Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, June 21, 2012

လွှတ်တော်တွင် e-Library ထားရှိမည်

နေပြည်တော် လွှတ်တော်တွင်း လွှတ်တော် စာကြည့်တိုက်တွင် e-Library ထားရှိသွားမည် ဖြစ်ပြီး  အဆိုပါ e-Library ထားရှိရန်အတွက် လုပ်ငန်း လုပ်ကိုင်လိုသော ကုမ္ပဏီများကို အိတ်ဖွင့်တင်ဒါ ခေါ်ယူထားကြောင်း သိရသည်။
ယင်းစာကြည့်တိုက် e-Library တွင် လွှတ်တော် ကိုယ်စားလှယ်များ ဖတ်ရှုနိုင်ရန် e-Book များ၊ e-Journal များ ထားရှိပေးမည် ဖြစ်ပြီး ယင်း e-Library ဆောင်ရွက်ရန်အတွက် လိုအပ်သော ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်း ပမာဏအလိုက် ခန့်မှန်း ကုန်ကျငွေစာရင်းကို အိတ်ဖွင့်တင်ဒါတွင် ထည့်သွင်း ဖော်ပြပြီး အိတ်ဖွင့်တင်ဒါကို နေပြည်တော် လွှတ်တော်ရုံး၊ ရုံးအမှတ် ၂၀ သို့ ပေးပို့ရမည် ဖြစ်သည်။ ယင်းအိတ်ဖွင့်တင်ဒါကို ယခုလ ၁၉ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည် ဖြစ်ပြီး ပေးပို့လိုသူများ အနေဖြင့် ညွှန်ကြားရေးမှူးချုပ်၊ လွှတ်တော်ရုံးသို့ ပေးပို့ရမည် ဖြစ်သည်။ ယင်း e-Library တွင် ကွန်ပျူတာအလုံးရေ ၄၀ ထားရှိမည် ဖြစ်ပြီး ယင်းကွန်ပျူတာများကို ဆာဗာနှင့် ချိတ်ဆက်ပေးမည် ဖြစ်သည်ဟု သိရသည်။ ယင်းအပြင် နိုင်ငံတကာအဆင့်မီ Library Automation Software နှင့် Library Portal ကိုလည်း တွဲဖက် ထူထောင်မည် ဖြစ်သည်ဟု သိရသည်။ ယင်း e-Library တည်ထောင်ရန်အတွက် လွှတ်တော်ရုံးမှ အိတ်ဖွင့်တင်ဒါ ခေါ်ယူထားပြီး လုပ်ကိုင်လိုသော ကုမ္ပဏီများ၊ အသင်းအဖွဲ့များအနေဖြင့် အိတ်ဖွင့်တင်ဒါကို နေပြည်တော်သို့ ပေးပို့ရမည် ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက နေပြည်တော်၊ လွှတ်တော်ရုံး၊ ရုံးအမှတ်-၂၀၊ ဖုန်း-၀၆၇၄၀၉၀၇၅ နှင့် ၀၆၇၄၀၉၄၂၃ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

တင်ဇာအောင်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account