Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, May 4, 2012

မကြာမီ အွန်လိုင်းမီဒီယာများ မှတ်ပုံတင်ခွင့် ရတော့မည်


Photo
မေလ ၄ ရက်။    ။ ပြန်ကြားရေး ဝန်ကြီးဌာနက အွန်လိုင်းမီဒီယာ များကို မကြာမီ သမားရိုးကျ အခြားသော မီဒီယာများနည်းတူ သတ်မှတ်ပြီး  မှတ်ပုံတင်ခွင့်နှင့် အခွင့်အရေးတန်းတူ ရရှိစေရန် ဆောင်ရွက်လုပ်ကိုင် နေတယ်လို့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးဝင်းက ပြောသွားပါတယ်။

လာမယ့် ၂၀၁၃ ခုနှစ်မှာ အတည်ပြုရန်ရှိတဲ့ ပုံနှိပ်မီဒီယာဥပဒေမှာ သတင်းအေဂျင်စီများ ထူထောင်ပြီး အွန်လိုင်းကတဆင့် သတင်း အချက်အလက်များ ဖြန့်ဝေလိုပါက မှတ်ပုံတင်ပြီး ဆောင်ရွက်ခွင့် ရရှိစေရန် စဉ်းစား ဆောင်ရွက်နေကြောင်း၊ ယခု လောလောဆယ်မှာ ပြည်တွင်းမှာရှိတဲ့ အွန်လိုင်းမီးဒီယာများ အနေနဲ့ သတင်း စာသားများကို စာပေစိစစ်ရေးကို တင်ပြစရာမလိုဘဲ ဖော်ပြနေကြကြောင်း၊ မကြာမီမှာ လွတ်တော်မှာ တင်ပြရန်ကျန်ရှိတဲ့ သတင်းမီဒီယာဥပဒေ အတည်ပြုပြဌာန်းပြီးတဲ့နောက်မှာ မှတ်ပုံတင်ခြင်းများကို စတင်ပြုလုပ်မှာ ဖြစ်ပြီး၊ ယခုနှစ်ဆန်းပိုင်းက အင်းယားလိပ် ဟိုတယ်မှာ ပြုလုပ်ကျင်းပခဲ့တဲ့ မြန်မာ သတင်းမီဒီယာ ဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲမှာ အွန်လိုင်းမီဒီယာတွေကို မြန်မာဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှာ မှတ်ပုံတင်ရမယ် ဆိုတာကို သဘောတူညီ ခဲ့ကြပြီးတဲ့နောက် လအနည်းငယ် အကြာမှာဘဲ အွန်လိုင်းမီဒီယာတွေကို ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှာ တပေါင်းတစည်းတည်း ထားရှိမယ်လို့ ပြန်လည်ဆုံးဖြတ် ခဲ့ကြကြောင်း၊ ဒါပေမယ့် အွန်လိုင်းမီဒီယာများ အနေနဲ့ ဆက်သွယ်ရေး ဥပဒေနှင့် အွန်လိုင်းမီဒီယာနဲ့ သက်ဆိုင်တဲ့ အီလက်ထရွန်းနစ် ဥပဒေအရ ယင်းဥပဒေကို ဖေါက်ဖျက်ကျူးလွန်ပါက အမြင့်ဆုံး ထောင်ဒဏ် (၁၅) နှစ်အထိ အပြစ် ချမှတ်နိုင်ကြောင်းတို့ကို ရှင်းလင်းပြောကြား သွားပါတယ်။

ရတနာပုံသတင်း

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account