Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, June 14, 2012

မိုဘိုင်းဖုန်း သုံးစွဲမှုမြင့်လာပါက PCO ဖုန်းဆိုင်များ ပိတ်မည်



Photo
မိုဘိုင်းဖုန်း သုံးစွဲလာမှု မြင့်မားလာပါက လမ်းဘေး PCO ဖုန်းဆိုင်များ ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
  လက်ရှိတွင် ပြည်တွင်းဖုန်း သုံးစွဲနိုင်မှုမှာ နိုင်ငံ လူဦးရေနှင့် နှိုင်းယှဉ်ပါက များစွာ လျော့နည်း နေသော်လည်း တန်ဖိုးနည်းဖုန်း သန်း ၃၀ အား ရောင်းချပြီးပါက ပြည်တွင်း ဖုန်းသုံးစွဲနိုင်မှု အနေအထားမှာ နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော် ဖြစ်လာမည် ဖြစ်၍ အများပြည်သူ ဖုန်းသုံးစွဲရန် ထားရှိသည့် PCO ဖုန်းများ၏ ဝင်ငွေမှာ ကျဆင်းလာမည် ဖြစ်၍ ဖြုတ်သိမ်းမှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ “လူတိုင်းနီးပါး ဖုန်းကိုင်နိုင်ရင်တော့ အပြီး ဖြုတ်သိမ်းသွားမှာပါ။ လောလောဆယ်တော့ ဖုန်းသုံးစွဲမှုအပေါ် ကြည့်ပြီး တဖြည်းဖြည်း PCO တွေကို ဖြုတ်ပစ်သွားမှာပါ” ဟု ၎င်းက ပြောသည်။ တန်ဖိုးနည်း ကျပ်နှစ်သိန်းဖုန်းများ ပေါ်ပေါက်လာသည့် အခါတွင် PCO မှ တစ်ဆင့် ဖုန်းပြောမှုများမှာ ထက်ဝက်ခန့် ကျဆင်းသွားကြောင်း ရန်ကုန်မြို့တွင်းရှိ PCO ဖုန်းဆိုင်များမှ စုံစမ်းသိရသည်။

“နှစ်သိန်းဖုန်းတွေ ပေါ်ပေါက်လာမှပဲ ဖုန်းလာဆက်တာ နည်းသွားတယ်၊ အရင်တုန်းက တစ်နေ့ကို မိနစ် ၂၀၀ လောက် ဖုန်းဆက်မှုရှိတယ်။ အခု မိနစ် ၁၀၀ တောင် မပြည့်ချင်တော့ဘူး” ဟု ကျောက်တံတား မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် PCO ဝန်ထမ်းတစ်ဦးက ပြောသည်။ လက်ရှိ PCO ဖုန်းများမှ ဖုန်းပြောဆိုခ ကောက်ခံမှု နှုန်းများမှာ မြို့တွင်း ခေါ်ဆိုပါက တစ်မိနစ် ၅၀ ကျပ်နှင့် နယ်ဝေး ခေါ်ဆိုပါက တစ်မိနစ် ၇၀ ကျပ်မှ ၁၀၀ ကျပ်အထိ ရှိနေပြီး မိုဘိုင်းဖုန်း ခေါ်ဆိုခမှာ တစ်မိနစ် ၅၀ ကျပ်သာ ရှိပြီး နယ်ဖုန်း ခေါ်ဆိုပါက တစ်မိနစ် ၆၀ ရှိကြောင်း သိရသည်။ နိုင်ငံ လူဦးရေ၏ ၁၀ ပုံ ၁ ပုံခန့်ရှိသည့် ရန်ကုန်တိုင်း ဒေသကြီးတွင် ဖုန်းသုံးစွဲမှု အများဆုံးဖြစ်ပြီး PCO ဖွင့်လှစ်ထားမှုမှာလည်း အခြားမြို့များထက် များစွာ ပိုများသည်။ ရန်ကုန်မြို့တွင် တစ်မြို့နယ်တွင် အနည်းဆုံး PCO ဖုန်းဆိုင် ၂၀၀ ကျော်အထိ ရှိနေကြောင်း ၎င်းဈေးကွက်မှ သိရသည်။ လက်ရှိ လူဦးရေ ၆ သန်းခန့် ရှိနေသည့် ရန်ကုန်မြို့၌ ဖုန်းသုံးစွဲသူဦးရေမှာ ကျပ်နှစ်သိန်းဖုန်းများ မပေါ်ပေါက်မီ ကာလတွင် သုံးစွဲသူ သုံးသိန်း ခုနစ်သောင်းခန့် ရှိနေသော်လည်း ကျပ်နှစ်သိန်းနှင့် နှစ်သိန်းခွဲဖုန်းများ ပေါ်ပေါက်လာသည့် အချိန်၌ ဖုန်းသုံးစွဲသူ ဦးရေမှာ ခြောက်သိန်းနီးပါး ရှိနေကြောင်း ဆက်သွယ်ရေးမှ ထုတ်ပြန်ချက်အရ သိရသည်။       

အောင်ဇော်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account