Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, June 21, 2012

ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာ ဖြစ်လာသည့် IBM ကွန်ပျူတာ




Photo
ကမ္ဘာပေါ်တွင် မြန်နှုန်းအမြင့်မားဆုံး စူပါကွန်ပျူတာများ အပြိုင်အဆိုင် တည်ဆောက်နေမှုတွင် အမေရိကန်က တစ်ကျော့ပြန် ဦးဆောင်လာပြီ  ဖြစ်သည်။
IBM ကုမ္ပဏီ၏ ကွန်ပျူတာဖြစ်သော Sequoia သည် ဂျပန်မှ K Machine ကို ပြန်လည်ကျော်ဖြတ် အနိုင်ယူခဲ့ကြောင်း သတင်းများက ဆိုသည်။ Sequoia သည် K Machine ထက် မြန်နှုန်း (၁.၅၅) ဆပိုပြီး စွမ်းအင်သုံးစွဲမှု (၁၅) ရာခိုင်နှုန်း ပိုမိုနည်းပါးကြောင်း သိရသည်။ ယခုကွန်ပျူတာကို နျူကလီးယားသိပ္ပံ ဘာသာရပ်တွေ လေ့လာရေးအတွက် ရည်ရွယ် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ယခုကွန်ပျူတာ၏ စွမ်းဆောင်ရည်သည် ကမ္ဘာပေါ်တွင် ရှိသမျှ လူသားအားလုံး မရပ်မနားဘဲ နှစ်ပေါင်း (၃၂၀) ကြာ လုပ်ရမည့် အလုပ်ကို တစ်နာရီနှင့် အပြီး ဖြေရှင်းနိုင်မည်ဟု သတင်းများက ဖော်ပြသွားသည်။

Fujitsu ကုမ္ပဏီက ထုတ်လုပ်သော K Machine သည် ယခုအခါ ဒုတိယ နေရာသို့ ပြန်ဆင်းပေးလိုက်ရသည်။ Sequoia သည် လတ်တလောတွင် ကယ်လီဖိုးနီယားရှိ အမေရိကန် စွမ်းအင်ဝန်ကြီးဌာနပိုင် လောရင့်စ်လစ်ဗာမောရ် အမျိုးသား သုတေသနဌာနတွင် တပ်ဆင်ထားသည်။ Sequoia သည် (၁၉၉၉) ခုနှစ်က တည်ဆောက်ခဲ့သည့် CM-5/1024 အမျိုးအစား စူပါ ကွန်ပျူတာထက် မြန်နှုန်း (၂၇၃,၉၃၀) ဆ ပိုမိုမြင့်မားကြောင်း IBM က ဆိုသည်။ Sequoia သည် Processor ပေါင်း (၁.၅) သန်း အသုံးပြု လည်ပတ်နေသည်။ ယနေ့ခေတ် အကောင်းဆုံး အိမ်သုံးကွန်ပျူတာ တစ်လုံးတွင် Quad-Core အမျိုးအစား Processor များကို သုံးစွဲနေရာ Processor (၄) လုံးသာ ပါရှိသည်။

အမျိုးသား နျူကလီးယား လုံခြုံရေး စီမံရေးရာဌာနမှ သောမတ်စ်ဒီအဂေါ့စတီနိုက "Sequoia က အမြန်ဆုံးကွန်ပျူတာ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒီကွန်ပျူတာက နိုင်ငံရဲ့ နျူကလီးယား လေ့လာမှုစွမ်းရည် ကဏ္ဍအတွက် ယုံကြည်မှုတိုးစေမှာ ဖြစ်သလို အမေရိကန် ပြည်ထောင်စုရဲ့ ကွန်ပျူတာ စွမ်းရည်ပိုင်းမှာ ဦးဆောင်ဦးရွက် အနေအထားကို ခိုင်မာစေပါလိမ့်မယ်" ဟုဆိုသည်။ K Machine ကွန်ပျူတာသည် လျှပ်စစ်သုံးစွဲမှု (၁၂.၆) မဂ္ဂါဝပ် ကုန်ကျပြီး IBM ၏ ကွန်ပျူတာကမူ (၇.၉) မဂ္ဂါဝပ်သာ ကုန်ကျကြောင်းလည်း သိရသည်။ ကမ္ဘာပေါ်တွင် တရုတ်နှင့် ဂျပန်နိုင်ငံများတွင် စူပါကွန်ပျူတာ နှစ်လုံးစီ၊ ဂျာမနီ၊ ပြင်သစ်နှင့် အီတလီတို့တွင် တစ်လုံးစီရှိသည်။ IBM သည် ကမ္ဘာပေါ်တွင် မြန်နှုန်းအမြင့်ဆုံး စူပါကွန်ပျူတာ (၁၀) လုံးတွင် (၅) လုံးကို တာဝန်ယူ တည်ဆောက်ထားကြောင်းလည်း သိရှိရသည်။

Source: DailyMail

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account