Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, May 17, 2012

နယ်ဖုန်းများ ကတ်ပျက်လျှင် ရန်ကုန်တွင် ပြန်လဲနိုင်


Photo
နံပါတ်ခုနစ်လုံးဖြင့်စသော နယ်ဖုန်းကတ်ပျက်များကို ရန်ကုန်တွင် လဲလှယ်ပေးမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။  ယခင်က ဖုန်းကတ် ပျက်စီးမှုများကို ဖုန်းများ ရောင်းချပေးသည့် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လဲလှယ်ပေးခဲ့သည်။ “အဓိကကတော့ ကတ်ပျက်လို့ လာလျှောက်တဲ့အခါ ကတ်မှာပါတဲ့ နံပါတ်တွေ ရှိနေတဲ့အတွက် အချိန်တိုအတွင်း လုပ်ဆောင်ပေးနိုင်တဲ့အတွက် ဆောင်ရွက်ပေးမှာပါ” ဟု ဆက်သွယ်ရေးမှ တာဝန်ရှိသူက ပြောသည်။ သို့သော် ကတ်ပျောက်များကိုမူ စာရွက်စာတမ်းနှင့် ကတ်နံပါတ်များ ပြန်ရှာရမည်ဖြစ်၍ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပြန်လျှောက်ရမည်ဟု ၎င်းက ဆက်လက်ပြောသည်။ လက်ရှိတွင် ကတ်ပျက်စီးမှုများကို အခမဲ့ လဲလှယ်ပေးနေပြီး ကတ်ပျောက်ဆုံးမှုကိုမူ ကျပ်နှစ်သောင်းဖြင့် ပြန်လည် လျှောက်ထားခွင့် ပြုထားသည်။ ကတ်ပြန်လည် ရယူသည့်အချိန်ကိုလည်း ယခင် တစ်ပတ်ခန့်မှ ၃ ရက်မှ ၅ ရက်အတွင်း ဆောင်ရွက်ပေးနေကြောင်း ဆက်သွယ်ရေးမှ သိရသည်။

လက်ရှိတွင် ကတ်ပျောက်၊ကတ်ပျက် လျှောက်ထားမှုကို ယခင်လဲလှယ်ပေးသည့် ရွှေဂုံတိုင် ဆက်သွယ်ရေးရုံးနှင့် အလုံ ဆက်သွယ်ရေးရုံးတို့အပြင် ရန်ကုန်စာတိုက်ကြီး၊ ပန်းဆိုးတန်း ဆက်သွယ်ရေးရုံး၊ လမ်း ၄၀ အော်တိုတယ်လီဖုန်းရုံး စသည့် ဆက်သွယ်ရေးရုံး ငါးရုံးနှင့် ဖုန်းများ ရောင်းချပေးသည့် ကုမ္ပဏီများတွင် လျှောက်ထားခွင့် ပေးလိုက်ကြောင်း သိရသည်။ “ဖုန်းက အရင်က ပဲခူးက ဝယ်လာတာပါ။ အလုပ်က ရန်ကုန်မှာဆိုတော့ ရန်ကုန်မှာပဲ ဖုန်းသုံးဖြစ်တယ်။ ကတ်ပျက်လို့ သွားလျှောက်တော့ ပဲခူးကို ပြန်လျှောက်ခဲ့ရတယ်။ အချိန်လည်း ကုန်တယ်။ ငွေလည်း ကုန်ခဲ့တယ်။ မြန်မာ့ဆက်သွယ်ရေးက ထုတ်ပေးထားတဲ့ ဖုန်းတွေပဲ။ ဘယ်ရုံးသွားသွား ဆောင်ရွက်ပေးသင့်တာ ကြာပါပြီ” ဟု ဖုန်းကတ်ပျက်စီး၍ လျှောက်ထားခဲ့သူ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ကိုမင်းဇော်က ပြောသည်။ လက်ရှိတွင် ဖုန်းသုံးစွဲသူ အများစုမှာ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေရသည့်အတွက် ဖုန်းများ ဝယ်ယူသည့် မြို့များနှင့် ဝေးကွာလျက် ရှိနေပြီး ဖုန်းများ ပျက်စီး၊ ပျောက်ဆုံးခြင်းများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး ဖုန်းများ ပြန်လည် လျှောက်ထားရာတွင် မိမိဝယ်ယူခဲ့သည့် မြို့များသို့ ပြန်လည် လျှောက်ထားနေရသည့် ပြဿနာများ ပေါ်ပေါက်နေကြောင်း သုံးစွဲသူများထံမှ သိရသည်။ 

အောင်ဇော်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account