Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, June 18, 2012

စီဒီအမ်အေ ၈၀၀ နှင့် ၄၅၀ ဖုန်းများတွင် My Ring Tune စနစ် သုံးနိုင်မည်

ယခင်က ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟာ့ဇ်နှင့် စီဒီအမ်အေ ၄၅၀ မဂ္ဂါဟာ့ဇ် မိုဘိုင်းဖုန်းများတွင် My Ring Tune စနစ်ကို ယခုလမကုန်မီ ထည့်သွင်း အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း  အဆိုပါစနစ်ကို ရောင်းချနေသည့် ဖော်ကျွန်းအင်တာနေရှင်နယ် ကုမ္ပဏီမှ သိရသည်။
My Ring Tune သည် မိမိဖုန်းကို အခြားသူတစ်ဦးမှ ခေါ်ဆိုသည့်အခါ ယခင်ဖုန်းခေါ်လျှင် မြည်သည့် အော်တိုသံနေရာတွင် မိမိ ထည့်သွင်းထားသည့် သီချင်းသံကို ကြားနေရမည့် စနစ်တစ်ခု ဖြစ်သည်။ မိမိကြိုက်နှစ်သက်သည့် သီချင်းကို ရွေးချယ်ထည့်သွင်းနိုင်ပြီး သီချင်းတစ်ပုဒ်လျှင် နှစ်ထောင်နှင့် လစဉ်ဝန်ဆောင်မှုမှာ ကျပ်သုံးထောင် ဖြစ်သည်။ ယခင်က ကျပ်တစ်ဆယ့်ငါးသိန်းတန် ဂျီအက်စ်အမ်နှင့် ငါးသိန်းတန် ဂျီအက်စ်အမ် ဖုန်းများတွင်သာ ဝန်ဆောင်မှုပေးခဲ့သော My Ring Tune စနစ်ကို စီဒီအမ်အေ ၈၀၀ မဂါဟာ့ဇ်ဖုန်းများအတွက် ရောင်းချပေးပြီး မကြာမီမှာပင် ကျန်တန်ဖိုးနည်း ဖုန်းများအတွက် ဆက်လက်ဝန်ဆောင်မှုပေး သွားမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ မိမိ၏ဖုန်းထဲသို့ ထည့်သွင်းနိုင်သည့် My Ring Tune စနစ်သည် ဂီတအစည်းအရုံးမှ ခွင့်ပြုထားသည့် သီချင်းများကိုသာ ထည့်သွင်း အသုံးပြုနိုင်မည်ဟုလည်း ဖော်ကျွန်းအင်တာနေရှင်နယ် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ မြန်မာ့ဆက်သွယ်ရေးနှင့် အဆိုပါ ကုမ္ပဏီတို့သည့် ယင်းဝန်ဆောင်မှုကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က စတင်ကာ ရောင်းချခဲ့ခြင်း ဖြစ်သော်လည်း သုံးစွဲမှုနှုန်းမှာမူ   ပြည်တွင်းမိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက်နှင့် နှိုင်းယှဉ်လျှင် လွန်စွာ နည်းပါးနေသေးကြောင်းလည်း စုံစမ်းသိရသည်။

ယုဇနကိုကို

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account