Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, June 21, 2012

Tablet New iPad ကို ယှဉ်ပြိုင်မည့် Samsung Galaxy Tab2 ရန်ကုန် ဈေးကွက်သို့ စတင် ဝင်ရောက်လာ

Apple မှ နောက်ဆုံးထုတ် နည်းပညာသစ် New iPad အား ယှဉ်ပြိုင်ရန်အတွက် Samsung မှ ထုတ်လုပ်လိုက်သော Galaxy Tab 2 ရန်ကုန် ဈေးကွက်သို့ စတင် ရောက်ရှိလာပြီ ဖြစ်ကြောင်း  သိရသည်။
New iPad ထက် သာလွန်သော  Samsung Galaxy Tab 2 ၏ အဓိကအချက်မှာ ဈေးနှုန်း ချိုသာစွာဖြင့် Function များများ သုံးနိုင်မည်ဖြစ်ပြီး ဖုန်းပြောနိုင်သည့် ဖြစ်သောကြောင့် ဖျော်ဖြေရေးသာမက ဆက်သွယ်ရေးအတွက်ပါ အဆင်ပြေနိုင်မည် ဖြစ်ပါသည်။

OS အနေဖြင့် Android 4.0 (Ice Cream Sandwich) ကို အသုံးပြုထားပြီး Processor အနေဖြင့် dual-core 1GHz ပါရှိမည် ဖြစ်သည်။ ရှေ့ဘက်နှင့် အနောက်ဘက် ကင်မရာပါရှိပြီး 2 Megapixel ကင်မရာ ဖြစ်သောကြောင့် tablet  များအတွင်း အတော်အသင့် ကောင်းမွန်သော ကင်မရာဟု သတ်မှတ်နိုင်မည် ဖြစ်ပါသည်။

Bluetooth, USB 2.0 Host, Wi-Fi ပါရှိပြီး built-in-memory 8GB, 16GB, 32GB အတွင်း မိမိနှစ်သက်ရာ ရွေးချယ် ဝယ်ယူနိုင်မည့်အပြင် micro SD 32 GB အထိ ထပ်မံ ရွေးချယ်ဝယ်ယူနိုင်မည့်အပြင် micro SD 32GB အထိ ထပ်မံ တိုးချဲ့နိုင်ကြောင်း သိရသည်။ ယခုဈေးကွက်တွင် 16GB ကို အဖြူရောင်၊ 8GB ကို အဖြူနှင့် အနက်ရောင် ရွေးချယ်ဝယ်ယူနိုင်ပြီး 16GB tablet တစ်လုံး၏ ဈေးနှုန်းမှာ ၃၇၅,၀၀၀ ဝန်းကျင်ခန့်သာ ရှိသောကြောင့် နည်းပညာပစ္စည်း အသစ်အဆန်းကို ဈေးနှုန်း ချိုသာစွာ ဝယ်ယူအသုံးပြုလိုသူများ အနေဖြင့် Samsung Galaxy Tab2 များအား အမှတ် (၄၁-၄၅)၊ လှည်းတန်းလမ်း၊ လမ်းမတော်မြို့နယ်ရှိ I.C.E Computer Center တွင် ရရှိနိုင်ပြီ ဖြစ်ကြောင်း သိရှိရပါသည်။

မေမြသူ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account