Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, June 14, 2012

နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်တော့မည် မဟုတ်


နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်တော့မည် မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။  အဆိုပါဂြိုဟ်တုကို ၂၀၁၅ ခုနှစ်တွင် လွှတ်တင်နိုင်ရန်အတွက် တရုတ်၊ အီးယူနိုင်ငံများနှင့် ဆွေးနွေးခဲ့ရာ ဂြိုဟ်တု အသုံးစရိတ်အတွက် ကန်ဒေါ်လာ သန်း ၃၀၀ သုံးစွဲရမည်ဟု ဆက်သွယ်ရေးမှ သိရသည်။
“ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ်ထင်ရင် လွှတ်တင်မယ်၊ အကျိုးမရှိဘူးထင်ရင် မလွှတ်တင်ဘူးလို့ ပြောထားပါတယ်။ အခုအကျိုးမရှိဘူး ထင်လို့ မလွှတ်တင်တော့တာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ ယင်းသို့ ကိုယ်ပိုင်ဂြိုဟ်တု မလွှတ်တင်သော်လည်း တခြားနိုင်ငံများမှ တစ်ဆင့် ငှားရမ်းသုံးစွဲသွားမည် ဖြစ်ကြောင်း၊ ယင်းအတွက်ကိုလည်း လွှတ်တော်သို့ တရားဝင် တင်ပြထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ဂြိုဟ်တု မလွှတ်တင်တော့တဲ့အတွက် ဂြိုဟ်တုအတွက် သုံးစွဲမယ့် ငွေတွေကို မိုဘိုင်းဖုန်း တိုးချဲ့ရေး စီမံကိန်းမှာ သုံးစွဲသွားမှာပါ” ဟု၎င်းက ထပ်လောင်းပြောသည်။ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံပိုင်ဂြိုဟ်တု လွှတ်တင်ရခြင်း အကြောင်းမှာ ဝေလံခေါင်ဖျားသည့် ဒေသများနှင့် ပင်လယ်အတွင်းရှိ ကျွန်းများအတွက်သာ ဆက်သွယ်မှု ကောင်းမွန်စေရန်နှင့် နိုင်ငံ၏ ဂုဏ်သိက္ခာ တိုးတက်ရေးအတွက် လွှတ်တင်ရခြင်းသာဖြစ်ကြောင်း၊ လက်ရှိအသုံးပြုနေသည့် ဖိုင်ဘာဆက်သွယ်မှု စနစ်သာ အဓိက သုံးစွဲမည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။

လက်ရှိတွင် ဖိုင်ဘာဆက်ကြောင်းဖြင့်  တယ်လီဖုန်း ပြောဆိုဆက်သွယ်နိုင်သည့် ဧရိယာ ၈၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ဆက်လက်၍ ဖိုင်ဘာကွန်ရက်အား လာမည့် ၂၀၁၄ ခုနှစ်တွင် တစ်နိုင်ငံလုံးနီးပါး လွှမ်းခြုံနိုင်ရန် ဆောင်ရွက်လျက်ရှိနေကြောင်း၊ ဖိုင်ဘာကွန်ရက်များ တည်ဆောက်ရာတွင် အချိန်နှင့် ငွေကြေး များစွာ ကုန်ကျကြောင်း ယင်းဌာနမှ သိရသည်။ ဖိုင်ဘာဆက်သွယ်မှုများနှင့် ပတ်သက်၍ ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် တစ်ဦးက ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ မြင့်မားရေးအတွက် “ဖိုင်ဘာဆက်သွယ်မှုကိုပဲ အဓိကထား ဆောင်ရွက်သွားတော့မှာပါ။ ဒါတွေလုပ်ဆောင်ဖို့ လက်ရှိ ပြည်တွင်းကုမ္ပဏီတွေနဲ့ မနိုင်နိုင်ပါဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင်တော့ အမြန်ဆုံး ပြီးသွားမှာပါ” ဟု ပြောသည်။

ယင်းသို့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအား လက်ခံနိုင်ရန်အတွက် ဥပဒေ လိုအပ်ကြောင်း၊ လက်ရှိကာလတွင် ဆက်သွယ်ရေး လုပ်ငန်းအား ဝင်ရောက်ရင်းနှီးမြှုပ်နှံရန်အတွက် လာရောက်ဆက်သွယ်ထားသည့် ပြည်ပနိုင်ငံများ ရှိကြောင်း၊ ဥပဒေ မပေါ်ပေါက်၍သာ ခွင့်ပြုမပေးနိုင်ခဲ့ကြောင်း၊ ယင်းကြောင့် ဥပဒေကိုလည်း ယခုနှစ်အတွင်း အပြီးသတ် ဖော်ဆောင်သွားရန် စီစဉ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

အောင်ဇော်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account