Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, March 27, 2012

Google က Android Market ကို အမည် ပြောင်းလဲထားသည့် Google Play အား မိတ်ဆက်



Photo
အင်တာနက်ကုမ္ပဏီကြီး ဖြစ်သော Google က ရုပ်ရှင်များ၊ app များ၊ သီချင်းများနှင့် ebook များ၏ ရင်းမြစ်ဖြစ်သော Google Music နှင့် Google eBook store တို့အား စတိုးတစ်ခုအဖြစ် ပေါင်းစပ်ကာ  အမည်သစ်ပေးထားသည့် Google Play ကို ဖန်တီးမိတ်ဆက် ပေးခဲ့ကြောင်း Google ၏ digital content မှ ဒါရိုက်တာဖြစ်သူ Jamie Rosenberg က ပြောကြားခဲ့သည်။ လွန်ခဲ့သည့် သုံးနှစ်ကျော်ခန့်က Android ကို ပွဲထုတ် မိတ်ဆက်ခဲ့စဉ်က တစ်ပြိုင်နက် မိတ်ဆက်ပေးခဲ့သည့် ကုမ္ပဏီ၏ မိုဘိုင်း platform ဖြစ်သော Android Market ကို ပြန်လည်ဆန်းသစ်ကာ အမည် ပြောင်းလဲထားသည့် Google Play သည် အသုံးပြုသူများအား တစ်မျိုးတည်းသော တွေ့ကြုံခံစားမှုကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း Rosenberg က ဆိုသည်။
 
ထို့အပြင် ၎င်းဖန်တီးမှုသည် Android နှင့် သက်ဆိုင်သည့် အတွေ့အကြုံများကို ပိုမိုစွမ်းဆောင်ရည် ပြည့်ဝစွာ ပေးစွမ်းနိုင်မည့်အပြင် content  partner များ အတွက်လည်း အခွင့်အလမ်းများ ပိုမိုတိုးပွားလာစေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် Google Play သည် Apple iTunes နှင့် လုပ်ဆောင်မှုခြင်း တူညီလာမည်ဖြစ်ပြီး Android ဖုန်းနှင့် tablet များပေါ်မှ ရုပ်ရှင်များ၊ သီချင်းများ၊ စာအုပ်များနှင့် app များကို ဝက်ဘ်ပေါ်တွင် ဝေမျှ သိမ်းဆည်းထားနိုင်မည် ဖြစ်သည်ဟု သိရသည်။

အမေရိကန်နိုင်ငံရှိ အသုံးပြုသူများသည် Google Play မှ ရုပ်ရှင်များ၊ သီချင်းများ၊ စာအုပ်များနှင့် Android app များကို ရရှိနိုင်မည် ဖြစ်ပြီး ကနေဒါနှင့် ယူကေရှိ အသုံးပြုသူများမှာ ရုပ်ရှင်၊ စာအုပ်နှင့် Android app များကိုသာ ရရှိနိုင်မည်ဟု သိရသည်။ သြစတြေးလျတွင်မူ စာအုပ်နှင့် app များကိုသာ ထောက်ပံ့ပေးမည်ဖြစ်ပြီး ဂျပန်နိုင်ငံတွင်မူ ရုပ်ရှင်နှင့် app များကိုသာ ထောက်ပံ့ပေးမည် ဖြစ်ကာ ကျန်နိုင်ငံများတွင်မူ Android app  များကိုသာ ရရှိနိုင်မည်ဟု Rosenberg မှ ပြောကြားခဲ့သည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account