Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, June 5, 2012

တန်ဖိုးနည်း ဂျီအက်စ်အမ်ဖုန်း အသုံးပြုသူများ ဒေသတချို့တွင် အဆင်မပြေမှုများရှိ



Photo
တန်ဖိုးနည်း ဂျီအက်စ်အမ်ဖုန်း အသုံးပြုသူများ ဒေသတချို့တွင် အဆင်မပြေမှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ အဆိုပါ တန်ဖိုးနည်း ဂျီအက်စ်အမ်ဖုန်းများကို ပြီးခဲ့သည့် မတ်လပိုင်းကစတင်ပြီး ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးမှလွဲ၍ ကျန်တိုင်းဒေသကြီးများသို့ ချပေးခဲ့သည်။
မကွေးတိုင်းဒေသကြီးတွင် လိုင်းဆွဲအားနှေးကွေးမှု ရှိနေပြီး အဆင်မပြေမှုများ ဖြစ်နေကြောင်း ဖုန်းအရောင်းကိုယ်စားလှယ် တချို့၏ ပြောပြချက်အရ သိရသည်။ ယင်းမကွေးတိုင်း ဒေသကြီးအတွင်း ဖုန်းလိုင်းမိသော်လည်း ဖုန်းခေါ်ဆိုလို့ မရခြင်း၊ ဖုန်းငွေဖြည့်ကတ် ထည့်တဲ့အခါ ကတ်အသစ်တွေမှာ ရှိသည့် ငွေတွေ အလွန်အကျွံ လျော့နည်းသွားခြင်းများ ဖြစ်ပေါ်နေသည်ဟု ဆိုသည်။ ယခုလို ဖြစ်ပေါ်ရာမှာ ငွေဖြည့်ကတ်ထည့်ပြီး ပြန်စစ်ကြည့်တဲ့အခါ ဖုန်းထဲမှာ ငွေမရှိတော့တဲ့အထိ ပြဿနာတွေ အဖြစ်များနေတာကိုလည်း တွေ့ရကြောင်းနှင့် အခြားတိုင်းဒေသကြီးများသို့ သယ်ဆောင်သွားရာတွင်လည်း အခက်အခဲများရှိကြောင်း ဖုန်းဆိုင်တချို့၏ ပြောပြချက်အရ သိရသည်။ အဆိုပါ ဂျီအက်စ်အမ် တန်ဖိုးနည်း ဖုန်းများကို ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတွေမှာ ဧပြီလပိုင်းမှ စတင်ချပေးခဲ့ကြောင်း သိရသည်။
 
နေဝန်းသစ်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account