Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, June 5, 2012

CDMA 800 ဖုန်းများ အင်တာနက် သုံးစွဲနိုင်တော့မည်



Photo
ဖုန်းများ စက်မှုပိုင်းဆိုင်ရာ လုပ်ငန်းများ ယခုလ နောက်ဆုံးပိုင်းတွင် ပြီးစီးမည် ဖြစ်သောကြောင့် အင်တာနက် သုံးစွဲနိုင်တော့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။
  “GSM မိုဘိုင်းဖုန်းတွေကိုတော့ လျှောက်ပြီး ၂၄ နာရီအတွင်း လိုင်းပွင့်အောင် ဆောင်ရွက်ပေးနေပါပြီ။ CDMA 800 ဖုန်းကို စက်မှုပိုင်း ဆောင်ရွက်မှုက ဒီလ နောက်ဆုံးပတ်မှာ ပြီးရင် အသုံးပြုနိုင်မှာပါ။ ဘယ်ရက်ပြီးမယ် ဆိုတာကတော့ ပြောလို့မရသေးပါဘူး” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

GSM မိုဘိုင်းဖုန်းဖြင့် အင်တာနက် ချိတ်ဆက် သုံးစွဲခွင့်ရရန် လျှောက်လွှာတင်သူများအား လျှောက်လွှာတင်သည့်နေ့ ညနေပိုင်းမှစ၍ အင်တာနက်လိုင်းဖွင့်ရန် ကြိုးစား ဆောင်ရွက်ပေးရကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အင်တာနက်လိုင်း မဖွင့်သေးပါက အလွန်ဆုံး နောက်တစ်နေ့ ၂၄ နာရီအတွင်း လိုင်းဖွင့်ရန် စီစဉ်ပေးနေကြောင်း ဦးသိန်းဝင်းက ဆက်လက်ပြောသည်။ “GSM မှာတော့ အင်တာနက် သုံးလို့ရပြီ၊ CDMA 800 ဒီလကုန်လောက် ရမယ်ဆိုတော့ အင်တာနက်သုံးသူတွေ အဆင်ပြေတာပေါ့။ ဒါပေမဲ့ နိုင်ငံတကာ ဖုန်းဆက်တာနဲ့ အင်တာနက် အလကားသုံးနိုင်အောင်လို့ စီစဉ်ဖို့လိုသေးတယ်” ဟု တောင်ဥက္ကလာပမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။ ယခုအခါတွင် ရန်ကုန်မြို့ငါးနေရာတွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက် ချိတ်ဆက်ရေးကိစ္စကို စီစဉ်ပေးခဲ့သော်လည်း ရန်ကုန်မြို့၌ မိုဘိုင်းသုံးစွဲလိုသူ များပြားလာမှုကြောင့် နေရာအသစ်ခြောက်နေရာ ဖြစ်သည့် ရန်ကုန်တက္ကသိုလ်စာတိုက်၊ အင်းစိန်စာတိုက်၊ ဗိုလ်တထောင်စာတိုက်၊ ရန်ကင်းစာတိုက်၊ မရမ်းကုန်းစာတိုက်နှင့် ဒဂုံမြောက်စာတိုက်တို့တွင် တိုးချဲ့၍ ဝန်ဆောင်မှု ပေးနေကြောင်း သိရသည်။

ထူးနိုင်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account