Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, March 27, 2012

Ubuntu OS ကို Backup ပြုလုပ်ချင်သူများအတွက် Backup ပြုလုပ်ပုံ



Photo
Ubuntu OS ကို Install ပြုလုပ်ပြီးတဲ့အခါမှာ Update တို့ Upgrade တို့ ပြုလုပ်ပြီး မိမိလိုအပ်တဲ့ Application တွေကို Install ပြုလုပ်ကြပါတယ်။  အကြောင်းအမျိုးမျိုးကြောင့် Ubuntu OS ရဲ့ System ပျက်သွားတဲ့အခါမျိုးဖြစ်ဖြစ်  Ubuntu OS ကို ပြန်ဖြုတ်ချပြီး ပြန်တင်ချင်တဲ့အခါမှာ တင်ချင်သူတွေအတွက် OS ကို Install ပြုလုပ်ပြီးရင် Update, Upgrade ပြုလုပ်ဖို့အတွက် အချိန်ကြာမြင့်မှာ ဖြစ်သလို အင်တာနက်ကွန်နက်ရှင် မရှိသူများအတွက် ပိုမိုပြီး အခက်တွေ့စေမှာ ဖြစ်ပါတယ်။ ဒီလို အခက်အခဲတွေ မရှိရအောင် စိတ်ကြိုက်ထည့်သွင်းထားတဲ့ Application တွေကို ပြန်လည်ရရှိအောင်အတွက် Backup ပြုလုပ်ထားမှသာ နဂို Setting တွေ အတိုင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ယခုတစ်ပတ်မှာတော့ သင်စိတ်ကြိုက်ဖန်တီးထားတဲ့ Ubuntu OS ကို Backup ပြုလုပ်ပုံ ပြုလုပ်နည်းကို ရွေးချယ်တင်ပြလိုက်ပါတယ်။

Ubuntu OS ကို Backup ပြုလုပ်မယ်ဆိုရင် Backup ပြုလုပ်ပုံ နည်းလမ်း အမျိုးမျိုး ရှိပါတယ်။ ဒီအထဲက အလွယ်ကူဆုံးဖြစ်တဲ့ Terminal ကနေ ပြုလုပ်ပုံကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Ubuntu OS ကို Backup ပြုလုပ်ဖို့အတွက် Ctrl+Alt+T ဆိုတဲ့ Shortcut နဲ့ Terminal ကို ခေါ်ယူရမှာ ဖြစ်ပါတယ်။ Terminal ကို Shortcut Key နဲ့ မခေါ်ချင်သူများအတွက် Dash Home Button ကို ကလစ်နှိပ်ပြီး Terminal လို့ ရိုက်ထည့်ပြီး Terminal ကို ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ Terminal ရောက်ပြီဆိုရင်တော့ အောက်ပါ Command ကို ရိုက်ထည့်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် command တွေကတော့ Command ကို ရိုက်ထည့်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် command တွေကတော့ sudo tar cvpjf backup.tarbz2 -exclude=/proc-exclude=/lost+found -exclude=/backup.tar.bz2 -exclude=/mnt -exclude=/sys/ ဆိုတဲ့ Command ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒီ Command ကို အသုံးပြုလိုက်ပြီဆိုရင် သင့်စက်မှာ အသုံးပြုထားတဲ့ Password ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပြီး Password ရိုက်ထည့်ပေးပြီးပြီဆိုရင်တော့ စတင်ပြီး Backup ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Backup ပြုလုပ်ချိန်ဟာ သင်ထည့်သွင်းထားတဲ့ Application တွေရဲ့ အနည်းအများပေါ် မူတည်ပြီး အချိန်ကြာမြင့်မှုနဲ့ မြန်မြန်ဆန်ဆန် Backup ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Backup ပြုလုပ်ပြီးတဲ့အခါမှာတော့ သင်စိတ်ကြိုက် အသုံးပြုနိုင်အောင် DVD အချပ်တစ်ခုထဲမှာ ထည့်သွင်းထားပြီး လိုအပ်တဲ့အချိန်တွေမှာ ကူးယူပြီး အလွယ်တကူ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Backup ပြုလုပ်ထားတဲ့ DVD အချပ်ကို ထည့်သွင်းပြီး OS တစ်ခုခုဖြစ်ခဲ့ရင် ပြန်လည် ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account