Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, June 19, 2012

အိန္ဒိယပြည်နယ်တစ်ခုမှာ လျှပ်စစ်ဓာတ်အားကို စပါးခွံမှ ထုတ်လုပ်ပေး


Photo


ဇွန်လ (၁၈) ရက်။    ။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဉ္စမမြောက် လျပ်စစ်ဓာတ်အား အများဆုံး ထုတ်လုပ်နိုင်တဲ့  နိုင်ငံဖြစ်ပေမယ့် အိန္ဒိယနိုင်ငံထဲက လူဦးရေ သန်း ၄၀၀ ကျော်ဟာ လျပ်စစ်ဓာတ်အား သုံးစွဲခွင့် မရကြပဲ ရှိနေတယ်လို့ ဇွန်လ ၁၇ ရက် တနင်္ဂနွေနေ့က အယ်ဂျာဇီးယား သတင်းမှာ ဖေါ်ပြထားပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့ဘက်က ပြည်နယ်တစ်ခုဖြစ်တဲ့ ဘီဟာပြည်နယ်မှာ လူဦးရေ သန်းပေါင်း ၈၀ ခန့်ကို လျပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခြင်း မရှိသေး၍ အိမ်ပေါင်း ၄၀၀ ကျော်ဟာ စပါးခွံမှ လျပ်စစ်ဓာတ်အား ထုတ်ယူပြီး သုံးစွဲနေကြရတယ်လို့ ဆိုပါတယ်။ အဆိုပါ တီထွင်အသုံးပြုတဲ့ နည်းပညာကတော့ စပါးခွံများကို မီးရှို့ရာမှ ပေါ်ထွက်လာတဲ့ စွမ်းအင်နဲ့ တာဘိုင်စက်များကို လည်ပတ်စေပြီး လျပ်စစ်စွမ်းအင်ကို ထုတ်လုပ်ကြခြင်း ဖြစ်တယ်လို့ ပြောပါတယ်။ စပါးခွံမှ ထုတ်လုပ်တဲ့ လျပ်စစ်စွမ်းအင်ဟာ ဈေးသက်သာပြီး တစ်အိမ်ထောင်လျင် တစ်လကို အမေရိကန်ဒေါ်လာ ၃ ဒေါ်လာသာ ပေးဆောင်ရတဲ့အတွက် အစိုးရမှ ရောင်းချတဲ့ လျပ်စစ်ဓာတ်အားခထက် ၄ ပုံ တစ်ပုံသက်သာမှု ရှိတယ်လို့ ဖေါ်ပြထားပါတယ်။
ရတနာပုံဘာသာပြန်သတင်း
Ref: အယ်ဂျာဇီးယား

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account