Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, June 4, 2012

iPhone 5 ဖြစ်နိုင်ဖွယ်ရှိသော ဓာတ်ပုံထွက်ပေါ်လာ


Photo
အင်တာနက်တွင် ပေါက်ကြား ထွက်ပေါ်လာသည့် ဓာတ်ပုံက Apple ၏ အသစ်ထုတ်လုပ်မည့် iPhone မော်ဒယ်လ်ဟု ယူဆစရာ ဖြစ်လာကြောင်း  သိရှိရသည်။
လက်ရှိ တရားဝင် ရောင်းချထားသော iPhone 4S ၏ နောက်ထပ်မျိုးဆက်ဖြစ်သော iPhone 5 ဟု ယေဘုယျ ခေါ်ဝေါ်နေသော စမတ်ဖုန်းနှင့် စပ်လျဉ်းပြီး Apple က မည်သည့် ကြေညာချက်မျှ မထုတ်ပြန်သေးချေ။ သို့သော်လည်း Apple ကုမ္ပဏီ သတင်းများကို ဖော်ပြလေ့ရှိသော 9to5Mac ဝက်ဘ်ဆိုက်တွင် ထွက်ပေါ်လာသည့် ဓာတ်ပုံပါ မိုဘိုင်းလ်ဖုန်းသာ မျိုးဆက်သစ် iPhone ဖြစ်မည်ဆိုပါက Apple အနေဖြင့် ၎င်းတို့၏ ဖုန်း၏ Screen အရွယ်အစားကို တိုးမြှင့်ရန် ဆုံးဖြတ်လိုက်ခြင်းဟု ယူဆရမည် ဖြစ်သည်။ ပြိုင်ဘက်ဖြစ်သော Android OS သုံး ဖုန်းများ၏ Screen အရွယ်အစား ကြီးမားမှုကို iPhone ကလည်း လိုက်လံ ပြိုင်ဆိုင်ရန် တောင်းဆိုမှုများ ယခင်ကတည်းက ရှိနေခဲ့သည်။

Apple သည် ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ ကွန်ဖရင့်ကို ဆန်ဖရန်ဆစ္စကိုတွင် ဇွန်လ (၁၁) ရက်နေ့၌ ကျင်းပရန် ရည်ရွယ်ထားကြောင်းလည်း ခန့်မှန်းသတင်းများ ထွက်ပေါ်နေသည်။ iPhone ကို နှစ်သက် အားပေးသူများက အဆိုပါ ကွန်ဖရင့်တွင် မျိုးဆက်သစ် iPhone စတင်ရောင်းချမည့်နေ့ကို ကြေညာရန် မျှော်လင့်လျှက် ရှိကြသည်။ လေ့လာသူများက iPhone အသစ်တွင် Screen အရွယ်အစားသည် အနည်းဆုံး (၄) လက်မထိ ကျယ်ဝန်းပြီး Resolution အနေဖြင့် 1136x640 ထိ ထောက်ပံ့ပေးနိုင်မည်ဟု မှတ်ချက်ပြု ပြောဆိုထားကြသည်။ 9to5Mac ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ဓာတ်ပုံအရမူ Apple သည် စမတ်ဖုန်းအသစ်တွင် ဒီဇိုင်းပိုင်း လုံးဝခွဲထွက် ပြောင်းလဲထားသည်ဟု ယူဆရမည် ဖြစ်သည်။ Apple သည် iPhone 4S ကို အောက်တိုဘာလ (၁၄) ရက်နေ့က စတင်ရောင်းချခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့သော်လည်း ယခုအခါ ဈေးကွက်အတွင်း Samsung ၏ Galaxy S3 ကဲ့သို့ စမတ်ဖုန်းများ၏ အားပြိုင်လာမှုကြောင့် မျိုးဆက်သစ် iPhone ကို အစောတလျှင် မိတ်ဆက် ရောင်းချလာနိုင်ကြောင်း သိရှိရသည်။

Source: DailyMail

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account