Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, May 17, 2012

FTTX ကနဦးတပ်ဆင်ခ အရစ်ကျစနစ်ဖြင့် ရောင်းတော့မည်

Photo

ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်ရန်အတွက် တရုတ်၊ အီးယူတို့နှင့် စတင် ဆွေးနွေးမှုများ ပြုလုပ်နေပြီဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။  “လောလောဆယ် ဆွေးနွေးနေပါတယ်။ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ်လို့ ထင်ရင် လွှတ်တင်မယ်။ အကျိုးမရှိဘူးထင်ရင် ငှားသုံးသွားမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံပိုင် ဆက်သွယ်ရေး ဂြိုဟ်တုအား ၂၀၁၅ ခုနှစ်တွင် လွှတ်တင်သွားရန် စတင် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ယင်းသို့ ဂြိုဟ်တု လွှတ်တင်ဖြစ်ပါက နိုင်ငံ၏ ဂုဏ်သိက္ခာ တက်လာမည့်အပြင် ဝေးလံသည့် ဒေသများကို အဆိုပါ ဂြိုဟ်တုမှ တစ်ဆင့် ဆက်သွယ် ပြောဆိုနိုင်မည် ဖြစ်ကြောင်း ၎င်းကပြောသည်။


“မြို့ကြီးတွေကတော့ ဖိုင်ဘာ ဆက်သွယ်မှုကိုပဲ အသုံးပြုသွားမှာပါ။ နယ်စွန်၊ နယ်ဖျားတွေ ပင်လယ်ထဲက ကျွန်းတွေအတွက်ပဲ ဂြိုဟ်တုကို အသုံးပြုသွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။ ပြည်တွင်း၌ ဖုန်းဆက်သွယ်မှုများအတွက် ဖိုင်ဘာကွန်ရက်ကသာ အဓိကထား ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖိုင်ဘာဆက်သွယ်မှုဖြင့် တယ်လီဖုန်း ပြောဆို ဆက်သွယ်နိုင်သည့် ဧရိယာ ၈၀ ရာခိုင်နှုန်းခန့်ရှိကြောင်း လာမည့်နှစ်အတွင်း  နိုင်ငံတစ်နိုင်ငံလုံးနီးပါး ဖိုင်ဘာကွန်ရက် လွှမ်းခြုံနိုင်ရန် အတွက်လည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။ လက်ရှိ တိုးချဲ့ ဆောင်ရွက်နေသည့် ဖိုင်ဘာဆက်ကြောင်းမှာ မန္တလေး-မုံရွာ ဆက်ကြောင်း၊ မုံရွာ-ရွှေဘို ဆက်ကြောင်းနှင့် ရွှေဘို-မြစ်ကြီးနား ဆက်ကြောင်းတို့ ဖြစ်ပြီး ၎င်းဆက်ကြောင်းများ ပြီးစီးပါက လားရှိုး-မန္တလေး ဆက်ကြောင်းကို ဆက်လက် ချိတ်ဆက်သွားမည် ဖြစ်ကြောင်း၊ ဖိုင်ဘာကေဘယ်လ်များ ဖောက်လုပ်ရာတွင်လည်း အချိန်နှင့် ငွေကြေးများစွာ ကုန်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ ထုတ်ပြန်ချက်အရ သိရသည်။

အောင်ဇော်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account