Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, June 1, 2012

ဖလိမ်းအမည်ရှိတဲ့ ကွန်ပျူတာဗိုင်းရပ်စ်နဲ့ ပတ်သက်၍ ကုလသမဂ္ဂမှ သတိပေးချက် ထုတ်ပြန်


Photo
မေလ ၃၁ ရက်။    ။ လတ်တလောကာလတွင် အီရန်နိုင်ငံနဲ့ အရှေ့အလယ်ပိုင်းဒေသ အချို့မှာကြုံတွေ့နေရတဲ့ ဖလိမ်း (Flame) အမည်ရှိတဲ့ ကွန်ပျူတာဗိုင်းရပ်စ် အန္တရာယ်ကို အထူး သတိပြုကြဖို့  ကုလသမဂ္ဂ အေဂျင်စီတစ်ခုက အမြင့်ဆုံး သတိပေးချက်တစ်ခုကို ထုတ်ပြန်ထားကြောင်း မေလ ၂၉ ရက်အင်္ဂါနေ့က အယ်ဂျာဇီးယား သတင်းမှာ ဖော်ပြထားပါတယ်။

မိမိတို့ ထုတ်ပြန်ခဲ့သမျှ သတိပေးချက်တွေထဲမှာ ယခုထုတ်ပြန်လိုက်တဲ့ သတိပေးချက်ဟာ အပြင်းထန်ဆုံး သတိပေးချက် ဖြစ်ကြောင်း ကုလသမဂ္ဂ လက်အောက်ခံ ဂျီနီဗာအခြေစိုက် နိုင်ငံတကာဆက်သွယ်ရေး သမဂ္ဂအတွက် အင်တာနက်ဆိုင်ရာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ညှိနှိုင်းရေးမှုး “မာကိုအိုဘီဆို” က ပြောကြားလိုက်ပါတယ်။

ဖလိမ်း (Flame) အမည်ရှိတဲ့ ကွန်ပျူတာ ဗိုင်းရပ်စ်ဟာ အန္တရာယ်ပေးတဲ့ သူလျှို လက်နက်တစ်ခုဖြစ်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ အဓိက အခြေခံ အဆောက်အအုံပိုင်းများကို တိုက်ခိုက်ရာမှာ အသုံးပြုလေ့ရှိတယ်လို့ အင်္ဂါနေ့က ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ အိုဘီဆိုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အီရန်နျူကလီးယား အစီအစဉ်များအပေါ် ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ စတပ်နက် (Stuxnet) ဗိုင်းရပ်စ် တိုက်ခိုက်မှု နောက်ပိုင်းမှာ စတင်ခဲ့တဲ့ အင်တာနက်စစ်ပွဲ ခေတ်သစ်တစ်ခုမှာ ယခုထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ဟာ နောက်ဆုံး ထုတ်ပြန်ချက် တစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရတနာပုံဘာသာပြန်သတင်း
Ref;အယ်ဂျာဇီးယား

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account