Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, June 16, 2012

မိမိ၏ Blogတွင် Myanmar exchange Rate widget ထည့်သွင်းနည်း

ကဲ... blogger သူငယ်ချင်းတို့အတွက် Myanmar exchange Rate widget လေးထည့်နည်းလေးကို ရေးပေးလိုက်တယ်နော်..
တစ်ချို့သူငယ်ချင်းတွေက မသိကြသေးလို့လေ.C-box မှာတော့ တစ်ယောက်အော်သွားလို့ပါ. ကျွန်တော်သိတာလေး မျှဝေပေးလိုက်ပါတယ်ဗျာ....
ပုံနဲ့တော့ မရှင်းပြတော့ဘူးနော်. လုပ်တတ်မယ်ထင်လို့ စာဘဲရေးပေးလိုက်ပါတယ်. ကျွန်တော်လည်း အခုတလောအလုပ်နည်းနည်းများနေလို့ပါ.
ဒါကိုတော့ နားလည်ပေးစေချင်ပါတယ်.

www.blogger.com ကိုဖွင့်လိုက်ပါ.
ပြီးရင် မိမိအကောင့်နာမည်နဲ့ လျှို့ဝှက်နံပတ်ကို ပြည့်စုံစွာရိုက်ထည့်ပါ.
ထိုအခါ blogger Dashboard ကျလာပါလိမ့်မည်.
ထိုအခါ Design ကဏ္ဍကိုဝင်လိုက်ပါ.
Page Elements တွင် Add a Gadget ကိုနှိပ်လိုက်ပါ.
ထို့နောက် Html\Java Script ကိုရွေးချယ်လိုက်ပါ.
ထိုအခါ box တစ်ခုကျလာပါမည်.
အဆိုပါ box မှ Content တွင် အောက်မှပေးထားသော code များကို ကူးထည့်ပေးလိုက်ပါ.

<a href='http://www.myanmarbizportal.com/'><img src="http://www.myanmarbizportal.com/Exchange.aspx"/></a>

Title တွင် ယနေ့ "ငွေကြေးလဲလှယ်နှုန်း.." ဟုပေးလိုက်ပါ.
ပြီးလျှင် Save ကိုနှိပ်လိုက်ပါက Myanmar exchange Rate widget လေးကို ရရှိမည် ဖြစ်ပါသည်....

အားလုံးကိုခင်မင်လေးစားလျက်....
ရွှေမန်းသားလေး ဝေယံ(နည်းပညာ)

2 comments:

တော်တော်လေးကိုကောင်းပါတယ်ဗျ။ကျွှန်တော်ကအခုမှ Blog စရေးတာဆိုတော့ကျွန်တော့်အတွက်အသုံးတအားဝင်ပါတယ်။ကျွန်တော်ဘလော့ကိုလဲလာရောက်လည်ပေးပြီးလိုအပ်တာရှိရင်လဲအကူအညီတောင်းခံပါတယ်။နောက်ထပ်ရှိသေးရင်လဲထပ်တင်ပြပေးစေချင်ပါတယ်။

အရမ်းကောင်းတယ် ကျေးဇူးတင်တယ်
ခင်မောင်ဝင်း

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account