Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, June 4, 2012

အီရန်မှ Cyber Warriors Team ၏ အင်တာနက်ကို ထိုးဖောက်နိုင်ခဲ့



Photo
အီရန်ကျောင်းသား တစ်စုတို့ ပါဝင်သော "ဆိုက်ဘာ စစ်သည်များအဖွဲ့" Cyber Warriors Team ဟု သိရှိကြသည့် အဖွဲက NASA အဖွဲ့၏ ထောင်ပေါင်းများစွာသော သုတေသနသမားတို့၏ ပုဂ္ဂိုလ်ရေး အချက်အလက်များအား  အင်တာနက် ထိုးဖောက်ခြင်းဖြင့် ရယူခဲ့ကြသည်။
မေလ (၁၆) ရက်နေ့တွင် ယင်းအဖွဲ့က နာဆာ အာကာသအေဂျင်စီ ဝဘ်ဆိုက်တစ်ခုကို ထိုးဖောက်၍ ထောင်ပေါင်းများစွာသော နာဆာ သုတေသနသမားတို့၏ အီးလ်မေးများနှင့် အခြား အသုံးပြုသူတို့၏ အကောင့်များကို ရယူခဲ့ကြကြောင်း ပိတ်စ်ဘင်ဝဘ်ဆိုက်မှ ဖော်ပြခဲ့ခြင်း ဖြစ်သည်။ အင်တာနက်ထိုးဖောက်သည့် ဟက်ကာတို့က ချောမွေ့ခြင်း မရှိသည့် အင်္ဂလိပ်ဘာသာဖြင့် ၎င်းတို့မှ နာဆာ၏ SSL လုံခြုံရေးစနစ်ကို မည်သည့်အတွက် မည်သို့ ထိုးဖောက်ခဲ့ကြကြောင်းကို ဖော်ပြခဲ့သည်။

လုံခြုံရေး ချို့ယွင်းချက်ကလေးများ ရှိနေကြာင်းနှင့် အာကာသ အေဂျင်စီအား ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းပွင့်လျက်ရှိကြောင်း "အလယ်မှလူ" ဟု ၎င်းတို့ခေါ်သည့် လုပ်ဆောင်မှုတစ်ခုက ဟက်ကာတို့၏ ဆက်သွယ်မှု တစ်ခုစီ၏ ခြေရာတို့ကို ရှင်းလင်းပေး၍ ဆက်သွယ်မှု တစ်ခုစီ၏ ခြေရာတို့ကို ရှင်းလင်းပေး၍ ထောက်လှမ်း သိရှိနိုင်မှုကို ရှောင်တိမ်းနိုင်ကြောင်း အဆိုပါအုပ်စုက ဖော်ပြခဲ့သည်။ Security News Daily စာစောင်က မှတ်ချက်ပေး ပြောကြားရန် မေးမြန်းခြင်းကို NASA က ပြန်လည်ပြောကြားခြင်း မပြုခဲ့ပေ။ Kaspsersky Labs မှ သုတေသနသမားတို့ထံမှ ရှင်းလင်းပြောဆိုချက်တွင် Cyber Warriors Team သည် လွတ်လပ်သည့် အီရန်ကျောင်းသား ဟက်ကာများနှင့် ဆော့ဖ်ဝဲအစီအစဉ် ရေးဆွဲကြသူများ ဖြစ်ကြ၍ ထိုအဖွဲ့ဝင်တို့က HTTPS protocol scanner ကို အသုံးပြု၍ NASA ၏ လုံခြုံရေးကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ NASA အင်တာနက် ထိုးဖောက်မှုကို ၎င်းတို့ မည်သို့ ဆောင်ရွက်ခဲ့ပုံကို ပြသသည့် ဗီဒီယိုအား မကြာမီ ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း "ဆိုက်ဘာ စစ်သည်များအဖွဲ့" က ကတိပြုခဲ့သည်။

အတည်ပြုခြင်း မပြုသေးသော်လည်း ဖော်ပြပါ လုံခြုံရေး ချိုးဖောက်လုပ်ဆောင်မှုမှာ နာဆာအပေါ် ပထမဆုံး လုပ်ဆောင်မှု မဟုတ်ဘဲ ထိုသို့ လုပ်ဆောင်ခြင်းမှာ နာဆာ၏ အတွင်းရေး အမှုတွဲများကို ရယူရန် သို့မဟုတ် ယင်းအာကာသအေဂျင်စီအား ၎င်းတို့၏ ယိုစိမ့်ပေါက်များကို ပိတ်ဆို့ရန် သတိပေးရန် ကြိုးစားခြင်း ဖြစ်ပုံရသည်။ ယခုလ စောစောပိုင်းတွင် ရိုမေးနီးယားမှ မိမိကိုယ်ကို Tim Kode ဟု ခေါ်သူ ဟက်ကာတစ်ဦးက NASA ၏ ဂေါ့ဒတ် ပျံသန်းရေးဌာနမှ အင်တာနက်ဆာဗာတစ်ကို ၂၀၁၁ ခုနှစ် ဧပြီလတွင် ထိုးဖောက်၍ ဂြိုတ်တုမှ အတွင်းရေး အချက်အလက်တို့ကို ရယူနိုင်ခဲ့သည်ဟု ဆိုသည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် NASA ၏ စစ်ဆေးရေးမှူးချုပ် ပေါလ်ကေမာတင်က ၂၀၁၁ ခုနှစ် မတ်လတွင် ခိုးယူခံရသော မှတ်စုစာအုပ် ကွန်ပျူတာမှ နိုင်ငံတကာ အာကာသစခန်းကို ထိန်းချုပ်ရာ၌ အသုံးပြုသော သင်္ချာဇယားများ ဆုံးရှုံးခဲ့ကြောင်း ပြောကြားသည်။ ထိုပျောက်ဆုံးခဲ့သော လက်တော့ကွန်ပျူတာမှာ ၂၀၀၉ ခုနှစ် ဧပြီလမှ ၂၀၁၁ ခုနှစ် ဧပြီလအတွင်း ခိုးယူခံခဲ့ရသည့် မှတ်စုစာအုပ် ကွန်ပျူတာ (၄၈) ခုအနက် တစ်ခုဖြစ်သည်။

Ref;CNN

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account