Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, June 1, 2012

ဆိုက်ဘာ တိုက်ခိုက်မှု ဖြစ်စဉ်များကို သုတေသန ပညာရှင်များ ဖော်ထုတ်နိုင်ခဲ့


Photo
ရည်ရွယ်ချက် ကြီးကြီးမားမား ထားရှိကာ ပစ်မှတ်ထား တိုက်ခိုက်သည့် ဆိုက်ဘာ တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် ပုဂ္ဂလိက သတင်း အချက်အလက်များကို ရယူလိုခြင်းကြောင့် ဖြစ်ပြီး  အစ္စရေးနှင့် အီရန်နိုင်ငံတို့မှာ ပို၍ ရင်ဆိုင်ခဲ့ရကြောင်း သုတေသန ပညာရှင်များက ပြောကြားလိုက်သည်။
ရုရှားနိုင်ငံရှိ ကတ်စပါစကီ၊ လုံခြုံရေး သုတေသနအဖွဲ့က ပြောကြားရာတွင် Flame ဟု လူသိများသော ဆိုက်ဘာ တိုက်ခိုက်မှုများကို ၂၀၁၀ ခုနှစ် သြဂုတ်လမှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်း BBC သို့ ပြောကြားသည်။ ထို့ပြင် အဆိုပါ တိုက်ခိုက်မှုများကို နိုင်ငံအစိုးရများက ပံ့ပိုးကူညီပေးခဲ့ဖွယ် ရှိကြောင်းနှင့် ယင်း၏ ပင်မရင်းမြစ်ကို တိကျစွာ ဖော်ထုတ်နိုင်ရန် ခက်ခဲကြောင်းလည်း ပြောကြားသွားသည်။ သုတေသန ပညာရှင်များက ကုလသမဂ္ဂ နိုင်ငံတကာ တယ်လီဆက်သွယ်ရေး ယူနီယံနှင့် ပူးပေါင်းကာ ဆိုက်ဘာ တိုက်ခိုက်မှုများကို စုံစမ်း အဖြေရှာခဲ့ခြင်းလည်း ဖြစ်သည်။ နောက်ထပ် တွေ့ရှိမှုများတွင် Wiper အမည်ရှိ Malwave များမှာ အာရှတိုက် အနောက်ပိုင်းရှိ နိုင်ငံများထံမှ အချက်အလက်များကို ဝင်ရောက် ဖျက်ဆီးလေ့ရှိကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ “စနစ်တစ်ခုလုံး ရပ်ဆိုင်းသွားအောင် အဓိကထားပြီး တိုက်ခိုက်လေ့ ရှိကြပါတယ်။ ကွန်ရက်တွေကျပ်ပြီး ပြတ်တောက်သွားမယ်။ ဒေတာတွေ ပျက်စီးသွားမယ်။ တစ်ခါ တိုက်ခိုက်ရင် Malwave ရဲ့ ပမာဏက 20MB လောက်မှာ ရှိတတ်ပါတယ်” ဟု ကတ်စပါစကီး အကြီးအကဲ ဗစ်ဘာလီကမ်းလပ်က ပြောသည်။         

BBC

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account