Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, June 21, 2012

ကမ္ဘာ့အပါးလွှာဆုံး Dell XPS 13 Laptop မြန်မာပြည် ဈေးကွက်အတွင်း ရောက်ရှိ

Dell အမှတ်တံဆိပ် နည်းပညာ ပစ္စည်းများကို မြန်မာပြည် တရားဝင် ကိုယ်စားလှယ်အဖြစ် တာဝန်ယူ ဖြန့်ချိ ပေးလျှက်ရှိသော Myanmar Dragon Power Int'l Trade Co.,Ltd မှ  ကမ္ဘာ့အပါးလွှာဆုံး Dell XPS 13 Laptop ကို မြန်မာနိုင်ငံ ဈေးကွက်သို့  စတင် ဖြန့်ချိလျှက် ရှိကြောင်း သိရသည်။
အဆိုပါ XPS 13 Laptop သည် သေးငယ်၍ သယ်ဆောင်ရ လွယ်ကူသော ဒီဇိုင်း၊ 2.99Ibs သာ ရှိသော ပေါ့ပါးသည့် အလေးချိန်၊  Boot တက်ချိန်လျှင် မြန်ပြီး အသုံးပြုခဲ့သည့် နေရာသို့ အဆင်သင့် ပြန်လည် ရောက်ရှိနိုင်မည် Intel Smart Connect Technology တို့ကြောင့် ကမ္ဘာတစ်ဝှမ်းတွင် နာမည်ကျော် လူကြိုက်များခဲ့သည်။ Laptop ကိုယ်ထည်တစ်ခုလုံးကို Fiber ဖြင့် ပြုလုပ်ထားသောကြောင့် မတော်တဆ လွတ်ကျခဲ့ပါကလည်း စက်ပစ္စည်းများ ထိခိုက်မှု မရှိနိုင်ဟု သိရသည်။ XPS 13 model တွင် Intel Core i5 processor အသုံးပြု Laptop နှစ်မျိုးအတွင်း ရွေးချယ် အသုံးပြုနိုင်ပြီး USB Ports အနေဖြင့် 3 Ports ပါဝင်မည် ဖြစ်ပါသည်။ ထို့အပြင် Dell ပစ္စည်းများအတွက် ပုံမှန် အာမခံသက်တမ်း ၁ နှစ်အပြင် ၃ နှစ် ထပ်မံ တိုးပေးမည် ဖြစ်သောကြောင့် အကြမ်းခံ၍ အရည်အသွေး စိတ်ချ ယုံကြည်နိုင်သည့် Dell ပစ္စည်းများအကြောင်း စိတ်ဝင်စား၍ အသေးစိတ် ထပ်မံ သိရှိလိုပါက ဖုန်း-၀၁-၅၅၆၁၁၈၊ ၀၁-၈၆၀၃၂၇၂ သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရပါသည်။

မေမြသူ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account