Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, June 19, 2012

ငွေပြန်လည် ဖြည့်သွင်းနိုင်မည့် Reloadable Virtual Visa Card ပြည်တွင်း၌ အသုံးပြုနိုင်ပြီ

Photo
အင်တာနက်ပေါ်ရှိ Visa Card ဖြင့် ငွေပေးချေမှု လက်ခံသော ဝက်ဘ်ဆိုက်များတွင် ငွေပေးချေနိုင်ရန်အတွက် ဆောင်ရွက်ထားသည့် Reloadable Virtual Visa Card များ ပြည်တွင်း၌ စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း  အဆိုပါ ဆောင်ရွက်ချက်ကို အကောင်အထည်ဖော်သည့် Shwe Money မှတာဝန်ရှိသူက ပြောသည်။ ၎င်းဆောင်ရွက်ချက်ကို www.shwemoney.com မှတစ်ဆင့် မှတ်ပုံတင်ကာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ Shwe Money Virtual Visa Card မှာ Debit Visa Card အမျိုးအစားဖြစ်ပြီး ၎င်းကတ်အတွင်းသို့ အသုံးပြုလိုသည့် ငွေပမာဏအား ကြိုတင် ထည့်ပေးထားရန် လိုအပ်ကြောင်း မြန်မာကျပ်ငွေမှ အမေရိကန်ဒေါ်လာဖြင့် အကြိမ်ရေ အကန့်အသတ်မရှိ အလွယ်တကူ ဖြည့်သွင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။ လက်ရှိ ပြည်တွင်း၌ Virtual Visa Card အမျိုးအစားအချို့ကို ရောင်းချလျက် ရှိသော်လည်း Shwe Money မှာ Reloadable ဖြစ်၍ အကြိမ်ကြိမ် ငွေဖြည့်သွင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

“ပထမတစ်ကြိမ် Virtual Visa Card လျှောက်ပြီးတာနဲ့ နောက်ထပ်အကြိမ်ကြိမ် ထပ်မံဖြည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၀ ကနေ အများဆုံး တစ်ထောင်အထိ ဖြည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ တစ်ထောင်ကို အများဆုံး သတ်မှတ်ထားပေမယ့် တစ်ထောင်ထက်ပိုပြီး ဖြည့်သွင်းချင်တဲ့ လူတွေအနေနဲ့ Shwe Money ကို အကြောင်းကြားရမှာ ဖြစ်ပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။ အင်တာနက်ပေါ်ရှိ Visa Card Payment လက်ခံသော မည်သည့် ဝက်ဘ်ဆိုက်တွင်မဆို ဈေးဝယ်ယူခြင်း၊ ငွေပေးချေခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကတ်၏သက်တမ်းမှာ ပုံမှန်အားဖြင့် တစ်နှစ်ဖြစ်ကြောင်း၊ သက်တမ်းကုန်ဆုံးပါက နောက်ထပ်ငါးကြိမ်အထိ ထပ်မံသက်တမ်း တိုးနိုင်ကြောင်း သိရသည်။

ထွန်းထွန်း
Internet Journal, Vol (13) Issue (23)

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account