Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, June 20, 2012

တစ်မိနစ်လျှင် ၁၀၀ ကျပ်ဖြင့် Call Center မှ နံပါတ်သစ်နှင့် ၀န်ဆောင်မှု ပေးမည်

လက်ရှိ ပြည်တွင်းမှာ သိလိုသမျှကို ဖြေကြား ပေးနေတဲ့ Call Center ဟာ အခုအခါ နံပါတ် အသစ်နဲ့ ၀န်ဆောင်မှု အသစ်တွေကို တစ်မိနစ် ၁၀၀ ကျပ်နဲ့
ပြည့်ပြည့်စုံစုံ ဖြေကြား ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ Call Center ရဲ့ ၀န်ဆောင်မှု အသစ် မိတ်ဆက်မှု ကိုတော့ ဇွန်လ ၁၅ ရက်နေ့က ဆာကူရာတာဝါမှာ ပြုလုပ်ခဲ့ ပါတယ်။ အဲ့ဒီ မိတ်ဆက်မှု အရ ၀န်ဆောင်မှု အသစ်မှာ ကဏ္ဍ ၄ ရပ် ပါဝင် မှာဖြစ်ပြီး အဲ့ဒီ ဖုန်းနံပါတ် မေးမြန်းသူ အားလုံးဟာ ဖုန်းဘီလ် အပြင် ၀န်ဆောင်ခ အဖြစ် တစ်မိနစ်ကို ၁၀၀ ကျပ် ထပ်မံ ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ၀န်ဆောင်မှု အသစ်အတွက် မေးမြန်း လိုရင်တော့ နံပါတ် ၁၈၇၅ ကိုခေါ်ဆိုပြီး မေးမြန်း နိုင်တာ ဖြစ်ပါတယ်။ အဆိုပါ နံပါတ်သစ် ကနေ မေးမြန်း နိုင်တဲ့ ကဏ္ဍတွေက ကျန်းမာရေး ၀န်ဆောင်မှုများ၊ ဟိုတယ် ၀န်ဆောင်မှုများ၊ အလုပ်အကိုင် ရှာဖွေပေးတဲ့ ၀န်ဆာင်မှုများနဲ့ ဗေဒင် ၀န်ဆောင်မှုများ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ ၀န်ဆောင်မှု တွေကို Call Center မှ ၂၄ နာရီ ၀န်ဆောင်မှု ပေးသွား မှာဖြစ်ပြီး အလုပ်သမား အလိုရှိတဲ့ ကုမ္ပဏီတွေ အနေနဲ့လည်း မေးမြန်း နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံခြား ဖုန်းခေါ်ဆိုမှု ကိုလည်း အင်တာနက်ဆိုင် သွားစရာ မလိုဘဲ ရရှိနိုင်အောင် y-talk Calling စနစ်နဲ့ နည်းပညာ ပေါင်းစပ် ပြုလုပ်သွားဖို့ ရှိတာလည်း ဖြစ်ပါတယ်။ အခုလို ခေါ်ဆိုမှုတွေ အတွက် လာမယ့် ဇူလိုင်လ အတွင်း အကောင်အထည် ဖော်သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account