာတွေမှာ လိုင်းမိလာတယ်။ ပြောရရင် obstac ဧရိယာတွေမှာ လိုင်းမိလာတယ်။ ဒါပေမဲ့ downtown  ဧရိယာတွေမှာ လိုင်းက ပိုပိုကျပ်လာတယ်။ တာဝါတိုင်တွေ ထပ်တိုးလို့ အရင်မမိတဲ့ နေရာတွေမှာ လိုင်းပိုမိလာတယ်။ Downtown ကတော့ ညနေ ၄ နာရီ  ၅ နာရီလောက်ဆို လုံးဝဖုန်းပြောလို့ မကောင်းဘူး။ ပြောရင် မကြားရဘူး။ ပြီးရင် ကျသွားတယ်။ ပြီးတော့ ပြန်ခေါ်ရင် ဆက်သွယ်မှု ဧရိယာပြင်ပလို့ ပြောတယ်။ အဲဒီတော့  ဖုန်းလိုင်းတွေ ထပ်ချရင် အဲဒီပြဿနာကို ဘယ်လိုရှင်းမလဲဆိုတာ လိုလာပါပြီ။ သုံးသူကလည်း အဲဒါကို စိုးရိမ်နေကြတာ။ အခုတောင် လိုင်းက သိပ်မကောင်းဘူး။ ထပ်ချပေးမယ့် လိုင်းတွေကလည်း ဂျီအက်စ်အမ်ပဲဆိုတော့ အခုထက် လိုင်းပိုကျပ်သွားမှာ စိုးနေကြတယ်။ ထပ်ချပေးမှာကလည်း နောက်လထဲဆိုတော့ အခုဆို လိုင်းထပ်တိုးထားတယ်ဆိုရင် လိုင်းက ပိုကောင်းနေရမှာပါ။ ဒါပေမဲ့ အခုက မကောင်းဘူး။ လိုင်းက ပိုဆိုးနေတယ်။ အဲဒါကိုတော့ ရှင်းပေးစေချင်ပါတယ်။ ဟိုရက်က ဖုန်းလိုင်းမကောင်းတာ ဝယ်သူတွေကတောင် လှမ်းမေးနေတယ်။ ကျွန်တော်တို့က ကျွန်တော်တို့လည်း ဖြစ်နေပါတယ်ဆိုပြီး ပြန်ပြောရတယ်။ ကျွန်တော်တို့လည်း သုံးစွဲသူအနေနဲ့ လိုင်းကောင်းချင်ပါတယ်။ အဲဒါကိုလည်း အကောင်းဆုံးဖြစ်အောင် လုပ်ပေးစေချင်ပါတယ်” ဟု သူ၏အမြင်ကို ပြောသည်။

မိုဘိုင်းဟန်းဆက် အရောင်းဆိုင် တစ်ဆိုင်ကလည်း “ကျွန်တော်တို့အနေနဲ့ ဟန်းဆက်ရောင်းရတာမှာလည်း ပြဿနာရှိပါတယ်။ ဘာလို့လည်းဆိုတော့ လိုင်းမမိဘူးဆိုရင် ကျွန်တော်တို့ ရောင်းပေးလိုက်တဲ့ ဟန်းဆက်ကပဲ မကောင်းတာလားဆိုတာ ပြဿနာရှိတယ်။ ပြီးတော့ customer  က ကျွန်တော်တို့ဆီကို complain  ပြန်လာတယ်။ ဟန်းဆက်ကြောင့် ဖြစ်တာလားပေါ့။ ကျွန်တော်တို့မှာ ပြန်ရှင်းနေရတယ်။ လိုင်းမမိတိုင်းလည်း ဟန်းဆက်ကြောင့် မဟုတ်ဘူးဆိုတာကို ပြောရတယ်” ဟု သူ၏ အတွေ့အကြုံကို ပြောကြားခဲ့သည်။

တင်ဇာအောင်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account